Jan 25, 2009

ရွှေနားတော်သွင်း ဧချင်း


ကုန်းနှီးတခုနဲ့ ကကြိုးတစုံလို
ချစ်ခြင်းမေတ္တာကို
ကျောမှာ သယ်ပိုး ချပ်ရပ်ရင်း
ယူဇနာ ထောင်ချီ ဒုန်းစိုင်း ချဉ်းနင်းခဲ့တဲ့
မြင်းရိုင်းကြီးတကောင်ပါကွယ် ...

အလွမ်း ဇက်ခွံ့လို့...
တမ်းတခြင်း ဖဲကြိုး ချုပ်နှောင် လူးလွန့် လှုပ်နိုးတဲ့အခါ...
အိပ်မက်ကို ရပ်တန့်ခဲ့ပါပြီ...

ဟောသည်မှာ...
ပျားရည် လိမ်းကျံ စိုစွတ် စိမ်းမြ
မနက်ခင်း ဖြူလွ နိုးထ ခုံမင်
တေးသံ ချိုလွင် နူးညံ့ ငှက်ငယ်များနဲ့
အရိုးသားဆုံး ရှင်းသန့် လှပ ဖြူစင် နေတဲ့
ချစ်မက် ခင်မင်ရာ လွင်ပြင်လေးတခု တွေ့တယ်...

အဲသည်မှာ
အပြာရောင်တွေနဲ့ ထုပ်ပိုး သိမ်းဆည်းထားတဲ့
မိုးသားတွေ ပြည့်နှက်နေပေါ့ ...

ခြောက်အိပ်မက်တွေက
တရေးနိုးထလေတိုင်းမှာ
မိုးသားတွေကို
နှင်းပွင့်တွေလို သောက်မိ...
တဘ၀စာ လောင်မြိုက်သောကတွေ
မိုးသီးတွေလို ပါးလျ ပျော်ကျ ပျောက်ရှ သွားတဲ့ အထိ...

ကြည့်ဦး...ကွဲ့....
မုန်တိုင်းနဲ့ မျက်ရည် အက်ဆစ်
ပန်းပွင့်တွေဖြစ်အောင် ပုံသွင်း
ချစ်ခြင်းမေတ္တာကို
နှင်းမိုးလို ရွာချ
အရိုးသားဆုံး ချစ်ပြဖို့ ... ...

သို့သော်လည်း
မြင်းကောင်း ခွာလိပ်ခဲ့သော နေ့ရက် တချို့
အိပ်မက်တို့ ကျိုးပဲ့ တွန့်လိမ် နှိပ်စက်...
အိပ်ပျက်ညများ ဂယောက်ဂယက်နဲ့ ...
တောခြောက်ခဲ့တဲ့ လက်တွေ...
မမြင်ရလေတဲ့ အနီအောက် ရောင်ခြည်တွေ...
တိမ်နီတွေ တိမ်ဝါတွေ တိမ်ပြာတွေ...
ဒါပေသည့်
လှလှပပ ဆင်ခြေတွေတော့ မဟုတ်လေဘူး...

သည်လိုနဲ့
ချစ်ခြင်းအားဖြင့်
ဗျာများနေခဲ့တဲ့ ပြက္ခဒိန်တခုသာ
အရိုးသားဆုံး
နှလုံးသားမဲ့ပြုံး ဖြစ်ခဲ့တယ်
ခွင့်လွှတ်ပါလေကွယ်...

ATN

22 comments:

  1. ကောင်းလှချည်လားကွယ် ။။လက်ဖျာခါသွားဒယ် ။

    ReplyDelete
  2. ၃ ခါပြန်ဖတ်သွားတယ်....။
    ခွင့်လွှတ်မှာပါလေ.....

    ReplyDelete
  3. အတော် ကောင်းတဲ့ ကဗျာလေးပါ..
    ဒါနဲ့..
    ခုတလော ကဗျာတွေ က..တမျိုးပဲ နော်...
    ဆွဲတဲ့ ပုံ တွေက အပြာရောင်တွေ..နဲ့ နစ်မွန်း လို့..
    ပုံ က...အပြာရောင်ထဲ က ထွက်ပြန်တော့လဲ..
    ကဗျာ မှာ ..အပြာရောင်တွေ... စွန်းထင်း လို့...

