Oct 11, 2009

သူစိမ်း

“ခင်ဝမ်း”ရဲ့ “ပြည်မှာဆောင်း” အယ်လ်ဘမ်ထဲက သီချင်းတပုဒ်ပါ။ ကျနော့် ဘ၀နဲ့ တူနေသလိုပဲ...။

“သူစိမ်း”

လရောင်ဟာ... လှပနေတယ်...
စိတ်မအေးနိုင်တဲ့... ကိုယ့်အဖို့တော့...
တကမ္ဘာမှာ... သာနေသလိုပဲ... ဝေးလှတယ်...
ဘ၀ရဲ့... ညီမျှခြင်းတွေကို... သတိမထားမိတဲ့... တနေ့မှာ...
ကိုယ်နဲ့သူ... သူစိမ်းဘ၀ကို... ရောက်ခဲ့ကြတယ်...

ညအမှောင်မှာ... အိပ်စက်နေလည်း...
ဘ၀ခြားနေတဲ့... ကိုယ်တို့အဖြစ်ကို...
ရင်မှာ... နာနေရဆဲ... ချစ်သူရေ...
အဆုံးအစ... မမြင်တဲ့... လူတယောက်ရဲ့... ဘ၀ကို... တချိန်ကျရင်...
စွန့်ပစ်လေမလား... ကြောက်ခဲ့တယ်...

မြတ်နိုးခဲ့ရတဲ့သူ့ကို.... ကိုယ်မမေ့ဘူး...
တကယ်တော့လည်း... ကိုယ်မပျော်ပါဘူး... အချစ်ရေ...
အခုချိန်မှာ... အပြင်လူ... ဖြစ်ခဲ့ရပေမယ့်...
တချိန်တုန်းက... ရင်းနှီးခဲ့ကြတဲ့ အဖြစ်ကို... မမေ့သင့်ဘူးလေ...
ရင်နာစရာ... သည်အဖြစ်ဟာ... ထာဝရပဲလား...
အမြဲပဲ... တွေးနေတယ်... အချစ်ရယ်...

ကိုယ့်ရင်မှာ... လွမ်းဆွတ်နေဆဲ...
မပြတ်သားနိုင်တဲ့... ကိုယ့်ရဲ့ ဘ၀ကိုပဲ...မနေချင်သလို...
ကိုယ်တယောက်ထဲ... ဆွေးနေတယ်...
ဆန္ဒနဲ့... ခံယူချက်တွေကို... မဝေခွဲမိခင်...
အချစ်ဆုံးကို... ဆုံးရှုံးခဲ့ရတဲ့သူ... ဖြစ်ခဲ့တယ်...

မြတ်နိုးခဲ့ရတဲ့သူ့ကို.... ကိုယ်မမေ့ဘူး...
တကယ်တော့လည်း... ကိုယ်မပျော်ပါဘူး... အချစ်ရေ...
အခုချိန်မှာ... အပြင်လူ... ဖြစ်ခဲ့ရပေမယ့်...
တချိန်တုန်းက... ရင်းနှီးခဲ့ကြတဲ့ အဖြစ်ကို... မမေ့သင့်ဘူးလေ...
ရင်နာစရာ... သည်အဖြစ်ဟာ... ထာဝရပဲလား...
အမြဲပဲ... တွေးနေတယ်... အချစ်ရယ်...

Get this widget | Track details | eSnips Social DNA

7 comments:

  1. အော်ရီဂျင်ဒယ် .. ခင်ဝမ်း ထက်တောင် မိုက်နေပါလား ..
    အောင်သာဝမ်း ...ကြီးရေ ..

    ( မကြားဖူးပဲ လွှတ်မြှောက် လိုက်တာ ...ဟိဟိ)
    ဝမ်းစမိုးးးး ..ဗရာဗို ။။။။
    ရွှီး.... ဖြောင်းဖြောင်းးးး
    မောတယ် .. မောတယ် .. ဘာကျွေးမလဲ .. နားထောင်ရတာ ဗိုက်ဆာ လာပြီ ..

    ReplyDelete
  2. အဲဒါ ခင်ဝမ်း အော်ရီဂျင်နယ် ပဲ မဟုတ်လား။
    ကီကီ ပြောလို့ မျက်စိလယ်သွားပြီ ..

    ကိုအောင်သာငယ် ပြန်ဆိုတာဆိုရင် အံ့ဩလောက်အောင် တူပါတယ်။

    ReplyDelete
  3. ကိုအောင်...
    သီချင်းနားထောင်သွားတယ်...။
    နည်းနည်းတောင် လွမ်းသွားတယ်..။
    ကီကီ ကွန်မန့် ဖတ်လိုက်မှ အလွမ်းတောင် မျက်စေ့လည်သွားတယ်..။

    ReplyDelete
  4. ခင်ဝမ်း အသံပါ.....။

    အာကိုဂျီး.... ညက်ရည် မခိုင်ဘူးနော်...

    အလွမ်းသီချင်းတွေ ဖွင့်ပြနေတယ်...။

    ReplyDelete
  5. ဟမ်မယ်မင်း....
    တကမ္ဘာမခြားသေးဘူး...
    ပြည်နယ်ပဲခြားကာရှိသေးတယ်...

    ReplyDelete
  6. အစ်ကို ကျွန်တော် ကိုခင်ဝမ်းသီချင်းအဟောင်းတွေ ဘယ်မှာ download လုပ်ရမယ်မှန်းမသိဖြစ်နေလို့..
    link ကလေး မစပါဦး..။

    ReplyDelete
  7. သက်ထားရေ သူစိမ်း တွေဖြစ်ကြပေါ့
    ဧရာဝတီ ရဲ့ဘေးက ပြည်မှာ ဆောင်း ရောက်နေပြီ။
    အချစ်ကိုရင်း၍ လွမ်းတယ်။
    အိုမောင်ဒီ အဝေးရောက်ညီငယ် က
    နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက် အကြောင်း
    လူပျိုတမ်းချင်း ဆိုတော့ ကောလိပ်နေ့ရက်များ ကိုသတိရမိ ...............................................
    ................................................................

    ဆက်မရေးတတ်တော့ဘူးဗျာ
    တခွန်းထဲပါဘဲ ခင်ဝမ်း သိပ်ကြိုက်တယ် ဒါပါဘဲ

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...