Oct 27, 2011

ဆိုလိုရင်းက လိုတိုရှင်းပါပဲ မဟင်္သာ...












ကြွေးထူ - မပူ...
သန်းထူ - မယား...
ဒဏ်ရာတွေ ထူများတဲ့အခါ
ကျနော် မနာတတ်တော့ဘူး မဟင်္သာ...

မဟင်္သာ့ ဒေါသမီးတွင်းထဲက
မျှား အစင်းစင်းကို ပစ်လွှတ်ပါ့...
ဟောသည့် ကျနော့် ရင်ဝကြီးဟာ
ပစ်ကွင်းပါ... မဟင်္သာ...
စိတ်ရှိ လက်ရှိသာ အမျက် လေးညှို့ကို တင်ပါ့...

မျှားချက် တသောင်းမတိုင်မီ...
ကျနော် လဲကျသွားသည် ဆိုပါစို့...
အဲသည် လေးညှို့တင်ခဲ့တဲ့ လက်ကလေးနှစ်ဖက်ကိုပဲ
အသက်ထွက်ရင်း ချစ်မက်နေခဲ့တယ်ဆိုတာ
မဟင်္သာ သိပါစေ...

atn

on Tuesday, October 4, 2011 at 10:34pm

0 ယောက် ဒီလိုပြောခဲ့တယ်: