Oct 30, 2009

ခဏလောက် ဝေးဝေးနေမယ်

ကျော်ဟိန်းရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ “မျက်ရည်ငှက်များနားစေသတည်း”ထဲက သီချင်းတပုဒ်ပါ။

ခဏလောက် ဝေးဝေးနေမယ်

သည်လူကို ပစ်ထားရက်တဲ့ချစ်သူ-လို့…
ကိုယ်စွပ်စွဲလိုက်တာ မဟုတ်ရဘူးကွယ်…
အခြေအနေ အလွန်ဆိုးလို့သာ တို့နှစ်ယောက်ဟာ…
မတွေ့ကြတာပဲ ကောင်းပါသေးတယ်
လူကိုယ်တိုင် နှစ်ယောက်ထဲတွေ့ဖို့ မဖြစ်သေးခိုက်မှာ...
လွမ်းကြမယ် အချစ်လေးရယ်…
ဒါပေမယ့်လည်း နှစ်သိမ့်စရာ ရှိသေးတယ်…
တယ်လီဖုန်းလေးထဲမှာ စကားတွေ ပြောမယ်…
တယ်လီဖုန်းလေးထဲမှာ တို့နမ်းမယ်…

ငါတို့ နှစ်ဦးသားရဲ့ အကြောင်းကို…
ငါတို့ နှစ်ဦးထဲပဲ နားလည်ကြတယ်…
အချိန်တွေ ကြာရှည်ခွဲလို့ နေဖူးခဲ့တယ်…
တနေ့နေ့မှာလည်း မင်းနဲ့ ပြန်တွေ့မယ်…
လူကိုယ်တိုင် နှစ်ယောက်ထဲ တွေ့ဖို့ မဖြစ်သေးခိုက်မှာ...
လွမ်းကြမယ် အချစ်လေးရယ်…
ဒါပေမယ့်လည်း နှစ်သိမ့်စရာ ရှိသေးတယ်…
တယ်လီဖုန်းလေးထဲမှာ စကားတွေ ပြောမယ်…
တယ်လီဖုန်းလေးထဲမှာ တို့နမ်းမယ်…


Get this widget | Track details | eSnips Social DNA

9 comments:

  1. ကျော်ဟိန်းဆိုတာထက်စာရင် နောက်ပိုင်းလူ ဆိုတာ
    ပိုနားထောင်ကောင်းပါတယ်... ခုတလော ကိုအောင်သာကြီး တယ်လီဖုန်း ဓါတ် ကျနေပါရောလား....

    mie nge

    ReplyDelete
  2. ဘယ်သူနဲ့ ဝေးဝေးနေမလဲ ဆိုတာ စိတ်ဝင်စားလို့ ရောက်လာတယ်။

    ReplyDelete
  3. ကျော်ဟိန်း ဆိုတာကို နားမထောင်ဖူးဘူး..
    ဒွေး ဆိုတာပဲ နားထောင်ဖူးလို့ ကြိုက်တယ်။

    ReplyDelete
  4. ခနမဟုတ်ဘူး ကြာကြာလေး သာ သွားတဲ့။ အဲ..ဟုတ်ပေါင်..
    အမြန်ပြန်လာပါတဲ့။
    စကားမစပ် ကိုအောင်သာငယ်..
    ဟိုတက်ဂ်ထားတာကို မရေးချင်လို့ မရေးတဲ့အကြောင်းအသိပေးပါတယ်။
    အသေသတ်ချင်သတ်..မရေးဘူး ဒါဘဲ။း)
    mm

    ReplyDelete
  5. ကျော်ဟိန်း စ ဆိုတာမှန်း ခုမှသိတယ်။
    ဇော်ပိုင့်သီချင်းပဲ ထင်နေတာ၊ ကျော်ဟိန်းကြီးကို အားနာလိုက်တာ..။

    ReplyDelete
  6. ကျော်ဟိန်းက လုပ်ဆိုတဲ့ အသံကြီးနဲ့ ဆိုနေသလိုပါလားဗျာ
    ဇော်ပိုင်ဆိုတာကမှ ဟုတ်တုတ်တုတ်..။

    ReplyDelete
  7. နင့်နေအောင် ခံစားရပါတယ်... အကိုရေ...

    ReplyDelete
  8. ကျွန်မအမျိုးသားကတော့ ကျော်ဟိန်းသီချင်းစာသားတွေရဲ့ အဓိပါယ်ကို ကြိုက်လွန်းလို့ တဲ့… ဒီသီချင်းလေးကိုတော့ ကျွန်မရောသူရောကြိုက်တယ်

    ReplyDelete
  9. ခဏလောက် ဝေးဝေးနေမယ်တဲ့လားးးး
    ဖေကြီးရေ နင့်နင့်နဲနဲ ခံစားရတယ်ဗျ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...