Dec 27, 2008

ပြန်ဖွင့်ဖတ်တဲ့စာအုပ်ဟောင်း












နှစ်သစ်ကူးတော့မယ်...။

ပြက္ခဒိန်အသစ်တချပ်
နံရံမှာ ကပ်ရတော့မလား...။

ဆယ့်နှစ်ကြိုးတပ်
ငါ့ ဗြပ်စောင်းကတော့
ဂစ်တာဟောင်းအိုကြီးပါ...
အသံသာဖို့ကိုပဲ ကြိုးညှိညှိနေရ
ခက်ခဲလှချည့်...။

ကြိုး အဟောင်း
သီချင်း အဟောင်း
တူရိယာ အဟောင်း
လူကြီးလူကောင်းဆန်ရတာ
သံစဉ်တွေခမျာ
ပင်ပမ်းရှာပေတယ်...။

ကြိုး အသစ်
လဲ ဖြစ်တဲ့ နေ့တော့
အကြိုက်ဆုံး ပေါ့ပ် သီချင်းတပုဒ်ကို
ပြောင်းပြန်လုပ်ဆိုပစ်ဦးမယ်...။

ATN

Photo Source: http://www.rawstrategies.com/pntg/!guitar.jpg

16 comments:

  1. အသံသာဖို့အတွက်
    ကြိုးညှိရတာ....
    တကယ်ကပင်ပန်းလွန်းလှတယ်အစ်ကိုရေ.....
    ကောင်းသောနေ့ပါဗျာ...

    ReplyDelete
  2. အဲဒါက မဟာဂီတ မဟုတ်ဘူးလား...။

    ReplyDelete
  3. ကဗျာရောပန်းချီကိုပါကြိုက်တယ်..
    သီချင်းပြောင်းပြန်လုပ်ဆိုမယ့်နေ့ကကြိုးအသစ်လဲဖြစ်တဲ့
    နေ့ဆိုတော့ ကြိုးသစ်လဲရင်ကျနော်တို့ကိုလည်းအသိပေး
    ဦးအကိုရေ...

    ReplyDelete
  4. အဲဒီနေ့ကြရင် ဟစ်ပ်ဟော့ချဗျာ။ ဘလောဒ့်ကိုဆင်ထားတာ မိုက်တယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

    ReplyDelete
  5. ကြိုးအသစ်တပ်တဲ့ နေ့ကျရင် အကြောင်းကြားပါ။

    ReplyDelete
  6. အိုင်လွယ်ပန် - ဟုတ်ပါ့ ညီရေ့... ကောင်းသောနေ့ပါ...
    မပန် - ဟုတ်မယ် ထင်ရဲ့...
    ဆောင်းယွန်းလ - ၁၂ ကြိုးဆိုတော့ တော်ရုံနဲ့ လဲဖြစ်ပါ့မလား ...း)
    ငြိမ်းချမ်းအောင် - ဟုတ်ပါ့... ဟစ်ပ်ဟော့ပ်၊ ရော့ခ်၊ ပေါ့ပ် အစုံပေါ့ကွာ...း)
    ခေါင်ခေါင် - ဟုတ်ပြီ...

    ReplyDelete
  7. ဂစ်တာမတီးတက် ကြိုးအကြောင်းနားမလည်ပေမယ့် သာယာတဲ့ ဂီတသံတွေ င်္တီးခပ်ချင်တဲ့ အန်ကယ့်အတွက် ၃ ကြိုးတစ်ချောင်းလောက် အပြေးဝယ်ပေးချင်တယ်း)

    ReplyDelete
  8. တစ်ခါတစ်လေကျတော့
    အဟောင်းလေးကပဲ ပိုကောင်းနေတတ်တာနော်...း)..
    ......
    ကြိုးအဟောင်းတွေနဲ့ တီးခဲ့ တဲ့ သံစဉ်ဟောင်း
    တွေကိုလဲ နှစ်သက်ခဲ့တယ်....
    .........
    ကြိုးသစ်လဲပြီးမှ ဆိုမယ်လို့ ကြိမ်းဝါးထာတဲ့
    ပေါ့ပ် သီချင်းကိုလဲ စောင့်နားထောင်မယ်....
    ..........
    ချစ်စရာ country လေး တစ်ပုဒ်လောက်လဲ
    Request ထပ် လုပ်မယ်......
    ............
    မင်္ဂလာရှိတဲ့ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ.....

    ReplyDelete
  9. ကြိုးအဟောင်းကိုလည်းမထားခဲ့ပါနဲ့
    ကြိုးသစ်ကလေးနဲ့ဖေးမလို့ခေါ်ခဲ့ပေးပါ

    ReplyDelete
  10. ရင်ထဲက အဟောင်းတွေက တော့ ချန်ထားရစ်ခဲ့လို့ မဖြစ်သေးဘူး

    လင်း

    ReplyDelete
  11. တချို.က ဟောင်းနေပေမယ့် ကောင်းနေဆဲ အရာတွေ အများကြီးနော် ကိုကြီအောင်ရေ။ ကြိုးအသစ်လဲလိုက်ပေမယ့် ကြိုးအဟောင်းတွေကိုလည်း တန်ဖိုးထားပြီး ခံစားမယ့်သူတွေ အများကြီး ရှိပါတယ်။ သီချင်း ပြောင်းပြန်လုပ်ဆိုဖြစ်ရင် ပြောပါဦးဗျာ။

    ReplyDelete
  12. လူကြီးလူကောင်းဆန်ရတာ
    သံစဉ်တွေခမျာ
    ပင်ပန်းရှာပေတယ်.. တဲ့..
    လှတယ်...

    ReplyDelete
  13. တယ်လဲ စိတ်ကြီးပါလား။ ပြောင်းပြန်တီးမယ်ဆိုတော့..ဘယ်လိုမျိုးပါလိမ့်။း)

    ReplyDelete
  14. အကို အောင်ခိုင် ခင်ဗျားးးးး အကို့ဆန္ဒ မကြာမီ ဖြည့်စွမ်းပေးပါ့မယ်၊ အကို့ ကဗျာလိုပဲ ဂစ်တာဟောင်းလေ၊ သံစဉ်ဟောင်းလေ၊ ပြက္ခဒိန်တွေ ကွာကျပါများလေ၊ သောက ဗျာပါဒ များလေမို့လို့ နားလည်နိုင်မယ်လို့ ထင်လို့ တလေးတစား လာရောက် ပြောပြရခြင်းပါ။ ဒီဇင်ဘာဟာ ကျနော့ အတွက်တော့ သောကတောင်တန်း ရာသီမို့ပါ။

    ReplyDelete
  15. စကားလုံးလေးတွေ သင်ယူ၊ နာယူ သွားတယ်။
    ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ..

    http://winzaw-mdy.blogspot.com

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...