Aug 12, 2011

သူ့ကို ၂ ပိုင်း ခွဲပြီးချစ်မှဖြစ်မယ်... မေမေ...




















ကားတိုက်မှုဖြစ်သလိုမျိုး... ချစ်ခဲ့ကြတယ်...
နောက်ပြန်လှည့်လို့ မရဘူး... ဘုရားတွေကို တလို့မရဘူး... ဆက်ချစ်ကြဖို့ပဲ တတ်နိုင်တော့တယ်...
သတင်းခေတ်ကြီးဆိုတော့... မသိချင်တာတွေလည်း သိရ...
သူ့ ရည်းစားဟောင်းက ဘယ်သူဘယ်ဝါ... တော်ပါပြီ... ဘာမှ မသိချင်ဘူး-ပြောလည်း မရ...
သူနဲ့ သူ့ရည်းစားဟောင်း တွဲရိုက်ထားတဲ့ ဒါ့ပုံတွေလည်း တွေ့ရ...
ငါ့နှယ် ဒုက္ခပါပဲ-လို့ ကိုယ့်ကိုယ်ကို ပြောမိတာကလည်း အကြိမ်ကြိမ်...
အချစ်ရယ်... နောက်တခါ... တွေ့ကရာလူတွေနဲ့ နင် ဒါ့ပုံမရိုက်နဲ့တော့...
အဲသလို မှာဖို့ကလည်း... သြဇာလိုသေးတယ်...
အဲသည်ကောင်မလေးက ဘလိတ်ဓါးလို... ခပ်ပါးပါးလေးပါ မေမေ...
ပါးပါး ထက်ထက်ကလေး...
ကျနော့်မှာ သူ့ကို ခက်ခက်ခဲခဲ ချစ်နေရတာ...
မလွယ်ဘူး... မလွယ်ဘူး...
သူ့ အတိတ်တွေကို ကျနော့်အရိပ်ထဲ ထားခဲ့မှဖြစ်မယ်...
ခဏနေဦး... မေမေ...
ဟောဟိုမှာ သူလာနေပြီ...
ကျနော် သွားမကြိုရင်... စိတ်ဆိုးတော့မယ်...
သူ့ကိုတော့ ၂ ပိုင်း ခွဲပြီးချစ်မှဖြစ်မယ်... မေမေ...


atn

3 ယောက် ဒီလိုပြောခဲ့တယ်:

လင်းဒီပ said...

အစ်ကို စာသားတွေက လန်ထွက်နေတာပဲ ။
ချာတိတ်တွေ ပက်လက်လန်သွားမယ် ။ :D
ကြိုက်တယ် ။ share ချင်လို့ မသွားပြီ ။

လင်းဒီပ said...

အဲသည်ကောင်မလေးက ဘလိတ်ဓါးလို...
ပါးပါး ထက်ထက်ကလေး..
သူ့ကိုတော့ ၂ ပိုင်း ခွဲပြီးချစ်မှဖြစ်မယ်...

ချာတိတ် said...

ကဗျာလေး ယူသွားပါသည်။