Dec 27, 2010

တချက်လေး စောင်းငဲ့ကြည့်ဦး (ကျော်ဟိန်း)

ခွင့်ပြုလိုက်ဖို့... ငါ့မှာ... အင်အား မရှိ... 
ခိုင်လုံတဲ့... အကြောင်းအရင်း... မသိရဘူး...
ငါလေ... အသက်ငွေ့ငွေ့ကို... ရှိုက်သွင်းကာ... ရီဝေမူး...
နင်တယောက်တည်း... ငါ့ဘ၀... အားလုံးပဲ... နားလည်ထား...

ထားခဲ့ရက်လို့... သွားမယ်ဆိုလည်း... သွား... 
ရှင်နေလျက်နဲ့... ဘ၀ဟာ... သေဆုံးမလား...
ကြင်နာမှုရဲ့... ပြောင်းပြန်... နာကျင်မှုဟာ... ငိုနေသူ... မျက်ဝန်းလား...
နင်တယောက်တည်း... ငါ့ဘ၀... အားလုံးပဲ... နားလည်ထား...

တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
ရင်ခုန်သံ... မရှိတဲ့... တွယ်ရာ... မဲ့တဲ့လူ... သာမန်... ဒြပ်ထု... တခုလိုပဲ...
တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
နယ်မကျွံခင်... လှည့်ပြန်ခဲ့... သေချာ ဆုံးဖြတ်ခဲ့... 
တခုတည်းသော... အဓိပ္ပါယ်နဲ့...

ကျောခိုင်းထားရင်းလည်း... ငါ့ကို... ပြန်... လှည့်... ကြည့်... 
တို့ရဲ့အကြည့်... ဆုံဆည်းတော့မှ...
ကြွေပြတ်သွားတဲ့... ကြိုးတွေ... ပြန်ဆက်သလို... အခြေအနေမှန်ကို... ပြန်ရောက်ဖို့...
နင်တယောက်တည်း... ငါ့ဘ၀... တကယ်... အားလုံးပဲ... နားလည်ထား...

တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
ရင်ခုန်သံ... မရှိတဲ့... တွယ်ရာ... မဲ့တဲ့လူ... သာမန်... ဒြပ်ထု... တခုလိုပဲ...
တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိတော့... ငါ့ဘ၀... မရှိ...
မလွန်ခင်... နောက်ဆုတ်ခဲ့... ရှင်လျက်နဲ့... ဘ၀ကို... 
သေအောင်... မလုပ်နဲ့... တောင်းပန်ရင်း...
မြင်ရုံသာ... စောင်းငဲ့ကြည့်ဦး... တယောက်တည်း... ငါ့ကို... ထားခဲ့မလား...
မြင်ရင်... နေရက်ပါ့မလား... စာနာသော... စိတ်က... 
တခုတည်းသော... အဓိပ္ပါယ်နဲ့...

တချက်လေး... စောင်းငဲ့ကြည့်ဦး...

Get this widget | Track details | eSnips Social DNA

5 comments:

  1. ကိုလင်းDecember 27, 2010 at 12:45 AM

    အဲဒီလို လုပ်ပါလေ.....
    ကိုယ် တိုင်... တီးဆိုတာက ...
    ပို ခံစားလို့ ကောင်းတယ်...
    ..
    အရာရာ..ပြန်လည်..
    ကောင်းမွန်....
    လာမယ်လို့ 
    ကျနော်ယုံတယ်ဗျာ...

    ReplyDelete
  2. အကိုကြီး ကိုယ်တိုင် ဆိုထားတာလား????
    ဟုတ်တယ် ဆိုရင်တော့ ကျွန်တော် ကျော်ဟိန်း လား အကိုကြီးလား လုံးဝ မခွဲတတ် သလောက်ပဲ နောက်ထပ် သီချင်းလေးတွေ ထပ်လုပ်ပါအုံး...။ :)

    ReplyDelete
  3. အသံစတိုင်လ်ကတော့ကျော်ဟိန်းစတိုင်လ်အစစ်
    ဒါပေမယ့် အသံကကျော်ဟိန်းထက်ပိုကောင်းတယ်
    ထူးအိမ်သင်အသံလေးနဲ့ပိုဆင်တယ်။
    အရမ်းအသံကောင်းတယ် အကိုအောင်သာငယ်။
    Cheers!

    ReplyDelete
  4. မဆိုးပါဘူး

    ReplyDelete
  5. ခိုရပ်စ် အပိုဒ် မှာ ဟာမိုနီပါးပါး လေးဝင်ညည်းသွားပါတယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...