Nov 1, 2011

မနက်ခင်းနဲ့ ရင်ဆိုင်တွေ့တဲ့အခါ ပစ်ခတ်သတ်ဖြတ်ပြီး ငါ ယူထားမယ်




















အိတ်ကြီး တအိတ်ကို
လွယ်ခဲ့တယ်...
ပိုးခဲ့တယ်...
ဘယ်လောက်ကြာသွားတယ် မသိဘူး...

ငါ မောပမ်းလာတဲ့အခါ...
လမ်းဘေးမှာ
အဲ့သည် အိတ်ကြီး ခဏချပြီး နားခဲ့တယ်...

သိပ်မကြာဘူး...
ချွေးသိပ်အပမ်းပြေပြီးတဲ့အခါ... ပြန်လွယ်ခဲ့တာပဲ...

အဲသည် အိတ်ထဲ... ဘာတွေ ပါလာလဲ...
ငါ မသိဘူး..

ထင်တာကတော့ အတ္တတွေပဲ ပြည့်ကျပ်နေမယ်...

ကဗျာနဲ့ ခေါင်းစဉ်
ဘာမ မဆိုင်ဘူးလို့ မပြောနဲ့...

မနက်ခင်းကို
မတွေ့မချင်း ငါလိုက်ရှာနေတာ...
ငါနဲ့ ပက်ပင်းတိုး ရင်ဆိုင်တွေ့တဲ့အခါ...
သေပြီသာ မှတ်ပေတော့ မနက်ခင်း...

မင်းကို
အသေ ရ ရ
အရှင် ရ ရ
ငါယူပြမယ်...
ဟုတ်ပြီလား...

atn

1 ယောက် ဒီလိုပြောခဲ့တယ်:

jasmine(တောင်ကြီး) said...

လူတိုင်းအဲဒီအိပ်ကြီးကိုထမ်းနေရတာပါ
အတ္တတွေပေါ့။