Mar 31, 2010

“ကေ” သုံးလုံးရဲ့ ကဗျာစာအုပ်



ကျနော့်ဆီကို ညီငယ် “ကေ”သုံးလုံး (ကောင်းကင်ကို)ဆီက ကဗျာစာအုပ် ၂ အုပ် မနေ့က ရောက်လာပါတယ်... မျှော်နေတာ အတော်ကြာပြီမို့... ခုရောက်လာတော့ အတော် ၀မ်းသာမိပါတယ်... သူ့ကဗျာတွေကတော့ အမြဲ ဖတ်နေကြမို့ ကဗျာတွေ ဖတ်ဖို့ မျှော်တာတော့ မဟုတ်ပါဘူး... သူကဗျာ စာအုပ် ပုံနှိပ်ဖို့ လုပ်နေတုန်းက ... သူ့စာအုပ်အတွက် မျက်နှာဖုံး သရုပ်ဖော်ပုံ ဆွဲဖို့ အကူအညီ တောင်းတာနဲ့... ၃ ပုံ ဆွဲပေးလိုက်ပါတယ်... ဖိုတိုရှော့ပ်နဲ့ ဆွဲပေးလိုက်တာပါ... ကြိုက်တဲ့တခုကို သုံး ဆိုတော့ ... ခု အပေါ်က ပုံမှာပါတဲ့ သရုပ်ဖော်ပုံကို သူကြိုက်တယ်ဆိုပြီး စာအုပ်အတွက် သုံးပါတယ်... ကျနော်က အဲသည် ပုံလေး... စာအုပ်ထွက်တဲ့အခါ ဘယ်လို နေမှာပါလိမ့်လို့ မြင်ချင်နေတာနဲ့ သူ့စာအုပ်ကို မျှော်နေမိတာပါ... ခုတော့ ကဗျာဆရာ တယောက်ရဲ့ ကဗျာစာအုပ်မှာ မျက်နှာဖုံး သရုပ်ဖော်ပုံကို ဆွဲပေးခဲ့တာ ဒါ ပထမဆုံး အကြိမ်ဖြစ်သလို... ကိုယ့်ရဲ့ မျက်နှာဖုံး သရုပ်ဖော်ပုံကို စာအုပ်နဲ့ အတူတကွ မြင်ရတာလည်း ဒါ ပထမဆုံး အကြိမ်ပါပဲ...
စာအုပ်ကို စာအိတ်ထဲက ဆွဲထုတ်လိုက်တော့... ကိုယ့်သားသမီးတယောက်ကို တွေ့လိုက်ရသလိုပါပဲ...း)
(စာအုပ်တွေအတွက် ကျေးဇူးပါ ညီလေးရေ့...)

တလက်စထဲ သူ့အတွက် ဆွဲပေးခဲ့တဲ့ မျက်နှာဖုံး သရုပ်ဖော်ပုံ ၃ ပုံလုံးကို သည်မှာ အမှတ်တရ မှတ်တမ်းတင်ရင်း ဖော်ပြလိုက်ပါတယ်...
ဘယ်ပုံကို အကြိုက်ဆုံးလဲ ဆိုတာ ပြောသွားကြပါဦး...
သူကတော့ တတိယ ပုံကို ကြိုက်လို့ သုံးသွားပြီ...
ကျနော်ကတော့ ဒုတိယပုံကိုကြိုက်တယ်...

(၁)

(၂)

(၃)

မျက်နှာဖုံး အပ်ချင်တဲ့သူများ ရှိရင်လည်း ပြောကြပါ...

ကိုငြိမ်းဝေတို့... ကိုဝေလင်းတို့... ဆောင်းယွန်းတို့...  သစ်ကောင်းတို့... ကိုထက်တို့...  မနော်တို့... အိန္ဓြာတို့... မပန်တို့... ... .... တို့.... တို့... မျက်နှာဖုံး အပ်ချင်ရင် ကြိုပြောထားကြနော... ခု လက်မလည်လို့...း)

ATN

11 comments:

  1. ကိုအောင်သာနဲ့ အကြိုက်ချင်း တူနေပြီ .. ဒုတိယပုံ ကို
    ကြိုက်တယ် ...

    mie nge

    ReplyDelete
  2. အားလုံးကြိုက်တယ်။ အစဉ်လိုက်ဆိုရင်




    တကယ်တော့ အားလုံးဟာ ပါရမီရှင်လက်ရာတွေပဲ။
    ခင်မင်စွာ။
    AATO

    ReplyDelete
  3. သမီးတော့ ပထမဆုံးပုံကိုပိုကြိုက်တယ်။ ခေါင်းစဉ်နဲ့လိုက်တယ်ထင်လို့။ အပင်လေးတွေမှုန်နေတဲ့ပုံက သရဲခြောက်နေသလိုပဲ။ :))))

    ReplyDelete
  4. ကျနော်ကတော့ ပထမပုံကိုကြိုက်တယ်

    ReplyDelete
  5. မေ့သမီးလိုပဲ ပထမဆုံးပုံကို အကြိုက်ဆုံးပဲ။
    စာရေးလိုက်ဦးမယ်။ စာအုပ်ထုတ်ဖြစ်ရင်တော့ အကို့ကို အကူအညီတောင်းတာပေါ့ ... ဟားဟား :D

    ReplyDelete
  6. I love the first one too. The shapes of second one is too sharp.

    ReplyDelete
  7. ပထမပုံကြိုက်တယ်။ :) စင်္ကာပူ နိုင်ငံအတွက်အတွက် ကိုကောင်းစာအုပ်တွေကို တာဝန်ယူဖြန့်ဝေရခဲ့အတွက် အလွန်ပဲဝမ်းသာကျေနပ်မိပါတယ်။

    ReplyDelete
  8. ပီတိကိုစား အားရှိ၏ ဆိုတာက ဒီဇိုင်းဆရာမှာလဲ ဖြစ်တတ်တာပါပဲလား။အတော်ကျေနပ်နေပုံပဲ :)

    ညီမတော့ နာပါတ်သုံးကိုသဘောကျတယ်။

    ရောက်ပေမင့် မအော်နိုင်အောင် ကျောနဲ့ရင်နဲ့ ညှပ်နေတဲ့ညများကြောင့်...
    နားလည်ပေးမယ်ဟု မျှော်လင့်မိပါကြောင်း တလက်စထဲ စကားဆိုပါရစေ အကိုကြီးရေ...

    ReplyDelete
  9. မျက်နှာဖုံးအပ်ချင်လို့ဗျို့။....................ကလူသစ်မျက်နှာကို ဖုံးထားဖို့ ................

    ကလူသစ်

    ReplyDelete
  10. ကျွန်တော်လည်း အပ်ချင်တယ် လူမျက်နှာဖုံး :P

    ReplyDelete
  11. တစ်ကြိုက်တယ်။
    ကျန်တာ နဲနဲမျကိစိနောက်တယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...