Oct 27, 2011

တကောင်ထဲပဲ... ဒါပေမယ့်... ခြင်္သေ့...



















ခြင်္သေ့တကောင်ဆိုတော့ကာ
ကျားတကောင်လို မနာခဲ့ဘူး...
တော သုံးထောင်ကို အစိုးရမယ်...

တပင်ထဲက သီးတဲ့ အသီးချင်း အတူတူလို့
ငါ့ကိုတော့ တလုံး လာ ပိုမရှူနဲ့...
ငါက မင်းတို့ အားလုံးထက် ၀င်းမှည့်ပြခဲ့ပြီးပြီ...

ဒါ့အပြင်...
အမှည့်လွန်ပြီး မြေပေါ် ကြွေကျသွားမယ့် သစ်သီးထဲမှာ
ငါ မပါဘူး...
ဆွမ်းတော်တင်တဲ့ ကလပ်ပေါ်မှာ
ငါက သန့်သန့်နဲ့ ခန့်ခန့်ကြီး...

ဘယ်အပင်က... ဘယ်လို... အင်...
ဘယ်အပွင့်က... ဘယ်လို... လွင့်...
ဘယ်အကောင်က... ဘယ်လို... ဟောင်...
သိပြီးသား...
ရီးတီးယားတား... ဇီးသီးနွားစား...
အားအားယားယား လျှောက်ပြောမနေနဲ့တော့...
နားညည်းတယ်....
ဗဲရီးအနွိုင်းယင်း...

ငါ့ကို လမ်းလာမပြနဲ့...
ငါက ကန်းနေတဲ့ကောင် မဟုတ်ဘူး...

အားလုံး ကိုယ့်နေရာမှာ ကိုယ်နေ...

ငါလည်း...
ငါ့ကတုပ်ကျင်းလေးထဲမှာ
ငါနေတယ်...
အထီးကျန်နေသည့်တိုင်အောင်...
တကောင်ထဲပဲ...
ဒါပေမယ့်... ခြင်္သေ့... ...

နွား မဟုတ်ဘူး...
ဖား မဟုတ်ဘူး...
ငါး မဟုတ်ဘူး...
ကျား မဟုတ်ဘူး...

ကေသရာဇာ ခြင်္သေ့...

atn

on Saturday, October 8, 2011 at 10:07pm

0 ယောက် ဒီလိုပြောခဲ့တယ်: