Mar 20, 2010

နံရံကိုလက်သီးနဲ့ထိုးမိတယ်

အဆင်မပြေမှုတွေ ခုတလောမှာ
အဖေါ်တွေစုပြီး ၀င်ရောက်လာ
နဂိုရ်ကမဟန်တဲ့ ကိုယ့်ဘ၀ဟာ ဖရိုဖရဲဖြစ်ပြီ...

ကိုယ်တိုင်ကြိုးစားလာသလောက်သာ
ကိုယ်ခံစားရမယ့်အခွင့်အရေးတွေ
တကယ်ပိုင်ဆိုင်ရင် ကိုယ့်ဘ၀ဟာ စိတ်အေးရပြီ...

ဘာကို အပြစ်ရှာ ပုံမှာလဲ
တရားခံအရင်းဟာ ဘယ်သူလဲ
ကိုယ်လေ စဉ်းစား မရနိုင်တိုင်း
နံရံကို လက်သီးနဲ့ ထိုးမိတယ်

ဒီကမ္ဘာလောကရဲ့သစ္စာ
ဒီလူသားရဲ့ အမှန်တရားဟာ
ဒါကိုခေါ်သလား အရွဲ့တိုက်ချင် အောင့်အည်း မရပြီ...

လှံ လှံချင်းလည်း မဖြေရှင်းချင်
ရန် ရန်ချင်းလည်း မတုန့်နှင်းချင်
ဒါပေမယ့်လည်း ဒေါသနဲ့ စိတ်ထိန်းမရပြီ

သိုလှောင်ထားတဲ့ နာကျင်မှု
မြိုသိပ်ထားတဲ့ မကျေနပ်မှု
တခါပေါက်ကွဲမှ စိတ်ပြေမယ်
နံရံကို လက်သီးနဲ့ ထိုးမိတယ်

လှံ လှံချင်းလည်း မဖြေရှင်းချင်
ရန် ရန်ချင်းလည်း မတုန့်နှင်းချင်
ဒါပေမယ့်လည်း ဒေါသနဲ့ စိတ်ထိန်းမရပြီ

သိုလှောင်ထားတဲ့ နာကျင်မှု
မြိုသိပ်ထားတဲ့ မကျေနပ်မှု
တခါပေါက်ကွဲမှ စိတ်ပြေမယ်
နံရံကို လက်သီးနဲ့ ထိုးမိတယ်

ဘာကို အပြစ်ရှာ ပုံမှာလဲ
တရားခံအရင်းဟာ ဘယ်သူလဲ
ကိုယ်လေ စဉ်းစား မရနိုင်တိုင်း
နံရံကို လက်သီးနဲ့ ထိုးမိတယ်

Get this widget | Track details | eSnips Social DNA

2 comments:

  1. လောကကြီးဟာ ဒီလိုပဲအမြဲမနေပါဖူး လေ
    တစ်နေ့ တော့ ကြိုးစားသမျှတွေအရာထင်လာမှာပါ။
    လက်ကော စိတ်ကော နှစ်ခါနာနေပါအုံးမယ်
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  2. လက်နာသွားမှာပေါ့....ဖေကြီးရ....
    ရင်ဘတ်ထဲကအနာတွေ..............
    နာကျင်မှုတွေ ခါးသီးမှုတွေ ဆုံးရှုံးမှုတွေ အားလုံး အောင်မြင်ပျော်ရွှင် ငြိမ်းချမ်းမှုတွေ အဖြစ် နေ့ရက်မနက်ဖြန်တိုင်းမှာ အမြန်ဆုံး ဆိုက်ရောက်လာပါစေလို့.... ဆုတောင်းပေးခဲ့တယ် ဖေကြီးရေ............

    သမီးလေး

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...