Jan 23, 2009

တနှစ်ပြည့်ပြီ

သားသား တနှစ်ပြည့်ပါပြီ။
ဦးဦး ဒေါ်ဒေါ်တို့ အားလုံး မင်္ဂလာပါခင်ဗျာ။


ဒီပုံကတော့ အန်တီ သီရိ ဆွဲပေးထားတဲ့ မွေးနေ့လက်ဆောင်ပါ။
ကျေးဇူးကမ္ဘာပါနော် အန်တီရေ့...


အနော့ကို ပါပါးက စန်တာကလော့စ် လုပ်ခိုင်းထားတယ်။


စန်တာကလော့စ် လုပ်ရတာ စိတ်ညစ်လာပြီ။


စန်တာကလော့စ် မောလို့ အိပ်ပီဗျာ...။

35 comments:

  1. ချစ်စရာကောင်းလိုက်တဲ့ ကလေး။
    Happy Birthday သားသားလေးရေ..
    အမေတူလေးမို့ ချောတာထင်ပါရဲ့ နော် :P

    ReplyDelete
  2. ညီလေးက ဖအေတူလို့ဖြစ်မယ် လူချောပဲဗျ
    Happy Birthdayး)

    အောက်ဆုံးပုံလေး ယူသွားတယ် ချစ်စရာကောင်းလို့ ။

    ReplyDelete
  3. ပျော်ရွှင်တဲ့ မွေးနေ့လေး ဖြစ်ပါစေ။
    ညီလေးက ချစ်စရာလေးပါ။
    အမေချစ်လား၊ အဖေချစ်လား မသိ။
    နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်ပါစေခင်ဗျာ။

    ReplyDelete
  4. ကလေးကချစ်စရာကောင်းတော့သေချာတာ
    အဖေမတူလောက်ဘူး..း)
    Happy Birthday ပါကလေးရေ...

    ReplyDelete
  5. Happy Birthday သားသား!!
    ကလေးလေးက ချစ်ဖို့ ကောင်းတယ်။

    မမိုးချိုသင်းက ... အမေတူလေးမို့ ချောတာထင်ပါရဲ့ နော်တဲ့..
    မောင်မျိုးက ... ဖအေတူလို့ဖြစ်မယ် လူချောပဲဗျ

    သားသားက အမေ နဲ့  တူတာလား အဖေ နဲ့  တူတာလား.. နှစ်ယောက်လုံးနဲ့ တူတာလား..

    သားသားရဲ့  အမေ နဲ့  အဖေ နှစ်ယောက်လုံးကို မမြင်ဘူးလို့  ဘယ်သူနဲ့  တူမှန်း မမှန်းတတ်ဘူး။ ဘယ်သူနဲ့ တူလဲ ပြောပြပါ..

    ReplyDelete
  6.ံHappy Birthday !!! ပါ ..
    ချစ်စရာ သားသားလေးရေ့..
    အဖေ နဲ့ အမေ အတွက်...အား...
    တိုင်း ပြည် အတွက် ..အား..
    အနာဂတ် ရဲ့ သားကောင်း ရတနာ လေး ဖြစ်ပါစေ....

    ReplyDelete
  7. HAPPY BIRTHDAY ပါ သားသား ရေ.
    အနာဂတ်အတွက်ထူးချွန်ထက်မြက်တဲ့ သားကောင်းရတနာလေးဖြစ်ပါစေလို့ တီတီဝါ ကဆုတောင်းပေးသွာပါတယ်နော်။

    ReplyDelete
  8. ငှက်လေးသုံးကောင်ထဲက အငယ်ဆုံးငှက်လေးပါလား။
    ချစ်စရာလေး...။အပေါ်ဆုံးကပုံလေး ပေးပါ။ယူမယ်။

    အစ်ကိုပြောတော့ ခြင်္သေ့ချည်းပဲ....တဲ့။မြေခွေးတစ်ကောင်မှ
    မပါဘူးတဲ့.........။
    အားကိုးရမယ့် ခြင်္သေ့ သားလေးဖြစ်ပါစေ.။

    ReplyDelete
  9. Happy Birthday သားသားလေးရေ..
    အမေတူလေးမို့ ချောတာနေမှာပါ :P

    ReplyDelete
  10. 3 Jan 09, 04:26
    htin kyaw: happy birthday to your son

    ReplyDelete
  11. ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေ သားသားလေးရေ..

    သားသားလေးက ချစ်စရာကောင်းလိုက်တာ..
    စန်တာကလောခ့်လေး အိပ်နေတာ ကူးထားလိုက်ပါတယ် ချစ်လို့..
    အန်တီသီရိ ကလည်း ဆွဲထားတာ တော်လိုက်တာနော်.. :)

    ReplyDelete
  12. သားကလေး အဲလောက်ငယ်မှန်းမသိဘူး..
    ချစ်စရာကောင်းလိုက်တာ....။
    ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ.. ကလေးလေး...။

    ReplyDelete
  13. သားသားလေး မွေးနေ့ မှာ ပျော်ရွှင်ပါစေဗျား

    ReplyDelete
  14. ပျော်ရွှင်ပါစေ အနာဂတ်လေးရေ

    ReplyDelete
  15. သားတော်မောင်လေးကတော့ အထက်ကလေးတွေပဲနေမှာဗျို့ ခလေးအတွက် ပီတိဖြစ်ရပါတယ်ဗျား

    ReplyDelete
  16. ဒီက ရေစင်က ဓာတ်ပုံလာကြည့်ပြီး
    အော်.. ဆင်တာကလော့ Happy New Year တဲ့
    (သူတို့ချင်းနှုတ်ဆက်ပလေ့စေတော့)

    ReplyDelete
  17. ဒီက ရေစင်က ဓာတ်ပုံလာကြည့်ပြီး
    အော်.. ဆင်တာကလော့ Happy New Year တဲ့
    (သူတို့ချင်းနှုတ်ဆက်ပလေ့စေတော့)

    ReplyDelete
  18. HAPPY BIRTHDAY ပါ သားလေး ရေ...
    *** အဖေနဲ့  တူတာ ဟုတ်လားဟင်...

    ReplyDelete
  19. 23 Jan 09, 09:47
    YoungGun: ရောက်တယ် 23 ရက်နေ့ဖွားလေးဆိုရင်တော့ ငါးဂဏန်းသမား၊ ခြင်္သေ့အလံတော်သင်္ကေတပေါ့ဗျာ။ ကံကောင်းပါစေ။

    ReplyDelete
  20. 23 Jan 09, 10:02
    mie nge: Happy Birthday to yr son, ko aungthange!

    ReplyDelete
  21. နဲနဲအရောက်နောက်ကျသွားတယ်၊ သားလေးက ချစ်စရာလေးဘဲဗျ၊ သးလေးအတွက် ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

    ReplyDelete
  22. အိပ်နေတဲ့ပုံလေးက ချစ်စရာလေး

    အပေါ်က သူ့အန်တီကပုံဆွဲတော်လိုက်တာ

    သားလေး ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။

    ReplyDelete
  23.့ ချစ်စရာကောင်းလိုက်တာဗျာ....
    HAPPY BIRTHDAY ပါ ကလေးရေ !

    ReplyDelete
  24. အငယ်ဆုံးလေး မွေးနေ့ဆုတောင်း လာရေးတာ နောက်ကျသွားတယ်။

    ပျော်ရွှင်ချမ်းမြေ့စရာ အနာဂတ်တွေကို ပိုင်ဆိုင်ပါစေ သားသားလေးရေ။

    ReplyDelete
  25.ိုကိုဆက်ရေ...ငှက်လေးသုံးကောင်ထဲက အငယ်ဆုံးငှက်လေးလား။?
    ခလေးတွေကချစ်စရာကောင်းလေ ..ကျနော်တို့ အဖေတွေ ရုန်းကန်ရလေ...သူတို့ အတွက် ငွေရှာရကျိုးနပ်လေပေါ့နော်....
    သားတို့ အဖေ ဖြစ်လာမှ-- ကျနော်တို့ ရဲ့ မိဘတွေလည်းကျနော်တို့ အပေါ် မွေးကင်းစမှစလို့ 
    ကျနော်တို့ ကို တစိမ့်စိမ့်ကြည့်ရင်း..
    "သားတို့ ရုပ်ရည်
    သီတာမည်သား
    ရေကြည်ချမ်းမြ
    တပေါက်ကျက
    မိဘတို့ ဝမ်း
    ငြိမ်းစတမ်း"ဆိုတဲ့လင်္ကာကို ရွတ်မယ်လို့ တထစ်ချယုံတယ်။ဘာလို့ လဲဆိုတော့ ကျနော်လည်း မနေ့ တနေ့ ကမှ ကလေးအဖေ စဖြစ်လာလို့  ရွတ်မိလို့ ယုံမိတာဗျို့ ...။အလုပ်ကပြန်လာတာနဲ့ အပြစ်ကင်းတဲ့သားလေးမျက်နှာကို မြင်လိုက်ရင် ရင်ထဲငြိမ်းသွားတယ်ဗျာ..။ကိုဆက်လည်းငြိမ်းမှာယုံပါတယ်။

