Aug 21, 2010

၂၁ ရာစုထဲမှာ ကျနော့် ချို့တဲ့နေမှုများက အရောင်စုံ


















အရိပ်ဆိုတာကို
တူးတတ် ဆွတတ်သူ ဆိုတော့ကာ
မီးခိုးရောင် အတိတ်ဆိုတာကိုပဲ အမြဲ ပြန်ဖော်နေမှ...

စာရင်းအင်းဆိုတာကို
တွက်တတ် ချက်တတ်သူ ဆိုတော့ကာ
ငွေရောင် ကယ်လ်ကယျူလေတာ တလုံးတလေကိုတော့လည်း ၀ယ်ထားမှ...

သီချင်းဆိုတာကို
ညည်းတတ် ဆိုတတ်သူ ဆိုတော့ကာ
အဖြူရောင် အီလက်ထရစ်ဂစ်တာ တလုံးတလေကိုလည်း အနား ထောင်ထားမှ...

ယမကာဆိုတာကို
သောက်တတ် စားတတ်သူဆိုတော့ကာ
ပယင်းရောင် ဂျက်ဒန်နီယဲလ်လေး တလုံး နှစ်လုံးတော့လည်း ဆောင်ထားမှ...

အလှအပတရားဆိုတာကို
ကြည့်တတ် မြင်တတ်သူ ဆိုတော့ကာ
သတ္တုရောင် ချစ်သူ့မျက်နှာလေး အမျိုးစုံကိုလည်း အိုင်ဖုန်းထဲ ထည့်ထားမှ...

လူတကာနဲ့
ရောတတ် နှောတတ်သူ ဆိုတော့ကာ
သက်တန့်ရောင် မျက်နှာ ဘုတ်အုပ်မှာလည်း ဖရဲန်းဒ်တွေ အက်ဒ်ထားမှ...

အရပ်တကာ
သွားတတ် လာတတ်သူ ဆိုတော့ကာ
လိမ္မော်ရောင် ဘလော့ဂ်စပေါ့ဒေါ့ကွန်းမှာ ခြေရာတွေချည့် ချန်ထားမှ...

နေ့မနား ညမနား
ပွားတတ် များတတ်သူ ဆိုတော့ကာ
အစိမ်းရောင် ဂျီတော့မှာလည်း အကောင့်တခု ဖွင့်ထားမှ...

ကဗျာလေးတချို့
ရေးတတ် ဖွဲ့တတ်သူ ဆိုတော့ကာ
ပန်းနုရောင် ပို့စ်မော်ဒန်-အန်တိုင်း-အယ်လ်ပီ-နဲ့ ဒန်ဘလယ်ဒီ စာတွေလည်း ရေးဦးမှ...

ဆန့်ကျင်ဖက်လိင်တွေကို
ချစ်တတ် ခင်တတ်သူ ဆိုတော့ကာ
အပြာရောင် အီကြာကွေးလေး တချောင်းလောက်ကလည်း ရှိဦးမှ...

စိတ်အချဉ်-ဆိုတာလည်း
ပေါက်တတ် ရွဲ့တတ်သူ ဆိုတော့ကာ
အနီရောင် အူကြောင်ကျား ကဗျာတပုဒ်လောက်ကိုလည်း ရေးပစ်ဦးမှ...

ATN

6 comments:

  1. ;(
    စိတ်အချဉ်ပေါက်ရုံနဲ့ ရေးချင်တာရေးရရောလား
    ဆိုးတယ်
    အားအားယားယား လူတကာပြောတိုင်း လိုက်စိတ်တိုနေရရင်တော့ မဟန်သေးဘူး

    ReplyDelete
  2. ထပ်ပွားပြီ။ ကြိုက်လို့ ။ (KM.LA)

    ReplyDelete
  3. အရပ်ထဲ အလည်ထွက်လာတယ်း)

    ကျနော်လည်း အရပ်တကာလှည့် နေတဲ့ လိမ္မော်ရောင် ဘလော့ဂ်စပေါ့ဒေါ့ကွန်းပိုင်ရှင်တစ်ယောက်မို့ ။


    အန်ကယ် နေကောင်းတယ်ဟုတ် သတိရတယ် ။

    ReplyDelete
  4. အီကြာကွေးက ဘာလုပ်ဖို့လဲဗျ ...

    ReplyDelete
  5. စိတ်အချဉ်-ဆိုတာလည်း
    ပေါက်တတ် ရွဲ့တတ်သူ ဆိုတော့ကာ
    အနီရောင် အူကြောင်ကျား ကဗျာတပုဒ်လောက်ကိုလည်း ရေးပစ်ဦးမှ... :))

    ReplyDelete
  6. အနစ်နာ အနွံအတာ ဆိုတာလည်း ခံတတ်သူ ဆိုတော့ကာ
    အရက်လာ တောင်းသောက်ပြီး ပိုက်ဆံပါ ပေးလိုက်ရသေးတဲ့
    အိပ်ရာပေါ်ပါ သေးပေါက်သွားသေးတဲ့
    ညီတယောက်ကိုလည်း မွေးထာဦးမှ..း))

    ( ကျနော် အခု မသောက်တော့ဘူး အကို .. သိုင်းလောက က အပြီး လွက်သွားတဲ့
    ညီ )

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...