စကားပြောနေရတာကလည်း
တိုရေ ရှားရေ နိုင်လိုက်တာ
ကဗျာတပုဒ်လောက်ရေးဦးမှပါပဲ...
အိန်ဂျယ်ရေ...
တိုရေ ရှားရေ နိုင်နေလိုက်ပုံက
ဆားတွေကို ရွှေမှုန် အမှတ်နဲ့ တခုခုအပေါ် ဖြူးချနေသလိုမျိုးလား...
နောက်တပွင့်... ငါ့အပေါ် ပိုကျသွားတော့
ဘာဖြစ်ရဦးမှာတဲ့လဲ... အိန်ဂျယ်...
ငါ့အပေါ် ဆားနည်းနည်းလောက် ထပ်ဖြူးချလိုက်ပါဦးကွယ်...
ပင်လယ် အသေတွေနဲ့...
ငါက ရေငတ်နေခဲ့တယ်... ...
မင့် ဆားတပွင့်က
ငါ့ကို ပန်းလို ပွင့်... စွင့်ကားနေစေတာ
မင်း သိသွားရင်ကောင်းမယ်... အိန်ဂျယ်...
ငါက ဆားငတ်နေတယ်...
ခု မနက်စာကို ဆားနဲ့ပဲ ငါ စားတော့မယ်
“စား... စား... ” လို့ မပြောနဲ့တော့...
ဆားနဲ့ပဲ... စားတော့မယ်....
တကယ်လည်း
ဆားနဲ့ပဲ.... စား....
ဆားနဲ့ပဲ.... သောက်...
ဆားနဲ့ပဲ... မှောက်နေရတာပါလေ...
ငါ့ဘ၀က ကောက်ကောက်ကြီးကိုး... အိန်ဂျယ်ရဲ့...
ဆား တပုလင်းလောက်သာ
ငါ့အပေါ် မှောက်ချလိုက်ပါတော့... အိန်ဂျယ်...
ATN

8 ယောက် ဒီလိုပြောခဲ့တယ်:
ဆားတော့မသိဘူး...ဆန် ဆိုရင်တော့ တတင်းလုံးသာ
မှောက်ချလိုက်..တတင်းလုံးသာမှောက်ချလိုက်
သဘောကျလိုက်တာ.....
ပြုံးမိတယ် ကိုကြီးရေ...
ဆားနဲ့ပဲ သောက်
ဆားနဲ့ပဲ မှောက်.... ဆိုတဲ့နေရာလေးကို
:)
ဘလော့ဂ်မှာ ဆားချက်တယ် ဆိုတဲ့ အသုံးရှိတယ်နော်။ ဘာကို ဆိုလိုမှန်း မသိတသိပဲ...အဟောင်းကြီး ပြန်ထုတ်လာတာကို ပြောတာလား... ခွန်အားမစိုက်ပဲ ပို့စ်တပုဒ် ဖြစ်သွားတာကို ပြောတာလား...
ဆားကတော့ မရှိမဖြစ်ပဲ
ကဗျာနဲ့ မဆိုင်တာတွေ မန့်မိရင်...
ဆားနည်းနည်း ဖြူးသွားတယ် မှတ်ပါး)
မသီတာ
နည်းနည်းပဲ သောက်နော် အန်ကယ်း) ကျန်းမာရေး ဂရုစိုက်နော့် ။
ကဗျာလာဖတ်သွားပါတယ်အကိုအောင်သာငယ်...။
ခင်တဲ့
သဒ္ဓါ
ငါ့ဘ၀က ကောက်ကောက်ကြီးကိုး... အိန်ဂျယ်ရဲ့...
ဖြောင့်တဲ့ ဘဝလေးတခုလောက်များ ဆွဲထုတ်ပြစမ်းပါ အကိုရာ...ဘယ်မလဲလို့...:P
တော်တော်အာခြောက်သွားတယ် ကိုကြီးအောင်သာငယ်။ ရေတစ်ခွက်လောက်။ :)
ကိုအောင်သာငယ်ဆားနယ်ကြီးပေါ့..
တကိုယ်လုံးပေါ်ဆားမှောက်ချထားတာဆိုတော့..
ပေါက်
Post a Comment