Sep 8, 2011
သစ်ရွက်တွေကြွေတာ ငါနဲ့ မဆိုင်ဘူး... ဘုရားသခင်နဲ့ပဲ ဆိုင်တယ်...
ဖမ်းဆုပ်လို့ မရတာမျိုးတွေပဲ...
အိမ်ထောင်... သားမွေး...
မြို့တည်... နန်းစံ...
အဲသလိုကို ရုပ်ရှင်ဆန်နေကြတဲ့ ဘ၀ကြီးထဲမှာ...
ငါ့ကိုယ်ငါကလည်း... နေသာသလို နေနေလိုက်ရတာပါပဲ...
ဒါကိုပဲ တခုပ်တရ ပြောနေနေကြရတယ်...
ဘ၀... ဆိုပဲ...
ဟေ့... အေတီအန်...
နိုင်ငံရေး မဆန်တော့ဘူး... လို့...
ပြောချင်ရာသာ ပြောကြပေရော့...
ဟော့သည်မှာ...
လွှတ်ချပစ်လိုက်ပါတယ်...
ဂုဏ်သိက္ခာ-ဆိုတဲ့ မျက်နှာဖုံး...
ကိုယ့်စာမျက်နှာကို ကိုယ်တိုင်လှန်ဖတ်ခွင့် မရတဲ့ လူ...
ကိုယ့်ပြက္ခဒိန်ကို တနေ့တခါ စာရွက်ဖြဲခွင့် မရသူ...
ကိုယ့်နံရံမှာ ကိုယ့်ဓါတ်ပုံကို မှန်ဘောင်သွင်းခွင့် မရသူ...
ကိုယ့်လမ်းနံဘေးမှာ တောရိုင်းပန်းလေးတွေလည်း စိုက်ပျိုးထွေးပွေ့ခွင့် မရသူ...
ငါ... ယုံကြည်တာ...
တခုပဲ ရှိပါတယ်...
ငါ... ကိုယ်တိုင် မလွတ်လပ်သေးသရွေ့...
ငါနဲ့ ပတ်သက်သမျှ
ဘာမှ လွတ်လပ်မှာ မဟုတ်...
ဘုရားသခင်...
လွတ်လပ်စွာ ရေးချင်ရာရေးခွင့်... ပေးပါ့...
မပေးလည်း... ရေးချင်ရာရေးမယ်...
လွတ်မြောက်မှု-ဆိုတာ
ခြောက်ခြားမှုနဲ့ အကြောက်တရား နံရံတွေရဲ့ တခြား တဖက်မှာ...
စိမ်းမြသစ်ရွက်တွေကို...
မကြွေပါစေနဲ့တော့ ဘုရားသခင်...
ရေတံခွန်တွေကိုသာ ပြောင်းပြန်စီးပြလိုက်ပါတော့...
သစ်ရွက် အကြွေများအတွက်
သင့်ကို...
အေတီအန် ခွင့်လွှတ်သည်...
atn
Subscribe to:
Post Comments (Atom)

4 ယောက် ဒီလိုပြောခဲ့တယ်:
“ကိုယ့်စာမျက်နှာကို ကိုယ်တိုင်လှန်ဖတ်ခွင့် မရတဲ့ လူ...
ကိုယ့်ပြက္ခဒိန်ကို တနေ့တခါ စာရွက်ဖြဲခွင့် မရသူ...
ကိုယ့်နံရံမှာ ကိုယ့်ဓါတ်ပုံကို မှန်ဘောင်သွင်းခွင့် မရသူ...
ကိုယ့်လမ်းနံဘေးမှာ တောရိုင်းပန်းလေးတွေလည်း စိုက်ပျိုးထွေးပွေ့ခွင့် မရသူ...”
အဲဒီအပိုဒ်လေးကြိုက်တယ် ကိုကြီး....
ကဗျာလေး ကမိုက်တယ်အကို ... ရေးတက်ချင်လိုက်တာ အဲလိုမျိုးလေး..
ခံစားအားပေးလျှက်..
ကောင်းသောနေ့လေး ဖြစ်ပါစေလို့..
ကဗျာကိုခံစားပြီးဖတ်ခဲ့ပါတယ်...
ဂုဏ်သိက္ခာတွေကိုကိုင်မထားပဲ
လွှတ်ချနိုင်ရင်တော့
တစ်ချို့နေရာတွေအတွက်
ဘ၀မှာအကောင်းဆုံးပါပဲ
ခင်မင်တဲ့ jas
ဟော့သည်မှာ...
လွှတ်ချပစ်လိုက်ပါတယ် ...
ဂုဏ်သိက္ခာ ဆိုတဲံ မျက်နှာဖုံး...
အဖေငယ့်မှာ ကိုယ့်ကျင့်သိက္ခာ ဝတ်ရုံ ရှိနေတာပဲ အဲ့ဒီမျက်နှာဖုံး လွှတ်သာ ချပစ်လိုက်း)
Post a Comment