Apr 11, 2008

ဘာပြောရမလဲ မသိတော့ဘူး။

ကျနော့်ရဲ့ - မဆုံးခဲ့တဲ့ကဗျာ- ပို့စ်ကို ဖတ်ဖူးသူများ သိကြမှာပါ။ အဲဒီမှာ ကျနော့် အမေအကြာင်း ကျနော် ပြောပြခဲ့ဖူးတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ လင်ယောက်ျားအတွက် မယားကောင်း တယောက်၊ သားတွေအတွက် အမေကောင်း တယောက်။ ဗမာပြည်အတွက် နိုင်ငံသားကောင်း တယောက်။ သူ ကိုယ်တိုင်လည်း အများအကျိုး ဆောင်ခဲ့တယ်။ လင်းယုန် တကောင်လို အမြင့်ဆုံး ပျံသန်းခဲ့တယ်။ အဲဒီအတွက် အမေ ကိုယ်တိုင်လည်း နရသိန်ရ်ထဲကို ၀င်ချည်ထွက်ချည်။

မုန်တိုင်းတွေ သိမ်းဖွက်ထားတဲ့ မြက်ရိုင်းထူထူတွေထဲ ကျနော့် ဘ၀ကို နှစ်မြုပ်ထားချိန်မှာ အမေက မှာခဲ့ဖူးတယ် - သား.... ချစ်ခြင်းမေတ္တာမှာလည်း သစ္စာရှိပါ။ ကိုယ့်ယုံကြည်ချက်အပေါ်မှာလည်း သစ္စာရှိပါ။ လက်နက်ချတဲ့ အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ပါနဲ့-တဲ့ မှာခဲ့တယ်။ အမေက အဲလို အမေမျိုး။

အခုတော့ ကျနော့်ကိုတောင် နှုတ်မဆက်ပဲ လူ့လောကကြီးထဲက ထွက်ခွာသွားခဲ့ပြီ။ ကျနော် သီချင်းတွေ မဆိုနိုင်တော့ဘူး။ ကဗျာတွေ မစပ်နိုင်တော့ဘူး။ အမေနဲ့အတူ ကျနော် သေသွားပြီ။ ဘာထပ်ပြောရမလဲ ကျနော် မသိတော့ဘူး။

4 comments:

  1. ကိုအောင်သာငယ်...
    နံမယ်အရင်းနဲ့..သမိုင်း အရင်း ကို ခု မှ သိရပါတယ်။
    မိသားစု နဲ့ထပ်တူ ၀မ်းနည်း ပါတယ် ဆိုတဲ့စကား ထက် ပိုမဆို နိုင် တော့ပါဘူး။

    အမေ မတိုင်ခင် ကလည်း..အမေ့အမေ တွေ..အမေ့အဖေ တွေ ဖောက်နေ ကြတာပဲ..ခေတ်နဲ့ဦးတည်ချက် တွေ သာ ကွာ မှာပါ။ အမေ လည်း.. ဖောက်ခဲ့တာပဲ။။ အားလုံးလည်း ဆက် ဖောက်နေ ကြ ရမှာပါပဲ။ ပူပန်ခြင်း..၀မ်းနဲခြင်း..မျှော်လင့်ခြင်း တွေ ကင်းတဲ့ နေရာ မှာ.. အမေ နားခို နေပါစေ။ သူ တကယ်ကို ငြိမ်းချမ်း နေ မှာပါ.။

    ReplyDelete
  2. အကိုရေ ခုလိုအချိန်မျိုးမှာဒီလိုသတင်းဖတ်
    လိုက်ပြီး စိတ်မကောင်းလွန်းလို. မေငိုရပါ
    တယ်အကိုရယ်။မေ့အမေလဲ ကင်ဆာရောဂါ
    ကြောင့် မေသိပ်မကြာခင်ဒီလိုအဖြစ်ကြီးကို
    ကြုံတွေ.ရတော့မှာအကိုရဲ့။လက်နက်မချနဲ.
    လို.သားကိုပြောတဲ့အကို.အမေရဲ့သံမဏိစိတ်
    ဓာတ်ကိုလေးစားလိုက်တာ။ဒီလောက်တိုင်းပြည်
    အပေါ်ချစ်တဲ့၊မယားကောင်း၊အမေကောင်း၊
    မြန်မာနိုင်ငံသားကောင်းပီသတဲ့အမေတစ်
    ယောက်ဆုံးရှုံးသွားရလို. စိတ်မကောင်း
    အင်မတန်ဖြစ်မိပါတယ်။ပြီးတော့သားတစ်
    ယောက်ရဲ့ဝမ်းနည်းကြေကွဲမှုကိုစာနာမိပါ
    တယ်လို.ပြောပါရစေအကို။

    ReplyDelete
  3. ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်ဗျာ။

    ReplyDelete
  4. အကို ရေ အမေက မသေပါဘူး ...
    အမြဲထာ ဝရ ရှင်သန်နေမှာပါ.....
    ချစ်ခြင်း တရားနဲ. ကိုယ်ယုံကြည် ချက်ပေါ် သစ္စာ
ှရှိ ပါတဲ. ......။

    ဒီစကား ဟာ ကျနော်တို. သွေးကြော ထဲစီးဆင်း
    ရှင်သန် နေမဲ.မြစ်တစ်စင်းပါပဲ.....။

    ကျနော်တို. ဘယ်တော.မှ လက်နက်မချဘူး အကို........။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...