Oct 25, 2009

မိသားစု

ကျနော်ံရဲ့ အချစ်ဆုံး ညီလေးတယောက်ဖြစ်တဲ့ မောင်ဖုန်းမြင့်က ကျနော့် သားငယ်လေး ကိုယ်စား ရေးစပ် ပေးထားတဲ့ ကဗျာပါ။ (ညီလေးရေ့ အကို့ကို မျက်ရည် ထပ်ကျ ရအောင် လုပ်တဲ့အတွက် ကျေးဇူးပါ...)

မိသားစု

တယောက် လင်းဖို့
တပွင့် မှိန်ပေးရတဲ့
အော်တိုမက်တစ် မီးတန်းလေးတွေပါ

ကျနော်ဟာ ဗို့အား အပြည့်အဝ မရသေးတဲ့ မီးသီးလေး ဆိုတော့
တချက်တချက် ကျနော် မှိန်ကျသွားရင်
ပြန်လင်းနိုင်ဘို့ အတော်အားယူရတယ် အဖေ

ဝါယာကြိုးတချောင်း ထဲနဲ့ ချိတ်ဆက်ခံခဲ့ရပြီးမှတော့
ဓါတ်တိုင်လို တယောက်တနေရာ သီးခြားလင်းမပြချင်ပါဘူး
ဧည့်ခန်းဆောင်တွေက မီးပန်းဆိုင်ကြီးတွေလို
အဖေ့ လက်မောင်းကို ကျနော်တို့ခိုစီး
အမေ့ လည်ပင်းကို ကျနော်တို့ ယီးလေးခို
ပြိုင်တူ လင်းပြလိုက်ချင်တယ်

အခုဆို ကျနော်တို့ဟာ
တမြို့ထဲမှာနေပြီး ဂျပ်ပင်လွဲ နေရတဲ့ မီးတန်းလေးတွေပေါ့
ကျနော့် ဘတ်သီးလေးဟာ ဖျု့စ် ခဏ ခဏပြတ်တယ်
ကျနော့် ညတွေဟာ လင်းလင်းချင်းချင်း မရှိဘူး
ကျနော့် ဝါယာရင်းတွေက မီးခိုးတွေ အူတယ်
ကျနော့် ဒါဏ်ခံကြိုးလေးဟာ တဲတဲမျှင်မျှင်လေး
ကျနော့် ဂျင်နရေတာ ဟာ ပုံမှန် မလည်ပတ်ဘူး
ကျနော့် နှလုံးသားလေး မှာ မီးပွားတွေ တဖွားဖွားခတ်တယ်
အခု တလော နေလို့ ထိုင်လို့  သိပ်မကောင်းဘူး အဖေ
ဟော .. ပြောရင်းဆိုရင်း ကျနော့်မှာ မီးပြတ်သွားပြန်ပြီ

ဖြစ်လေရာသံသရာ အဆက်ဆက်
အခုလိုမျိုး မီးမပြတ်ပါရစေနဲ့တော့ ဘုရား ..

(မောင်ဖုန်းမြင့်)

10 comments:

  1. မောင်ဖုန်းမြင့်..မောင်ဖုန်းမြင့်.. သူများမျက်ရည်ကျအောင် တော်တော် လုပ်တတ်ပါလားနော်။ ငိုချင်ရက် လက်တို့ ဖြစ်နေရတဲ့အထဲ..။

    ReplyDelete
  2. တောင်းဆုလေး ပြည့်ပါစေ...
    ( မျက်စိထဲ သားငယ် ပုံလေး မြင်ယောင်နေတယ်... )


    mie nge

    ReplyDelete
  3. သားငယ်လေးကိုယ်စား ဒေါ်လေး မီးငယ် က
    မောင်ဖုန်းမြင့်ကို ကျေးဇူးတင် ပါတယ်...

    mie nge

    ReplyDelete
  4. ဒီဘဝ ရော နောင်သံသရာတွေရော လိုအင် တွေပြည့်စုံပါစေနော်

    ReplyDelete
  5. တစ်ယောက်လင်းဖို့ တစ်ပွင့်မှိန်ပေးရတယ်...တဲ့
    မိသားစုဆိုတာလေးကို လှလှပပလေးရေးထားတဲ့
    ကိုဖုန်းမြင့်ရေ ကျေးဇူးနော်...
    အကိုအောင်သာငယ် သောကတွေဝေးပါစေ...
    သားငယ်လေးနဲ့ အမြန်ဆုံးပြန်ဆုံပါစေ...

    နှင်း

    ReplyDelete
  6. လူတိုင်းရင်ကိုထိခတ်စေတဲ့ကဗျာလေး

    အပူတွေ ငြိမ်းပါစေ

    (mama)

    ReplyDelete
  7. ကံ ညှင်း တဲ့ အပြစ်ဒဏ် အားတင်းပြီး ခံကြစို့လား....

    ReplyDelete
  8. ကိုဖုန်းမြင့်ရေးတဲ့ကဗျာက အားသိပ်ကောင်းနေတော့ စိတ်ကို အတော်လေး ထိခိုက်စရာပါပဲ။ ဘယ်လိုပဲ ခြားနားချင်းတွေ ရှိနေပါစေ.. မိသားစုဆိုတာ နှလုံးသားချင်းတော့ အမြဲနီးနေမှာပါ။ အဲဒါ သစ္စာပဲ။

    ReplyDelete
  9. ငိုသွားတယ်၊

    ReplyDelete
  10. စိတ်မကောင်းဖြစ်သွားတယ် ဖေကြီးးးးးးးးးး
    မီးမပြတ်ပဲ ထာဝရ ထွင်းလင်းတောက်ပပါစေဗျာ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...