Sep 24, 2009
စွန်းထင်းမှု (၆/၇/၈/၉/၁၀)
ကျနော်နေရာ ကယ်လီဖိုးနီးယားကနေ နောက် ပြည်နယ်တခုကို ပြောင်းပါတော့မယ်။ သည်တော့ နောက်ရက်တွေမှာ အွန်လိုင်း လာဖြစ်နိုင်တော့မယ် မထင်ဘူး။ ဒါကြောင့်မို့ ကျနော့်ရဲ့ စွန်းထင်းမှုတွေကို တနေ့ တခု မတင်နိုင်တော့ဘူး။ ခုတော့ ရေးပြီးသမျှကို တပတ်စာ တင်လိုက်ပါတယ်။ အဆင်ပြေသလိုလည်း ဆက်ပြီး တင်သွားပေးပါ့မယ်။ လောလောဆယ်တော့ ညီအကို မောင်နှမတွေနဲ့ တပတ် ၂ ပတ်တော့ ဝေးနေပါဦးမယ်။ အားလုံးပဲ အစစ အရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်းပါတယ်။
စွန်းထင်းမှု (၆)
“အရောင်”
အမျိုးမျိုးပါပဲ...
အစိမ်း၊ အ၀ါ၊ အပြာ။
မီးပွုင့်မှာ ကားတွေကို ရပ်စေတာ
အနီ...
ငါ့ နှလုံးသွေးတွေ
အေးခဲရပ်တန့်သွားစေအောင်တော့
မီးခိုးရောင် အစက်ကလေးကပဲ တတ်နိုင်မယ်...
စွန်းထင်းမှု (၇)
“အိပ်မက်”
လိုချင်တာတွေအကုန်လုံး
သိမ်းကျုံးသယ်ယူချလာတယ်...
နိုးထလာတော့
မျက်လှည့်ပြလိုက်သလို
အားလုံးကို ဖျောက်ချပစ်လိုက်တော့တယ်...
စွန်းထင်းမှု (၈)
“အချစ်”
ရှားပါးလွန်းတယ်...
ဘုရားကို လိုက်ရှာရသလိုပဲ...
နေညိုချိန်မှာတော့
ဘွား ကနဲ ပေါ်လာတယ်...
ပြီးတော့လည်း
ငါ လက်မလှမ်းနိုင်တဲ့ နေရာက
ငါ့ကို ပြုံးပြနေရော...
စွန်းထင်းမှု (၉)
“ညီမလေး”
ငါ့ နှလုံးသားထဲ
ဝင်ပုန်းနေသူ...
ငါ့ ဂစ်တာကြိုး ၆ ချောင်းကို
ကောင်းကောင်း တုန်ခါစေသူ...
ငါ့ ကဗျာတွေကို
နေထွက် နေ၀င်စေသူ...
အမေ မမွေးခဲ့သော
ငါ့ရဲ့ နှမလေး...
စွန်းထင်းမှု (၁၀)
“ကား”
မောင်းချင်တဲ့သူ တက်မောင်း...
စက်ကောင်းနေသမျှ
ချောင်းတောင် ဆိုးမပြဘူး...
ဒရိုင်ဘာလိုင်စင်လည်း
ဘယ်သောအခါမှ တောင်း မကြည့်ဘူး...
ATN
28 comments:
  1. ဦးလေးကြီးရေ ငြိမ်းချမ်းပါစေနော်.
    ကဗျာလေးတွေ တစ်ဝကြီးဖတ်သွားတယ်
    ReplyDelete
  2. စွန်းထင်းမှု (၆/၇/၈/၉/၁၀) တွေကိုတဝကြီးဖတ်သွားပါကြောင်း
    ပြန်လာပြီး အသစ်ရေးမဲ့နေ့မျှော်နေပါမည်။
    ReplyDelete
  3. ဟီဟီ မရစဖူး ဒီတစ်ခါ တစ်ဖြစ်ပါပေါ့လား ဟေးဟေး နမိတ်ကောင်းတဲ့ လက္ခဏာပဲ ခရီးမသွားခင်လေး လာပြေးဖတ်တာ ဦးလေးကြီးရေ တူမကြီးလည်း သုံးရက်ခရီးသွားမယ်..နေရာသစ်မှာ ပျော်ရွှင်ပါစေနော်
    ReplyDelete
  4. မိုက်တယ်ဗျာ...အကို...အဆင်ပြေပါစေဗျာ
    ReplyDelete
  5. အကိုကြီးရေ အိမ်သစ်ယာသစ် မှာ အစစ အရာရာ အဆင်ပြေချောမွေ့ပါစေ အကိုကြီး အွန်လိုင်းပြန်လာမယ့်နေ့ကို မျှော်နေမယ်..။
    ReplyDelete
  6. အစ်ကို ရေ...
    စွန်းထင်းမှုအရောင်အမျိုးမျိုးတွေရဲ့
    ကာလာလေးတွေကို သေချာခွဲပြီး
    ကြည့်သွားတယ်.....
    နှင်း
    ReplyDelete
  7. အကိုရေ
    ပြောင်းတော့မယ်ဆိုတာ ခုမှ သိရတယ်။ အစစ အဆင်ပြေပါစေ အကိုရေ။ ရင်ထဲက လှိုက်လှိုက်လှဲလှဲ တောင်းတဲ့ ဆုပါ။ တောင့်ထားနော်။
    ကဗျာတွေလဲ နားလည်မှု များစွာနဲ့ ဖတ်သွားတယ်။ ညီမလေး ကဗျာတော့ အကြိုက်ဆုံးပဲ။
    ReplyDelete
  8. ကိုအောင်သာငယ်ရဲ့ စွန်းထင်းမှုတွေ အားလုံး ဖတ်သွားပါတယ်။
    အပြောင်းအလဲမှာ အစစအဆင်ပြေပါစေလို့ ဆုတောင်းပါတယ်ရှင်။
    ReplyDelete
  9. စွန်းထင်းမှု ကဗျာလေးတွေ အားလုံးထိတယ် အစ်ကို။ သစ်ပင် နဲ့ ညီမလေးနဲ့ ကား ကိုတော့ အကြိုက်ဆုံး
    ReplyDelete
  10. အိမ်သစ်ပြောင်းတော့မှာလား
    အလုပ်အကိုင်ရော အဆင်ပြေပါစေ ကိုအောင်သာငယ်..
    ရင်ထဲကနေ လှိုက်လှဲစွာ ဆုတောင်းပေးပါတယ်။
    ReplyDelete
  11. အကိုပြောင်းမယ့် နောက်ပြည်နယ်က အလွမ်းပြည်နယ်များ ဖြစ်နေရော့မလား...
    အဲဒါဆို အကိုရေ... အကိုရဲ့  အသည်းကွဲနေတဲ့
    အသည်းကွဲခဲ့တဲ့ ညီတွေ အကိုတွေပါ ခေါ်သွားဦးနော်...
    ညီမလေး ကဗျာ ကို ကြိုက်တယ်...
    အကိုကြီး အစ စ အရာ ရာ အဆင်ပြေ ပါစေ...
    လေးစားချစ်ခင်တဲ့
    ညီမ mie nge
    ReplyDelete
  12. အစစ အဆင်ပြေပါစေ ကိုအောင်သာငယ်တို့ မိသားစုရေ
    ReplyDelete
  13. နေရာသစ်မှာကိုအောင်သာငယ် တို့မိသားစုအားလုံးအဆင်ပြေပါစေ။
    ReplyDelete
  14. အစစအရာရာ အဆင်ပြေပါစေ..အကိုအောင်သာငယ်ရေ..
    မချိုသင်းပြောသလို..လိုက်ပြောလိုက်တယ်..( တောင့်ထား )
    ReplyDelete
  15. ကိုငယ်ရဲ့ စွန်းထင်းမှု ၅ ၊ ၇ ၊ ၈
    ကိုတော့ အကြိုက်ဆုံးပဲ
    ကိုလူထွေး ရဲ့ လူသား ဆိုတဲ့ ကဗျာ
    လည်း ကြိုက်တယ်
    နေရာသစ်မှာအစစအရာရာ
    အဆင်ပြေပါစေဗျာ
    ခင်မင်လျက်
    ReplyDelete
  16. အပြင်မှာမိုးတွေစွေနေတုန်းပဲလား တောင့်ထား
    ယောက်ကျားဘာသား ။
    ReplyDelete
  17. စွန်းထင်းမှု(၈)
    သဘောတကျဖတ်သွားပါကြောင်း
    ဂျူ
    ReplyDelete
  18. စွန်းထင်းမှုတိုင်းဟာ နှလုံးသားက တိုက်ရိုက်လာတယ်ဆိုတာ လက်ခံပါတယ်အကို...
    နေရာသစ်မှာ
    စိတ်သစ်
    လူသစ်နဲ့
    အနာဂတ်အသစ်ကို
    အကိုတည်ဆောက်မယ်ဆိုတာ
    ကျနော်တို့ ရဲရဲယုံတယ် အကို...
    ကိုဖုန်းမြင့်စကား ယူသုံးရရင်...
    ယောက်ျားဘသား... တောင့်သာထားဗျာ...
    ခင်မင်လေးစားလျှက်
    ReplyDelete
  19. စွန်းထင်းမှုတွေ စုပြီး ဖတ်ရတယ်။ မိသားစု အားလုံး အဆင်ပြေပါစေ... ပြန်လာရင် ရေးစရာ တပုံကြီးနဲ့ ပြန်လာနော် ကို ATN ရေ
    ReplyDelete
  20. ညီအကိုချင်းမို့အထူးတော့မပြောလိုပါဘူး..
    စွန်းထင်းမှုတိုင်းအကို့ကိုပေကျံတာပဲ...
    ReplyDelete
  21. အဆင်ပြေပါစေ ဆုတောင်းပါတယ်။ အားတင်းထား။
    tennessee ဘက်မှာ အလုပ်အဆင်ပြေတယ်ပြောတယ်။
    တခြားမှာထက်စာရင်ပေါ့။
    mm
    ReplyDelete
  22. “အိပ်မက်”
    “အချစ်”
    “ညီမလေး”
    “ကား”
    အဲဒီလေးပုဒ် အတော်မိုက်တယ်ဗျာ..။
    အစ်ကို နေရာသစ်မှာ အစစအရာရာ အဆင်ပြေပါစေ..။
    ReplyDelete
  23. Fighting !!! Fighting!!! Fighting!!!
    ReplyDelete
  24. အစဉ်ပြေပါဖို့ ဆုတောင်းပေးပါတယ်
    မအယ်
    ReplyDelete
  25. အလုပ်တွေ များနေခဲ့ လို့
    မရောက်တာ အတော်ကြာခဲ့ပြီ
    ကဗျာတိုလေး တွေ ကောင်းလိုက်တာ
    နေရာသစ်မှာ အကုန်လုံး အဆင်ပြေ နိုင်ပါစေ
    ကဗျာ အသစ်လေးတွေလဲ ဖတ်ပါရ စေ
    ခင်မင်သော
    ReplyDelete
  26. စွန်းထင်းမှုတွေကို လာခံစားသွားပါတယ်အကို..
    နေရာသစ်မှာ အစစ အဆင်ပြေပါစေ...
    ReplyDelete
  27. ခုနောက်ပိုင်း ..
    အကြောင်းအရာ တခုကိုပဲတည်ပြီး
    ခပ်ရှင်းရှင်းနဲ့ လှတတဲ့ ကဗျာလေးတွေ ရေးလာကြတယ်နော်
    စွန်းထင်းမှု ကို စာအုပ်လေး သပ်သပ်လုပ်ပါလား ..
    အငြိမ့် လိုမျိုးလေ ..
    ReplyDelete
  28. အခု ပစ္စက္ခ အနေမှာ ကား က ရင်ဘတ်ချင်း ထပ်တူကျတယ်။ဘာဖြစ်လို့ဆို အဲဒီ ကား က ကျနော်တို့ကို ဒုက္ခသိပ်ပေးတတ်လို့...။စက်ကောင်းပေမယ့်
    လိုင်စင်ရှိရှိနဲ့ မီးနီဖြတ်မောင်းတတ်တဲ့ကောင်တွေကြောင့်
    ကားဆိုတဲ့အသံထွက်အတိုင်း ကားခနဲကို ခံစားခဲ့ဖူးပြီ။
    အခု ကားစုတ်လေးပဲ စီးနေတယ်။ကိုဆက်အောင်ခိုင်
    လောကဓံကို ဆက်ဆက်အောင်နိုင် ခိုင်မာပါစေ။ကျနော်တို့ပြည်နယ်ပြောင်းခဲ့ပါလား။ဆူရှီရှိတယ်။
    ReplyDelete
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...