Sep 17, 2009

အသည်းကွဲမြို့တော်

ပေါက် ပြောတာနဲ့ ရှာပြီး တင်လိုက်တယ်...
ကိုယ့်ခံစားချက်နဲ့ကလည်း လာတိုက်ဆိုင်နေလို့...

အတူလျှောက်ဖူးတဲ့... လမ်းများ... ပျက်အိုဟောင်း...
အတူကြည်နူးခဲ့... ချစ်ရက်နှောင်း...
အပျော်တွေ... ပြောင်းရွှေ့သွားခဲ့... အတိတ်မြို့ဟောင်း...
အကြင်နာဆုံးကလေး... မင်း... ဘယ်မှာ...
သည်မြို့ထဲ... မင်းကိုယ့်ကို... ချန်ခဲ့ပြီ...
အဆင်တန်ဆာညအတွက်... မင်းအလှ... မရှိ...
မြင်မြင်သမျှက... ကိုယ့်အတွက်... အကျည်းတန်ပြီ...
အကြင်နာ... အားလုံး... ဝေးနေပြီ...
မေရယ်... ကျောခိုင်းဖို့... ဆုံးဖြတ်လို့... မုန်းပြီလား... အချစ်ရဲ့...
မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ၀မ်းနည်း ဆွေးမြေ့မူး... လမ်းတွေမှာ... အဖော်မပါ...
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေမိ... ချစ်သူမင်းကို... လွမ်းနေမိ...
မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ထွက်ပေါက်တွေ့ဖို့တော့... ခု မလွယ်ကူပါ...
ပြေးဖို့... မြေမရှိ... မတွေးရဲ... ဆွေးမြဲဆွေးနေပြီ...

အပူရှိန်... နေ့ဖက် ပြင်းသည်ထက်ပြင်းလာပြီ...
မဟူရာ... ညကျ “လ”က မရှိ...
သည်လို... အသည်းကွဲမြို့က... လွတ်ချင်ပြီ...
ဒဏ်ရာ... ဒီဂရီ... မြင့်သည်ထက်မြင့်လာပြီ...
မေရယ်... ကျောခိုင်းဖို့... ဆုံးဖြတ်လို့... မုန်းပြီလား... အချစ်ရဲ့...

ပြေးဖို့... မြေမရှိ... မတွေးရဲ... ဆွေးမြဲ ဆွေးနေပြီ...

(ချစ်သူရေ...
မင်းမရှိတဲ့... မြို့တော်မှာ...
ကိုယ်ဟာ...
ဝမ်းနည်း ဆိတ်ငြိမ်မှု... လမ်းတွေမှာ...
အဖော်မပါ...
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေမိ...
ချစ်သူရေ...
လွမ်းနေမိ...
မင်းမရှိတဲ့... မြို့တော်မှာ...
ကိုယ်ဟာ... ထွက်ပေါက်တွေ့ဖို့တော့... ခု မလွယ်ကူပါ...
ပြေးဖို့... မြေမရှိ...
မတွေးရဲ...
ဆွေးမြဲဆွေးနေမိ...)

Get this widget | Track details | eSnips Social DNA

14 comments:

  1. အရမ်းကြိုက်တယ် အကို
    အဲဒီသီချင်းကို ငယ်ငယ်တုန်းက ဂီတာတီးပြီး အော်ခဲ့ဖူးတယ်...
    သိပ်တီးတတ်လို့တော့ မဟုတ်ဘူး...သိပ်မခက်လို့...

းဝ)

    ReplyDelete
  2. အဲ့ဒီသီချင်းဆိုလွန်းလို့ဆိုပြီး
    "မြို့တော်မှာထွက်ပေါက်မရှိရင် တောသွားနေ" ဆိုပြီး သူငယ်ချင်တွေ ပြောင်တာကိုတောင် ခံရဖူးသေးတယ်...

းဝ)

    ReplyDelete
  3. အသည်း မကွဲ ခဲ့ ဖူးပေမယ့် နားထောင် ကောင်းလို့ နားထောင်သွားပါတယ်...
    ကြိုက်မိတဲ့ သီချင်းတွေထဲက တပုဒ်ပေါ့ ....

    mie nge

    ReplyDelete
  4. အခုမှ Jညီညီသီချင်းဟောင်းတွေ ပြန်မွှေဖြစ်တယ်...
    မရတော့ဘူး... စိတ်ကြီးတယ်ဗျ...

းဝ)

    ReplyDelete
  5. နောက်တစ်ပုဒ် ..
    အမှတ်ရသွားအောင်လို့..
    .........

    မှုန်ရီေ၀၀ိုးတ၀ါး..
    ကြယ်တွေမစုံတဲ့ည...
    ကိုယ့်ရင်ထဲ ရောက်လာတယ်ကွယ်..
    .............

    ကဲ....
    အိပ်မက် မက်လိုက်ပါအုန်းမယ်..

    ReplyDelete
  6. အကို့ ဘန်နာလည်း ကြိုက်တယ်... ခုတလော စိမ်းစိမ်းစိုစိုတွေ သဘောကျနေလို့ပါ။

    ReplyDelete
  7. အနော်ငယ်ငယ်ကထဲက ကြားပြီး အော်ဆိုလာတာက ပထမဆုံးစာ ကြောင်းက
    "အတူလျှောက်ဖူးတဲ့လမ်းများ ပျက်အိုဟောင်း ...."

    တိုက်ဆိုင်မှုရှိတဲ့အချိန်နားထောင်လိုက်လို့ ကတော့ ဘာပြောကောင်းမလဲ (ဘာမှ ပြောမကောင်းဘူး..)
    တော်တော် ဟတ်ထိတဲ့ သီချင်းပေါ့ အစ်ကိုကြီးရာ..ဟိ :P

    ReplyDelete
  8. Hi..really love this song,
    many thanks :)

    ReplyDelete
  9. အတူလျှောက်ဖူးတဲ့... လမ်းများ... ပျက်အိုဟောင်း...
    အတူကြည်နူးခဲ့... ချစ်ရက်နှောင်း...
    အပျော်တွေ... ပြောင်းရွှေ့သွားခဲ့... အတိတ်မြို့ဟောင်း...
    အကြင်နာဆုံးကလေး... မင်း... ဘယ်မှာ...
    သည်မြို့ထဲ... မင်းကိုယ့်ကို... ချန်ခဲ့ပြီ...
    အဆင်တန်ဆာညအတွက်... မင်းအလှ... မရှိ...
    မြင်မြင်သမျှက... ကိုယ့်အတွက်... အကျည်းတန်ပြီ...
    အကြင်နာ... အားလုံး... ဝေးနေပြီ...
    မေရယ်... ကျောခိုင်းဖို့... ဆုံးဖြတ်လို့... မုန်းပြီလား... အချစ်ရဲ့...
    မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ၀မ်းနည်း ဆွေးမြေ့မူး... လမ်းတွေမှာ... အဖော်မပါ...
    ခေါင်းငိုက်စိုက်နဲ့ လှမ်းနေမိ... ချစ်သူမင်းကို... လွမ်းနေမိ...
    မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ထွက်ပေါက်တွေ့ဖို့တော့... ခု မလွယ်ကူပါ...
    ပြေးဖို့... မြေမရှိ... မတွေးရဲ... ဆွေးမြဲဆွေးနေပြီ...

    အပူရှိန်... နေ့ဖက် ပြင်းသည်ထက်ပြင်းလာပြီ...
    မဟူရာ... ညကျ “လ”က မရှိ...
    သည်လို... အသည်းကွဲမြို့က... လွတ်ချင်ပြီ...
    ဒဏ်ရာ... ဒီဂရီ... မြင့်သည်ထက်မြင့်လာပြီ...
    မေရယ်... ကျောခိုင်းဖို့... ဆုံးဖြတ်လို့... မုန်းပြီလား... အချစ်ရဲ့...
    မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ၀မ်းနည်း ဆွေးမြေ့မူး... လမ်းတွေမှာ... အဖော်မပါ...
    ခေါင်းငိုက်စိုက်နဲ့ လှမ်းနေမိ... ချစ်သူမင်းကို... လွမ်းနေမိ...
    မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ထွက်ပေါက်တွေ့ဖို့တော့... ခု မလွယ်ကူပါ...
    ပြေးဖို့... မြေမရှိ... မတွေးရဲ... ဆွေးမြဲ ဆွေးနေပြီ...

    ReplyDelete
  10. စိတ်မရှိပါနဲ့ အကို
    နဲနဲလေး ပြင်ပေးသွားပါတယ်..
    သိပ်ကြိုက်တဲ့ သီချင်းမို့ တလုံးချင်းစီက အစ သေသေချာချာ ရနေလို့ပါ...

    ReplyDelete
  11. တချိန်တုန်းက အသဲစွဲသီချင်းတွေပေါ့။

    ReplyDelete
  12. ဂျေမောင်မောင်ရဲ့ သိပ်ကြိုက်ခဲ့တဲ့ သီချင်းတွေထဲက တပုဒ်ပေါ့။ သူ့အသံလေးကို စွဲနေမိတာ။

    ReplyDelete
  13. သီချင်းကောင်းလေး လာနားထောင်တယ်။

    ReplyDelete
  14. http://www.youtube.com/watch?v=Xh6eHNGM21o

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...