Aug 8, 2011
အဲ့သည် တယောက်ဟာ... God-damn-it-ပြောရဆိုရ-လက်ပေါက်ကပ်တယ်... အင်ဒရီယာ...
အရာအားလုံးဟာ ကိန်းဂဏန်းတွေ... calculate လုပ်ပါ... နီးခြင်း-ဝေးခြင်း... ချစ်ခြင်း-မုန်းခြင်း... ဒေါ်လာ-ကျပ်ငွေ ဈေး အတက်အကျ... စိတ်ဓါတ်နဲ့ မာန်မာနတွေ အဆုံး... တွက်ပါ... ချက်ပါ... ကြည့်ပါ... ညှိပါ... စကပ်တိုတို ၀တ်ပါ... မျက်လုံးများကို ရေတွက်ပါ... tank ကျပ်ကျပ် တထည်အနောက်မှာ... ဗို့အား ဘယ်နှစ်သိန်းလောက်... ကောက်ကောက်ပါလာမလဲ... စစ်တမ်းယူပါ... record တွေကို အသေအချာ သိမ်းဆည်းပါ... ပျောက်ပျက်သွားစရာ မကောင်းဆုံးသော အရာများထဲမှာ... မျက်လုံး တလုံး တလေလောက် ပါနေဦးမလား... အဲ့သည် တယောက်ဟာ... God-damn-it-ပြောရဆိုရ-လက်ပေါက်ကပ်တယ်... အင်ဒရီယာ...
နေ့မှာ... ညမှာ... ကြင်နာသူကို... မတွေ့ရရင် မနေနိုင်အောင်ပါပဲ... အဲသလိုသီချင်းမျိုးကိုလည်း... သတိရတိုင်း ဆိုဆိုပေးနေရသေးတယ်... စိတ်ကောက်မှု အကြိမ်ကြိမ်... မီးရောင် မှိန်မှိန်အောက်မှာ... unidentified ပိုးဟပ်တွေ... နားကို ခြေထောက်မှာ ကပ်ထားတဲ့ abnormal ကောင်တွေ... နံဟောင်မှု အချိုးအစားက DEQ အတိုင်းအဆ ဘယ်ရွေ့ဘယ်မျှ ရှိနေသလဲ... စာရင်းဇယားဆွဲပါ... ညရောက်လာမှ... ပေါက်ပေါက်ချလာတဲ့ကောင်တွေ... ဦးရေ ဘယ်ရွေ့ ဘယ်မျှ ရှိနေကြပြီလဲ... analysis လုပ်ပါ... အဲ့သည် တယောက်ဟာ... God-damn-it-ပြောရဆိုရ-လက်ပေါက်ကပ်တယ်... အင်ဒရီယာ...
ဆုနာမိလည်း မဟုတ်... လှိုင်းကြက်ခွပ်လည်း မဟုတ်... mega surge wave လား... ငါ့ရင် ကတုပ်ကို totally ဖုံးအုပ်သွားဦးမှာလား... ကျည်မပေါက်တော့တဲ့ jammed သေနတ်တလက်နဲ့... စိတ်ပျက်ရတဲ့ အချိန်တွေမှာ... digital camera နဲ့... မဲ့ရွဲ့နေပုံ... တရာလောက် ရိုက်လိုက်ပါလား... CNN မှာ Head Line မဖြစ်လည်း Sun နဲ့ National Enquirer မှာတော့ တကြိမ် တခါလောက် အရူးတယောက်-ဆိုပြီး... ပါနိုင်ပါကောင်းရဲ့... အဲ့သည် တယောက်ဟာ... God-damn-it-ပြောရဆိုရ-လက်ပေါက်ကပ်တယ်... အင်ဒရီယာ....
သွားမယ်... လာမယ်... လည်မယ်... ပတ်မယ်... ပျော်မယ်.. ပါးမယ်... နေ့တွေကို ရေတွက်ဖို့ မေ့ထားမယ်... အကြိမ် ၂၀၀... တိတိ ပါပဲ... တကြိမ်ကို... ရက်သတ္တပတ်.... ဆိုတော့ကာ... absolutely မေ့လျော့ထားမှုဟာ... ဘယ်လောက်ကြာနေပြီလဲ... do the counts... PLEASE... အနှစ် ၄၀ ရှိနေပြီလား... သက္ကရာဇ်တွေဆိုတာ... New York က... Sub-way ရထားမှ မဟုတ်တာ... လက်မှတ်မပါလည်း စီးဖြစ်ကြဦးမှာပါ... ဒါကိုပဲ... ရထားစီးမယ်-မစီးဘူး... ရူးရူး-မူးမူး... စိတ်လို လက်ရ ငြင်းခုန်နေကြရဦးမှာတဲ့လား... အဲ့သည် တယောက်ဟာ... God-damn-it-ပြောရဆိုရ-လက်ပေါက်ကပ်တယ်... အင်ဒရီယာ...
atn
Subscribe to:
Post Comments (Atom)

0 ယောက် ဒီလိုပြောခဲ့တယ်:
Post a Comment