Oct 27, 2011
ဒီပရင်္ဂ ကဗျာဆရာကို ရေသူမနဲ့ အတူ ကျနော် မတွေ့လိုဘူး...
ကဗျာတွေ ရှင်ချင်ရင်...
ကဗျာဆရာတွေ သေဖို့သာပြင်...ဆိုတဲ့
သူ့စာကို ဖတ်ပြီးတဲ့နောက်မှာ
ကျနော့်ထက် တနှစ်ပဲကြီးတဲ့ သည်ကဗျာဆရာကို
ကျနော် ချစ်သွားမိတာပါ...
နေ့ရက်တွေကလည်း ချောင်ပိတ်ခံထားရတဲ့ အတွေးအခေါ်တွေ အပြည့်နဲ့....
ကျနော်က သူနဲ့ မျက်နှာချင်းကို မဆိုင်ဖူးသူပါ...
ခက်တာက သူနဲ့ သူ့ နိစ္စဓူဝများက...
ကျနော်နဲ့ နိစ္စဓူဝ....
သည်လိုပါ...
ကျနော့်စာမျက်နှာလေးမှာ
သူ့အမည်နာမကို မှတ်တမ်းတင်ထားချင်ရုံလေးပါ....
ဘာလို့ဆို....
သူ့ကဗျာတွေကို ကျနော် ချစ်တယ်...
ကဗျာတွေကို ချစ်ရင်...
ကဗျာဆရာကိုလည်း...
ချစ်ရပေမပေါ့....
လူတကာ ပြောနေကြတဲ့... ရေသူမ...
ထို့အတူ...
ဒီပရင်္ဂ....
ရေသူမကို ကျနော် ချစ်စရာလားဗျာ....
လှသန်း ချစ်ချင်ချစ်....
ကျနော်ကတော့ မချစ်ဘူး...
အမြင်ကပ်တယ်..
ဒီပရင်္ဂဂဇာတ်လမ်းသာ...
တခမ်းတနား...
သူ့ဘ၀ကို
တခမ်းတနား သူ ဖြတ်သန်းခဲ့....
ဒါကိုပဲ
ကျနော်တို့ တသသ လွမ်းနေရဦးတော့မယ်...
ကျနော့် လက်ဟာ
လှသန်းလက်နဲ့ဘာမှ မဆိုင်သည့်တိုင်...
သူ့ အတွက် ဂုဏ်ပြုကဗျာတပုဒ်တော့
ကျနော့် လက်နဲ့ ရေးနိုင်ခွင့် ရှိပါတယ်...
လက်မရွံ့ကဗျာဆရာ
ထာဝရ ရှင်သန်ခဲ့ပြီ...
(atn)
(လေးစား မြတ်နိုးစွာ ချစ်ခင်ခဲ့ဖူးသော ကဗျာဆရာ လှသန်းအတွက် အမှတ်တရ...)
atn
Subscribe to:
Post Comments (Atom)

1 ယောက် ဒီလိုပြောခဲ့တယ်:
ကမ္ဘာပျက်လဲ ကဗျာတွေကိုရှင်သန်စေချင်သလို
ကဗျာရေးသူ(ကဗျာဆရာ)တွေကိုလဲ
မသေစေချင်သူပါ။
ကဗျာမရှိရင် ကမ္ဘာဆိုတာလဲမရှိနိုင်ဘူးလို့ထင်နေသူမို့ပါရှင်။
Post a Comment