Sep 22, 2009
အချစ်ကိုရင်း၍
အသည်းကွဲ နေသော ကျနော့်ညီလေး မောင်xxxx အတွက်၊
အသည်းကွဲ ခဲ့ဖူးသော ကျနော့် အကိုကြီး ကိုxxx အတွက်၊
ထို့အတူ အသည်း ကွဲခဲ့- ကွဲနေ- ကွဲလိမ့်ဦးမည်ဖြစ်သော xxxx အတွက်.....
သည်သီချင်းနားထောင်ပြီး အသည်း ဟက်တက် ထပ်မံ ကွဲကြပါစေသတည်း...း)
အချစ်ရေ...
ကိုယ့်အသည်း ကွဲအက်ကြွေအောင် နင်းချေရက်တဲ့
မင်းရဲ့စိတ်ကို နားမလည်နိုင်တော့ဘူး...
ကိုယ်ချင်းစာတတ်လို့ မင်းတွေးမိခဲ့ရင်...
ကိုယ်ဟာ မင်းကို ချစ်ခဲ့တယ်... ချစ်ခဲ့တယ်... ချစ်ခဲ့တယ်...
အချစ်ရေ...
ဘယ်လိုသဘောနဲ့ ခွဲထားခဲ့တာ ကြယ်ရောင်အောက်မှာ
လမ်းပျောက်ခဲ့သူ...အမုန်းဒဏ် နာခဲ့တယ်...
စိတ်ထဲနာကျည်းလို့ မပြောင်းလဲခဲ့ပါ...
ကိုယ်ဟာမင်းကို ချစ်လျက်ပါ... ချစ်လျက်ပါ... ချစ်လျက်ပါ...
အချစ်ရေ...
ပျော်ရွှင်ခဲ့တဲ့ လောကလေးကို မမက်တော့ဘူးလား
မုန်းနိုင်စွမ်းကို စိတ်မှာ အံ့သြတယ်...
ခံစားသူတယောက်ရဲ့ စိတ်ထဲသိတယ်...
ကိုယ်ဟာ မင်းကို ချစ်နေမှာ... ချစ်နေမှာ... ချစ်နေမှာ...
အရှုံးအကြောင်း... အမုန်းအကြောင်း... မစဉ်းစားတော့ပါ...
သည်နေရာမှာပဲ နေခဲ့ပါ့မယ်...
ဖြေသိမ့်စရာ... စွဲရစ်လာအောင်...
မျက်စေ့မှိတ်လို့ အိပ်စက်ချိန်မှာ...
ကိုယ့်ရင်ခွင့်ကို အိပ်မက်ထဲမှာ ပြန်လာခဲ့တော့...
အချစ်ရေ... ... ...
Get this widget | Track details | eSnips Social DNA
14 comments:
  1. အဲဒီသီချင်း အရမ်းကြိုက်တာဗျ..။
    ဆိုရခက်ပေမယ့် အသံပြဲနဲ့ ရအောင်ဆိုတာ ဒီသီချင်းပေါ့ ။
    ReplyDelete
  2. ဒီသီချင်းပြန်ဆိုတဲ့သူမရှိဘူးလားတော့မသိဘူး.. အနော်ကတော့ ခင်ဝမ်းအသံနဲ့ပဲ နားထောင်ဖူးတယ်..
    သူ့အသံနဲ့ပြ လိုက်တယ်လို့လဲ ထင်တယ်
    ReplyDelete
  3. သီချင်းစာသားလေးတွေနှစ်သက်တယ် အစ်ကို ရေ....
    နှင်း
    ReplyDelete
  4. လူပျိုပေါက်ဘ၀ကထဲကစွဲခဲ့ရတဲ့သီချင်းမို့
    ရင်မှာထိခိုက်ခံစားရဆဲပါ...
    ညီလေးရေ
    ReplyDelete
  5. အသည်းကွဲတဲ့ ညီမရော မရှိဘူးလား အကိုရဲ့...
    ဒီညီမတော့ အသည်းလည်းမကွဲခဲ့ဖူးဘူး ...ခွဲလည်းမခွဲခဲ့
    ဖူးဘူးလေ...ဒါပေမယ့် နားလည် ခံစားပေးလို့တော့ရပါတယ်ဗျ...း)ပြောရရင် ခင်ဝမ်းသီချင်း မကြိုက်ဘူး...အခု နားထောင်ဖြစ်နေတာက ချစ်ကောင်းဆိုထားတဲ့ ကော်ဖီခါးခါးစီးရီးထဲက
    စိမ်ခေါ်ပွဲ ...အဲ သီချင်းကိုကြိုက်တယ်...အဲဒါလေး တင်ပေးလို့ရ၇င်
    တင်ပေးပါဦးလား အကိုကြီး..
    mie nge
    ReplyDelete
  6. တော်သေးတာပေါ့ ။ အသီး မကွဲဘူးလို့... အဲ့....အသဲ
    ReplyDelete
  7. အနာမကျက်သေးဘူး ကိုငယ် ရယ်
    ခုနားထောင်တော့ ပို ဆိုးသွားပီ ထင်ပ
    ခင်ဝမ်းသီချင်းထဲကဆိုရင်တော့
    ဆော်လမွန်ငါးတို့ အပြန် သီချင်းကို
    ကြိုက်တယ်ဗျ။
    ခင်တဲ့
    ReplyDelete
  8. တူမကြီးလည်း အသည်းကွဲနေတယ် ဦးလေးကြီဒ သီချင်းလေး နားထောင်သွားဒတယ်
    ReplyDelete
  9. သီချင်းစာသားလေးတွေနှစ်သက်တယ်
    ReplyDelete
  10. ပန်းခရမ်းပြာတို့...
    နှုတ်ဆက်ခဲ့ပါတယ်တို့ တော့ကြိုက်တယ်...
    ဒီသချင်းတော့ မကြားဖူးသေးဘူး...
    အသည်းကတော့ ရောယောင်လိုက်ပြီးကွဲသွားပြီ
း´(
    ReplyDelete
  11. ကိုအောင်သာငယ်တို့များ နာမည်ကြီးချက်...
    အပြည်ပြည်ဆိုင်ရာက မိတ်ဆွေတွေတောင် တိုးလာနေဘီ...
းဝ)
    ReplyDelete
  12. အသဲကွဲနေတဲ့ လူတွေအတွက်ရည်စူးတဲ့ သီချင်းလေးကို အသဲမကွဲတဲ့ ညီမလေး နားထောင်သွားပါတယ်။
    ကွဲနေတဲ့ အသဲများ ပြန်စေ့လာနိုင်ပါစေလို့ ။ ဟိဟိ
    ReplyDelete
  13. သီချင်းနားထောင်ပီး နိုချင်လို့  ပြန်ပြေးပါပီ..:DDDDDDDDDDDD
    ReplyDelete
  14. ကွဲနေတာတော့ ကြာပြီ..အသည်းလေ..သီချင်းနားထောင်တော့ ပြန်ပြီးအသစ်ဖြစ်လာသလိုပဲ။
    စာသားလေးလိုပဲ....ကိုယ်ဟာမင်းကို ချစ်လျက်ပါ... ချစ်လျက်ပါ... ချစ်လျက်ပါ...
    ReplyDelete
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...