Dec 31, 2008

အလင်းရှိရာ လာခဲ့တယ်





















၂၀၀၈ ရဲ့
မဲမှောင်ပေညစ်တဲ့ တိမ်တအုပ်
နှလုံးသားနဲ့ထုပ်
၂၀၀၉ ရဲ့ မုခ်မှာ
ငါ... မြှုပ်ခဲ့ပါတယ်...

ခုတော့
တောအုပ်ခင်တန်းထဲကနေ
တလှမ်းချင်း...
တလှမ်းချင်း...
အလင်းရှိရာ
ငါ.. လာနေပြီ... ဟေ့... ... ...

ATN

13 comments:

  1. 2009 မှာ နှလုံးသားဗလာနဲ့ ချီတက်တော့ မယ်ပေါ့။
    ကြိုဆိုလျက်ပါ၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ

    Http://winzaw-mdy.blogspot.com

    ReplyDelete
  2. ကဗျာဖတ်င်္ပြီး အားရှိသွားတယ်....သင့်ခယူး..

    ReplyDelete
  3. သူလာနေပြီဆိုပဲ ...
    ဟေ့ လမ်းဘေးကပ်ပေးလိုက်ကြစမ်း :P
    အဟေးဟေး
    Happy New Year ပါအစ်ကိုကြီး

    ReplyDelete
  4. နှလုံးသားတော့..
    မမြှုပ်ထားခဲ့ နဲ့လေ....း)...
    ....
ံHappy New Year ပါ.........

    ReplyDelete
  5. အလင်းတွေထဲမှာ..အားလုံး တူးဆွ ဖော်ထုတ်နိုင်ပါစေ။

    ReplyDelete
  6. တစ်လှမ်းချင်း လှမ်းခဲ့ အလင်းရှိတယ်လို့ ထင်ရတဲ့ အမှောင်ထဲက စောင့်နေတယ် အန်ကယ် ။ ဖိနပ်ထူထူစီးထားနော့် ခဲဆူးမှာ စိုးလို့ဗျ ။

    ReplyDelete
  7. ၀ိမုတ္တိ အလင်းဆီကိုလား

    ReplyDelete
  8. အလင်းရှိရာ...တဲ့လား

    ReplyDelete
  9. အလင်းရှိရာ ရောက်နိုင်ပါစေဗျာ။

    သုခမိန်(E-Journal)

    ReplyDelete
  10. ကဗျာရော ဓါတ်ပုံပါ ကြိုက်တယ်။ ကိုယ့်ဘာသာ အတိတ်နမိတ် ကောက်ပြီး ခွန်အားတွေရသွားပါတယ်။ လာလည်တာ ကျေးဇူးပါ။

    ReplyDelete
  11. ကဲ..လာ..အလင်းရှိရာ လက်တွဲလျှောက်ရအောင် မောင်နှမများ..:)

    ReplyDelete
  12. ကိုဝင်းဇော် - ကျေးဇူးပါ။
    sin dan lar - U r welcome!
    ကိုရင်ညိန်း - same to you, Nyi Lay!
    Ma Ma - Same to you!
    Kay - ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ...
    တူမောင်မျိုး - စိတ်မပူနဲ့ အန်ကယ်က မျက်စေ့ ကောင်းတယ် မျက်မှန်နဲ့...း)
    ကိုမျိုးဝင်းဇော် - သိသားနဲ့ဗျာ...
    မနော် - ဦးတည်စရာ ဒီတခုပဲ ရှိတယ်လေဗျာ...
    သုခမိန် - ကျေးဇူးပါဗျာ...
    မီယာ - ခွန်အားတွေရသွားလို့ ၀မ်းသာပါတယ်...
    မစ်ရာ - အားလုံး အတူတကွ... ဟေ့...
    အိပ်မက်နက် - Same to you, Nyi Lay!

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...