    ReplyDelete
  26. အလုပ်များနေလို့ရောက်တာနောက်ကျသွားတာဦးဦးကို
    ခွင့်လွှတ်ပါသားသားရေ...
    Happy Birthday ပါသားသားလေးရေ...

    ReplyDelete
  27. အင်းကြီးလာရင် ဖအေတူသားလေးဖြစ်ပြီး
    ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်မှာတော့ မြင်သေးဗျား။
    ၁နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ကျန်း
    မာချမ်းသာပြီး ဘေးဘယာတွေဝေးပါစေဗျား။

    ReplyDelete
  28. သားလေးက ချစ်စရာကောင်းတယ်နော်။ တစ်နှစ်ပြည့် ဆုတောင်းပေးသွားပါတယ်။

    ReplyDelete
  29. Happy Birthday Tar Nge Lay.
    He is so cute.

    ReplyDelete
  30. ဟက်ပီဘတ်ဒေးပါဗျာ ။ အဖေတူသားလေးထင်ပါရဲ့။ ပျင်းဖို့နဲ့ အိပ်ဖို့နဲ့ တူတာပြောတာပါ

    ReplyDelete
  31. 24 Jan 09, 01:08
    nml: အငယ်ဆုံးလေးရေ Happy Birthdayပါ

    ReplyDelete
  32. 24 Jan 09, 07:41
    မောင်ကျည်ပွေ့: သားလေးက ချစ်စရာလေး အမေတူတယ်ထင်ပါ့ :heart:

    ReplyDelete
  33. အပြစ်ကင်းတဲ့ ကလေးဘ၀ဆိုတာကို ပြန်လည် ထင်ဟပ်စေတဲ့ ဓါတ်ပုံတွေနဲ့ ပန်းချီးကားလေးပါပဲ။

    Happy birthday ပါခင်ဗျာ။
    မွေးနေ့ဆုတောင်းက နည်းနည်း နောက်ကျသွားတယ်။

    ReplyDelete
  34. ဟိုလုပ်သည်လုပ်နဲ့ ကွန်မန့်တွေကို reply လုပ်ဖို့ နောက်ကျသွားတာ ခွင့်လွှတ်ကြပါ...း)
    ဆုတောင်းပေးကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေ အားလုံး ကျေးဇူးတင်ပါတယ်...
    ညီမချိုသင်း၊ တူမောင်မျိုး၊ မနော်၊ နေနေနိုင်၊ မေမိုး၊ သက်ဝေ၊ ကလူသစ်၊ မောင်ကျည်ပွေ့ - သားလေးက အမေနဲ့ ပိုတူပါတယ်။
    ကိုဝင်းဇော်၊ မမ၊ မ၀ါ၊ မစ်ရာ၊ ညီထင်ကျော်၊ ကိုရင်-ခင်လေးနဲ့ ကလေးလေး၊ ဆင်ဒဏ်လား၊ ကောင်းကင်ကို၊ ကိုမျိုးဝင်းဇော်၊ ကိုဂင်၊ ကိုဧရာ-မသီတာနဲ့ရေစင်၊ မခင်ဦးမေ၊ ယန်းဂန်း၊ မီးငယ်၊ ကမာကြီး၊ ကိုအောင်၊ မြတ်နိုး၊ ကိုအိုင်၊ မပန်၊ ကိုအိုး၊ ကိုဆောင်း၊ အိမ်၊ ပုံရိပ်၊ မကေ၊ nml နဲ့ JulyDream ဆုတောင်းများအတွက် ကျေးဇူးပါ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...