Sep 4, 2011

ငါ့ရင်မှာတော့ ဝေဒနာတွေ အပွင့်အခက် အ၀ါအနီနဲ့ အင်ဒရီယာ...














မျက်လုံးထဲမှာ အစိမ်းရောင်တွေ မြင်နေရတယ်...
မြက်ခင်းတွေတော့ ဟုတ်ပုံ မရဘူး...
အိမ်နံရံမှာ အပြာရောင်တွေ ကပ်နေတယ်...
ချစ်ခြင်းမေတ္တာတွေလည်း ဟုတ်ပုံမရဘူး...
အိမ်ရှေ့ တံခါးဝမှာ အ၀ါရောင်တွေ...
တမ်းတခြင်းတွေလည်း မဖြစ်နိုင်ဘူး...
လမ်းဘေးမှာ ပန်းခရမ်းပြာတွေ...
စိတ်ခံစားမှုတွေလည်း မဟုတ်ပါဘူး...
လက်နှစ်လုံးလောက်ပဲ ခွက်ထဲမှာ ကျန်နေတယ်...
ဝိုင်အနီတွေလည်း မဟုတ်ဘူး...
ငါ့ လက်နှစ်ဖက်ထဲမှာ ရဲရဲနီနေ...
သွေးတွေလည်း မဟုတ်လောက်ဘူး...
စိတ်အလျဉ်တွေ ပြေးလွှားနေတဲ့ အဖြူရောင်ထဲမှာ...
ငါ့ဘ၀ မှောင်နေပြီလား...
အင်ဒရီယာရေ့... နင့်အတွက် ငါ့ခံစားမှုတွေ မဲနက်နေပြီ...
မနက်ဖန်ကို
ငါ ဘယ်လို ရင်ဆိုင်ရပါ့...

atn

0 ယောက် ဒီလိုပြောခဲ့တယ်: