Nov 18, 2008

ကြေမွနေတဲ့ကဗျာ
















အပျင်းပြေရေးတဲ့ ကဗျာတပုဒ်ကို မကြိုက်တဲ့အခါ
စာရွက်တရွက်ဟာ လုံးချေ ပစ်ချခံရ-
နေ့ရက် တရက် ကြေမွ...

ဟင်းတခွက် ပြီးမြောက်ဖို့
ဂျင်း၊ ငရုတ်သီးခြောက်နဲ့အတူ ကြက်သွန်နီဟာ ပါးပါးလှီး ထုထောင်း ခံရ -
နေ့ရက် တရက် ကြေမွ...

မွေးနေ့ လက်ဆောင်တခုကို မြင်ရဖို့
လှလှပပ စက္ကူတရွက် ဆွဲဖြဲ ဖြည်ချခံရ-
နေ့ရက် တရက် ကြေမွ...

အတွင်းထဲက မမြင်ရတဲ့ အဆံ
လူတယောက် အရသာ ခံဖို့ ဗံဒါသီး အက်ကွဲပေးရ-
နေ့ရက် တရက် ကြေမွ...

ရေဟာ လင်မနစ် ဖြစ်ဖို့
ဆား၊ သကြား၊ သံပုရာနဲ့အတူ ရောဖျော်ခံရ -
နေ့ရက် တရက် ကြေမွ...

သည်လိုနဲ့
ထူသည်ထက် ထူလာတဲ့ ပြက္ခဒိန်မှာ...
စာရွက်တရွက်...
ကြက်သွန်နီတလုံး...
စက္ကူအဖုံးတခု...
တလုံးသော ဗံဒါသီး...
လင်မနစ်ဖြစ်ပြီးသောရေ...
ပြည့်နှက်လွန်းနေပြီ။

အကိုကြီးရေ...
အမကြီးရေ...
ညီလေးရေ...
ညီမလေးရေ...
ငါတို့တွေ...
ကမ္ဘာမကျေဘူး...ဟေ့....

ATN

11 comments:

  1. ဟုတ်ပါတယ်။
    အများအတွက် အကျိုးရှိဖို့ ကြေမွရတာဆိုတော်ပါဦးမယ်။
    အကျိုးမရှိတဲ့ တစ်စုံတစ်ခုတည်မြဲဖို့ ခံရတာဆိုရင်မတန်ဘူး

    ReplyDelete
  2. အကိုရေ....
    ကောင်းတယ်ဗျာ

    ReplyDelete
  3. ကဗျာကို ပုံဖော်သွားကြောင်းပါ၊ အားပေးလျက်

    http://winzaw-mdy.blogspot.com

    ReplyDelete
  4. (ထပ်တူထပ်မျှ ခံစားမိပါကြောင်း....)

    ငါတို့တွေ...
    ကမ္ဘာမကျေဘူး...ဟေ့....
    ..............
    စိတ်မပျက်ကြေး..
    နောက် မဆုတ်ကြေး..
    အားမလျှော့ကြေး...
    .......
    ညီညွတ်ကြ..
    သွေးစည်းကြ...
    ပူးပေါင်းကြ...
    ဆက်လက်ပြီး...တော်လှန်ကြပါ စို့.............။

    ReplyDelete
  5. အကိုကြီးရေ...
    အမကြီးရေ...
    ညီလေးရေ...
    ညီမလေးရေ...
    ငါတို့တွေ...
    ကမ္ဘာမကျေဘူး...ဟေ့....

    လူတိုင်းရင်ထဲ ထပ်တူ ထပ်မျှပါဘဲ အကိုရေ...။

    ReplyDelete
  6. ကဗျာလေးကိုလာခံစားရင်း လက်ဝဲသုန္ဒရကိုတောင်
    သတိရသွားတယ်....

    ReplyDelete
  7. ကောင်းတယ်အစ်ကိုရေ.............

    ReplyDelete
  8. အကိုနဲ့ ထပ်တူ ခံစား မိပါတယ်
    အကိုကြီးရေ။

    ReplyDelete
  9. သည်လိုနဲ့
    ထူသည်ထက် ထူလာတဲ့ ပြက္ခဒိန်မှာ...
    စာရွက်တရွက်...
    ကြက်သွန်နီတလုံး...
    စက္ကူအဖုံးတခု...
    တလုံးသော ဗံဒါသီး...
    လင်မနစ်ဖြစ်ပြီးသောရေ...
    ပြည့်နှက်လွန်းနေပြီ။

    ဒီ..ပါဒ လေးကို အရမ်းနှစ်ချိုက်ပါတယ် အကို။

    ReplyDelete
  10. sin dan lar ၊ ကိုနေ၊ ကိုဝင်းဇော်၊ မမ၊ ညီငယ် လင်းထက်၊ မနော်၊ ညီငယ် အိုင်လွယ်ပန်၊ ညီငယ် ကိုအောင်၊ ညီမ ယောနသံစင်ရော် - လာလည် ဖတ်ရှု ခံစား ကွန်မန့် ပေးသွားကြတဲ့အတွက် ကျေးဇူးပါ။
    အားလုံးပဲ ချမ်းမြေ့ကြပါစေ။

    ReplyDelete
  11. ပေးချင်ပါတယ်ဒါပေမဲ့
    ဆရာကပိုချမ်းသာတယ်
    ကွန်ပျှူတာ အများကြီးပိုင်တယ်
    အနော်က သူများဆိုင်မှာ လယဆော့ရဒါ
    တလုံးလောက် စွန့်ပါလားဟင်
    ဒီကဗျာလေးကိုကူးသွားတယ်
    ဒီနေရာကိုလာလို့မရတဲ့ online fri တွေကိုပေးဖတ်မလို့
    စိတ်ဆိုရင်လည်းနောက်မှဘဲ maill ပို့ပီးဆိုနော် ဆရာ

    mynewlife34@gmail.com
    my_newlife34@yahoo.com
    hunt2008@live.com

    ဒါကတော့အလကားရလို့ ဖွင့်ထားဒါ
    ပိုက်ဆံပေးရရင်မရှိဘူး
    အမေကမှာထားတယ် ပိုက်ဆံပေးရမယ်ဆို အမေ့ကိုအရင်ပြောတဲ့ ဘာလိုလဲဆိုတော့ ဒီမလေးရှားကိုလာတဲ့ ပိုက်ဆံတောင်မကျေသေးလို့ဗျာ................ဟိဟိ စိတ်ဆိုနဲ့ဂျာ

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...