Aug 29, 2011
ကြည်အေး ကဗျာထဲ ကျနော် ရောက်နေပြီ မဟင်္သာ...
ကျနော့်ကိုများ တမ်းတနေသလား မဟင်္သာ...
ညသန်းခေါင်ကျော်အသွားမှာ
ကျနော်ဟာ
မနိုးထချင်ပါပဲ နိုးထလာမိပြန်ပြီပေါ့...
မဟင်္သာ့ ခေါ်သံတွေကို နှလုံးသားအစုံနဲ့ တီးတိုး ကြားမိလိုက်သလိုမျိုး...
မဟင်္သာ့ ရီသံတွေကို နားနှစ်ဖက်နဲ့ ယုယ ပွေ့ဖက်မိလိုက်သလိုမျိုး...
မဟင်္သာ့ ခြေသံတွေကို လက်နှစ်ဖက်နဲ့ ထိတွေ့ ပွတ်သပ်မိလိုက်သလိုမျိုး...
မေတ္တာဒီရေတွေ... တဖြည်းဖြည်းချင်းကို... တိုး... တိုး... ပြီး...
သန်းခေါင်ကျော်တာနဲ့... ကျနော်ဟာ... နိုး... နိုး... လာနေပြီကော... မဟင်္သာ...
(ညကြီးမင်းကြီး၊ ထပြီး ထိုင်နေ
အိပ်ယာတွေလည်း၊ ကြေမွ တွန့်လိပ်
သိပ်စိတ်ညစ်တယ်...)
လွမ်းဆွတ်ခြင်းပင်လယ်မှာ ကျနော်နစ်မြုပ်လို့ မဖြစ်ဘူး...
ရူးသွားလိမ့်မယ် မဟင်္သာ...
ကျနော့်ကို ကယ်တင်ပါ...
ကြေကွဲခြင်း ဖယောင်းတိုင် တချောင်းလို...
ကျနော် ပူလောင် ပျော်ကျ တိုဝင်သွားရတော့မလား... မဟင်္သာ...
ကျနော် လိုချင်တာကို ရွေးချယ်ခွင့်ရဦးမယ်ဆို...
မဟင်္သာ့ ပန်းနုရောင် အင်္ကျီလေးများ အကြားမှာ
အပြာရောင် ပရုပ်လုံးကလေး တလုံးအဖြစ်
ကျနော့် ဘ၀ကို အဆုံးသပ်ခွင့်ပေးပါ... မဟင်္သာ...
ပြန်အိပ်မရသ၍
ကျနော် တမ်းတလွမ်းဆွတ်နေရပြန်ဦးတော့မယ်... မဟင်္သာ...
atn
Subscribe to:
Post Comments (Atom)

0 ယောက် ဒီလိုပြောခဲ့တယ်:
Post a Comment