ခင်ဗျား လက်ဖ၀ါးလေးတွေကို ကျနော့် လက်ဖ၀ါးထဲ
ချစ်ခြင်းမေတ္တာလေးတွေလည်း ထည့်ထားပြီး
ကျနော် ဖြစ်ညှစ်ဆုပ်ကိုင်ထားချင်တာပေါ့ မဟင်္သာ...
ချစ်ခြင်း မေတ္တာဆိုတာ လက်ဖ၀ါးချင်း ဆုပ်ကိုင်ထားတာလည်း အကျုံးဝင်တယ်လေ...
အဲသည့် မနက်ခင်းလေးတွေကိုတော့ မဟင်္သာ မပါပဲ...
ကျနော် တယောက်တည်း ဘယ်တော့မှ မသွားဘူး... မဟင်္သာ...
ယုံပါ...
ကျနော်က သိပ်ချစ်တတ်သူပါ...
ဘယ်နေရာမဆို အတူတကွပဲ သွားကြမယ် မဟင်္သာ...
ကျနော်တို့ နှစ်ယောက်
မြေနဲ့ မိုးအဆုံး တမိုးအောက်မှာ နှစ်ယောက်... အတူတကွ...
အဲသလို ကျနော်က ချစ်တတ်ချင်သူပါ မဟင်္သာ...
သစ်ခွ အပြာလေးတွေ... ဖြူရာကနေ ပြာလာသလိုမျိုး...
မဟင်္သာကို ချစ်တဲ့ ကျနော့် အချစ်တွေ ပြာမှိုင်းလာနေပြီ မဟင်္သာ...
တခါတခါမှာ ကျနော် ကိုယ်တိုင်လည်း ပန်းခရမ်းပြာတပွင့် ဖြစ်ချင်တယ် မဟင်္သာ...
မဟင်္သာ့ ရီမောသံလေးတွေကို ကျနော် နားထောင်ပြီးတဲ့အခါ...
သည်ကမ္ဘာကြီးဟာ ပိုပြီး လှပလာတယ်...
မဟင်္သာ လျှောက်ဖို့ လမ်းတွေကျနော် ချဲ့ထွင်ပေးရမယ်...
မဟင်္သာ ရီမောဖို့ နေ့ရက်တွေ
ကျနော့် လက်နှစ်ဖက်နဲ့သာ ယက်လုပ်ပါရစေတော့ မဟင်္သာ...
ဘုရားသခင်သာ ကျနော် ဖြစ်ချင်လာပြီ...
မဟင်္သာ...
အလင်း... ဖြစ်စေ...
သစ်ခွ အပြာတပွင့်... ဖြစ်စေ...
နှစ်ယောက်အတူ... ရင်ခုန်နိုင်သော... မနက်ခင်းလေးတခု... ဖြစ်စေ...
မဟင်္သာကို... ကျနော် သိပ်ချစ်နေမိတာ... သေချာနေပြီ... ဘုရားသခင်...
atn

0 ယောက် ဒီလိုပြောခဲ့တယ်:
Post a Comment