Apr 24, 2008

ဒုတိယအသက်











တူတာတွေက မတူကြ၊
မတူတာတွေက တူကြ၊
နီးနေတာတွေက ဝေးကြ၊
ဝေးနေတာတွေက နီးနေကြ။
ဒီဘ၀၀ခရီးထဲ....

တကယ့် အဖြစ်အပျက်တွေက
နွေလည် အိပ်မက်၊
အိပ်ပျက်ညတွေကတော့
တကယ့် အဖြစ်အပျက်ရဲ့ ဇာတ်ကြောင်းပြန်။

ဒီလိုနဲ့
ငါ့ရဲ့ရှင်သန်မှုက
နှစ်ခု ဖြစ်နေ...

ဒီလိုနဲ့
ဝိဥာဉ်ကို
အရံလူထားခဲ့လို့ရမယ်ဆို
အခါတရာမက
မရဏတရားနဲ့
ကစားပွဲတွေ
ငါ ဆက်ခဲ့ချင်နေသေးတယ်။

ဒုတိယအသက်မှာ
ငါ ရှင်သန်မယ်၊
ငါ သေဆုံးမယ်။
ငါ ပျော်ရွှင်မယ်။
ငါ ငိုကြွေးမယ်။
ငါ လွတ်လပ်မယ်။
ငါ အနှောင်အဖွဲ့ကျမယ်။
ငါ တူညီမယ်။
ငါ ကွဲလွဲမယ်။
ငါ ရဲရဲနီမယ်။
ငါ မှိုင်းမှိုင်းပြာမယ်။
ငါ စိုပြည်မယ်။
ငါ ခြောက်သွေ့မယ်။
ငါ တမ်းတမယ်။
ငါ မေ့လျော့မယ်။
ငါ ရွေ့လျားမယ်။
ငါ ရပ်တန့်မယ်။

ဒါကို
တစုံတယောက်က
ညီမျှခြင်း မချသည်အထိ။

ATN

4 comments:

  1. ညီမျှ အဆင်ပြေပါစေ အစ်ကိုကြီး :P

    ReplyDelete
  2. ကိုအောင်သာငယ်- ဒီကဗျာ ကို မှတ်ချက် ရှည် ကြီး အဖြစ် ပေးသွားတဲ့ အတွက်..ကျေးဇူးပါ။
    ဟုတ်တယ်နော်.. ဒုတိယ အသက်။
    တတိယ အသက် သာ .. ရှိ ရင်တော့..မလွယ်ဘူး။း))

    ReplyDelete
  3. ကဗျာကောင်းတယ်ဗျာ။ ကြိုက်တယ်။

    ReplyDelete
  4. အကို..
    ညီမလေး မေဇွန်ဦးရဲ့  နာမည် နောက်တခုက မေဂျီလား၊ နေခြည်လား သိပါရစေ...
    မေဂျီ လို့ သိထားခဲ့ဖူးလို့ ပါ။
    ကျေးဇူးတင်ပါတယ်။
    အစစ အရာရာ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိပါစေ...။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...