Dec 24, 2011

ကျေးဇူးတင်ပါသည် ဒီဇင်ဘာ...

by Augustine Nge on Thursday, December 1, 2011 at 9:27am
















ဒီဇင်ဘာက
ငါ့ကို ဆွဲဖွင့်လိုက်တော့......
ဇစ်တပ်ထားတဲ့ ငါ့ အနွေးထည် ထူထူကြီးက
အေးအေးဆေးဆေး ပွင့်ထွက်သွားတယ်...
မင်္ဂလာပါ... ဒီဇင်ဘာ...

မနက်ခင်း-နေ-က
ဖြည်းဆေး အေးငြင်း လျှောက်နင်းလာတဲ့လမ်းမှာ
ငါ့အား... နမ်းပါ့... ဒီဇင်ဘာ...

ချိုမြသော...
နွေးထွေးသော...
အေးစက်သော...
ခြောက်သွေ့သော...
အထီးကျန်သော...
အကျည်းတန်သော...
နိဂုံးဆန်သော...
ရိုးသားသော...
ရှုပ်ထွေးသော...

နောက်ထပ်
မည်သို့သော နာမ၀ိသေသနများအား
သင့်အဖို့ လိုအပ်ထားပါသနည်း... ဒီဇင်ဘာ...

ငါ့ အဖို့ရာ...
ချစ်သူတယောက် မွေးဖွားပေးခဲ့ပါသော ဒီဇင်ဘာ...
မလာခင်က... ကြိုနှင့်ပြီ...
မငိုခင်က... ဖြေသိမ့်ပြီ...

ဤကမ္ဘာမြေကို
ကောင်းမြတ်ခြင်း အထပ်ထပ်
ရစ်ပတ် လွှမ်းမိုးစေသတည်း...

atn

7 ယောက် ဒီလိုပြောခဲ့တယ်:

ဘိုဖြူ said...

ဟုတ်တာပေါ့ဗျာ
(ဤကမ္ဘာမြေကို
ကောင်းမြတ်ခြင်း အထပ်ထပ်
ရစ်ပတ် လွှမ်းမိုးစေသတည်း)----
နှစ်သစ်မှာ ပျော်ရွှင်မှု
အောင်မြင်မှု တွေအပြည့်အ၀ရရှိပါစေလို့

ချစ်ကြည်အေး said...

Merry X'mas & Happy New Year ပါ အကိုငယ်

ချစ်သော....
ညီမချစ်

jasmine(တောင်ကြီး) said...

နှစ်သစ်မှာ ကဗျာထဲကလိုပဲ ကောင်းမြတ်ခြင်းတွေ
အထပ်ထပ်နဲ့ ပျော်ရွှင်မှုတွေ အပြည့်အ၀ရပါစေ

မိုးငွေ့...... said...

ကိုကြီးငယ် ကဗျာလေးဖတ်ရတာ လွမ်းမောရတယ်....။ ဒါပေမယ့် သိပ်လှတဲ့ ဒီဇင်ဘာအတွက် နှုတ်ဆက်ကဗျာလေးပါ...။
နှစ်သစ်မှာ ပျော်ရွှင်ပါစေကိုကြီး ...။

မီယာ said...

Merry Christmas ကိုATN!

သဒ္ဓါလှိုင်း said...

ဒီဇင်ဘာကဗျာလေးကလည် ထိထိရှရှလေးပါ။ နောက်ထပ် ချိုသာတဲ့ နာမဝိသေသနတွေကိုပဲ လိုလာမိတယ်အကို.။
ချစ်တဲ့
မိညီမ

LNK said...

nice...bro :)