Dec 9, 2008

ကံကြမ္မာ


ရင်တပွေ့စာ... တိမ်တအုပ်နဲ့...
အိပ်မက်တဆုပ်ကို... မျှားမိခဲ့…
ရေခမ်းသွားတဲ့... ပင်လယ်မှာ… ။

ATN

10 comments:

  1. ဓာတ်ပုံရော၊ကဗျာရော
    ရင်ကိုထိတယ်...လေးနက်စွာခံစားသွားပါတယ်

    ReplyDelete
  2. ကဗျာလေးရဲ့ ကာရံလေးအရမ်းလှတယ်..
    ဘာသာပြန်ကြည့်ပြီး ခေါင်းစဉ်နဲ့ မတွဲတတ်ဘူး ဖြစ်နေတယ်....ကဗျာဆိုတာ ဒီတိုင်းပဲဖတ်ရတာဖြစ်မယ်...
    ဖတ်သူ ပိန်းတာလဲပါမယ်.....ဒီကောမန့်ကြောင့် ကဗျာစရာ စိတ်လေသွားမှာလဲစိုးပါတယ်.....ဟီးးးးးးး

    ReplyDelete
  3. ရေမရှိတဲ့ ပင်လယ်မှာဆိုတော့ မျှားပေမယ့် ဘာမှမရလိုက်ဘူးပေါ့နော် အန်ကယ် ကဗျာက တွေးစရာတွေနဲ့............

    ReplyDelete
  4. အပေါ်က ဒုတိယကောမန့်က "ကဗျာဆရာ "ရေးတာ "ကဗျာစရာ" ဖြစ်သွားဒယ်.. ဆောဒီးးးးးးး

    ReplyDelete
  5. ကိုယ့်ခံစားချက်နဲ့ကိုယ် မလုံတဲ့သူမို့ ဘယ်သူဘာရေးရေး ကိုယ့်ကိုရည်ရွယ်ရေးနေသလိုလို

    ReplyDelete
  6. ခံစားသွားပါတယ်..အကိုရေ...ထိလှသဗျာ

    ReplyDelete
  7. ဓါတ်ပုံလေး လဲ လှ..
    ကာရံလေးက လဲ လှ..

    ဒါပေမဲ့..
    ခြေကုန် လက်ပန်း ကျချင်လိုက်တာ ..။

    ReplyDelete
  8. တိုတိုလေးနဲ့သိပ်ကိုကောင်းတဲ့ကဗျာလေးပါအကို
    ပင်လယ်ရေတွေခမ်းခြောက်နိုင်ပေမယ့်ကံကြမ္မာတွေက
    တော့မခမ်းခြောက်နိုင်ပါဘူးအကိုရေ...
    ကူးခတ်ကြရမှာပေါ့ဗျာ..
    ခင်မင်လေးစားလျက်...

    ReplyDelete
  9. ကောင်းလိုက်တာ...

    ReplyDelete
  10. mirror - ကျေးဇူးပါ...
    sin dan lar - ကွန်မန့်ကြောင့် စိတ်မလေပါ...
    တူမောင်မျိုး - တွေးပြီး ဘာမှ မရလိုက်ရင်တော့ ထပ်တွေးစရာ ဖြစ်လာလိမ့်မယ်...
    sin dan lar - ကွန်မန့်ကို ”ကဗျာကယာ” ရေးမိလို့ ဖြစ်ပါလိမ့်မယ်...း)
    ThuHninSee - ခံစားချက်ခြင်း တူနေလို့ ဖြစ်ပါလိမ့်မယ်...
    ကိုနေ - ကျေးဇူးပါ...
    MaMa - ကဗျာ ကြောင့်လားဗျာ...း)
    ဆောင်းယွန်းလ - ကိုယ့်ညီပြောတာ အမှန်ပေါ့ကွာ...
    MANORHARY - ကျေးဇူးပါ...

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...