Oct 12, 2009

တိမ်တွေလို

“မို့မို့”ရဲ့ သီချင်းတပုဒ်ပါ။

“တိမ်တွေလို”

ကိုယ်ဟာ... တိမ်တွေလိုပဲ... လွင့်တော့မလို့...
ဘယ်ဆီဘယ်ဝယ်.. မသေချာတော့ဘူးပေါ့...
ကိုယ်တယောက်ထဲ... မင်းနဲ့... ဝေးတဲ့အခါ...
အားလုံး... ရက်စက်စွာ...


တခါတလေ... နွေဟာ... ပိုမို... ပူပြင်းသွားခဲ့သလိုပဲ...
အပြင်မှာ... ရွာနေတဲ့မိုး... ပိုပြီး... သည်းတော့မလိုပဲ...
အခြေအနေတွေ... ပိုပြင်းထန် ဆိုးရွားလို့... နေခဲ့...


ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ... (ကိုယ်ကြေကွဲ... )
ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကွဲကြေခဲ့...


(လွင့်နေတဲ့ တိမ်များ... ငါ့လိုပဲ ဖြစ်မလား...
ရောက်ချင်ရာ... ငါရောက်... လျှောက်ချင်ရာ... ငါလျှောက်...
မင်းအနား... ငါ့အနား... ရက်စက်တဲ့နေ့များ...
ချစ်သူက... ပျောက်သွား... မင်းကတော့ သိမလား... )



ကိုယ်ဟာ... တိမ်တွေလိုပဲ... လွင့်တော့မလို့...
ဘယ်ဆီဘယ်ဝယ်.. မသေချာတော့ဘူးပေါ့...
ကိုယ်တယောက်ထဲ... မင်းလေး... မရှိတော့လည်း...
အားလုံး... ရက်စက်စွာ...


တခါတလေ... နွေဟာ... ပိုမို... ပူပြင်းသွားခဲ့သလိုပဲ...
အပြင်မှာ... ရွာနေတဲ့မိုး... ပိုပြီး... သည်းတော့မလိုပဲ...
အခြေအနေတွေ... ပိုပြင်းထန် ဆိုးရွားလို့... နေခဲ့...


ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ... (ကိုယ်ကြေကွဲ... )

ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ...

ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ...
(ကိုယ်ကြေကွဲ... )

ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ...
(ကိုယ်ကြေကွဲ... )

ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ...
(ကိုယ်ကြေကွဲ... )

Get this widget | Track details | eSnips Social DNA

10 comments:

  1. တိမ်တွေလိုလွင့်နေတော့.....
    ပေါ့ပေါ့ပါးပါး...ရှိတာပေါ့....း)

    ReplyDelete
  2. ဒီသီချင်း ကြားဖူးနေပေမယ့် ခုမှ စကားလုံးတွေကို သတိထားမိတော့တယ်။

    ကြိုက်တဲ့ သီချင်းစာရင်းထဲ ထည့်လိုက်ပြီ။

    အပေါ်က အစ်ကိုကြီး နေကျောက်ခဲကတော့ သူ့ "ညေး" ကို ကောမန့်ပေးဖို့ ထိုင်စောင့်နေသလားမှတ်ရတယ်။

    ReplyDelete
  3. ဟုတ်ပတော် အပေါ်ကလူကြီး စောစောစီးစီး မျက်နှာမှ
    သစ်ရဲ့ လား မသိဘူး ...း)


    ဒီသီချင်းက အကိုကြီး တင်တော့မှ နားထောင်ဖူးတာပါ
    နားထောင်ကောင်းသားဘဲနော်...

    mie nge

    ReplyDelete
  4. အန်.... အကိုငယ်ကြီးက အသံတု လည်း ဖြစ်တယ်လား .....
    သီချင်းလေး က မိုက်စ် .....
    မို့ အောင်သာမို့ စ် က ပိုမိုက်စ် ....

    ကွဲကုန်ပြီ ...ကြက်ဥတွေလား .....ဘီလိုဖစ်တာလဲ

    ReplyDelete
  5. ယနေ့မနက်..အကျွန်ုပ်..တယ်လီဖုန်းဖြင့်..အိပ်ယာလှမ်းနှိုးမှ..ကမန်းကတန်း..အိပ်ယာမှထပြီးတင်ထားသော ..သီချင်းဖြစ်သည်..နောက်မှနားထောင်ရသူများ..မနာလို မဖြစ်ပါနှင့်...

    ReplyDelete
  6. အဟားးးးးးးးးးးး တိမ်လိုလွင့်နေတဲ့ ဘကြီးအောင်.. ဘာတွေဖစ်နေတာလဲ မသိ။ အဟိ
    ချစ်သမီး

    ReplyDelete
  7. ကိုအောင်သာငယ် ကမို့မို့ သီချင်းလည်း ကြိုက်တယ်လား? မထင်ရဘူးနော်

    ReplyDelete
  8. ရိုးရိုးလာမယ်ဆို လာပါ။ တိမ်တွေလိုလွင့်မယ်ဆို.. ဒီဘက်တော့ မလာနဲ့နော်အစ်ကို။တော်ကြာ အိမ်ပေါ်ကို ပြုတ်ကျမှ အိမ်ခေါင်မိုးပြင်နေရမှာစိုးလို့ပါ။
း)mm

    ReplyDelete
  9. ကြိုက်တယ်....

    ReplyDelete
  10. အဲဒီသီချင်းလေးလဲကောင်းတယ်...
    တခါတလေ တိမ်တွေလို လွင့်ကြည့်တာ ကောင်းပါတယ်...
    စိတ်လွတ်လပ်ပေါ့ပါးမှုတစ်မျိုးကို မြည်းစမ်းဖြစ်တာပေါ့...
    ဒါပေမယ့် ခုချိန်ထိ မလွင့်ဘူးသေးဘူး..
    လွင့်ကြည့်ချင်တဲ့ ဆန္ဒတော့ရှိတယ်...

    နှင်း

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...