    ReplyDelete
  4. ကိုအောင် ရေ.. ကောင်းလှပါလား လက်စွမ်းတွေပြနေတာလားနော် စာသားတွေကတော့ လိုက်လို့တောင်မမှီပါလားဗျ

    ReplyDelete
  5. ရွှေနားတော် သို့အမြန်ရောက်ပါစေ အကိုကြီးရေ..။

    ReplyDelete
  6. ကဗျာတွေက ကောင်းလှချည်လား။ စာတွေ ခုမှ စုဖတ်သွားတယ်။ သားငယ်လေး မွေးနေ့လဲ ထပ် ဆုတောင်းပေးသွားတယ်။ ကျိန်စာလဲ ဖတ်သွားတယ်။ ပျော်ရွှင်ငြိမ်းချမ်းပါစေ ကိုအောင်သာငယ်ရေ။

    ReplyDelete
  7. ဥာဏ်မှီသလောက် ခံစားသွားပါတယ် အစ်ကိုကြီးရေ

    ReplyDelete
  8. ကဗျာလာဖတ်ပါတယ်ဗျာ :)

    ReplyDelete
  9. ကဗျာက ကောင်းတယ်ဗျာ။ မှတ်ချက်မထားဘဲ မနေနိုင်ဘူး။

    ReplyDelete
  10. ဟောသည်မှာ...
    ပျားရည် လိမ်းကျံ စိုစွတ် စိမ်းမြ
    မနက်ခင်း ဖြူလွ နိုးထ ခုံမင်
    တေးသံ ချိုလွင် နူးညံ့ ငှက်ငယ်များနဲ့
    အရိုးသားဆုံး ရှင်းသန့် လှပ ဖြူစင် နေတဲ့
    ချစ်မက် ခင်မင်ရာ လွင်ပြင်လေးတခု တွေ့တယ်...

    အဲသည်မှာ
    အပြာရောင်တွေနဲ့ ထုပ်ပိုး သိမ်းဆည်းထားတဲ့
    မိုးသားတွေ ပြည့်နှက်နေပေါ့
    တကယ့်ရွှေနားတော်သွင်းဧချင်းပါဘဲ.လှပနူးညံ့သေသပ်
    လှပါပေတယ်ဗျာ.....

    ReplyDelete
  11. အစ်ကို့ဖွဲ့စည်းမှုတော်တော်များများမှာ
    အပြာရောင်လေးလွင်နေတယ်...
    ဒီတစ်ပုဒ်လည်းကောင်းတယ်ဗျာ.....

    ReplyDelete
  12. ဟင်း အပြာရောင်တွေထုတ်မသုံးဘူးလား :P

    ReplyDelete
  13. ခွင့်လွှတ်ပါတယ်တဲ့။
    ကျေပါတယ် မအေးစိန်။
    mm

    ReplyDelete
  14. ဒီလိုကဗျာမျိုးနဲ့ဆိုရင် အရည်ပျော်ဆင်းသွားမှာ သေချာပါတယ်
    သီချင်းလေးလုပ်ဆိုကြည့်ပါလား
    စာသားလေးတွေ အတွေးလေးတွေ တကယ်ကို လှလွန်းလို့ ခဏခဏ လာဖတ်မိတယ်။

    ReplyDelete
  15. ဗွေမယူရက်ပါဘူး ခွင့်လွှတ်ပါတယ်တဲ့း)
    စကားကြုံလာပြောပြတာ ။

    ReplyDelete
  16. ကည့်ဦး...ကွဲ့....
    မုန်တိုင်းနဲ့ မျက်ရည် အက်ဆစ်
    ပန်းပွင့်တွေဖြစ်အောင် ပုံသွင်း
    ချစ်ခြင်းမေတ္တာကို
    နှင်းမိုးလို ရွာချ
    အရိုးသားဆုံး ချစ်ပြဖို့ ... ...

    ကောင်းလိုက်တာ အစ်ကိုရာ။

    ReplyDelete
  17. ကဗျာလေးခံစားသွားပါတယ်

    ReplyDelete
  18. မခင်ဦးမေ၊ ဆင်ဒဏ်လား၊ မမ၊ မမေ၊ လင်းထက်၊ မကေ၊ မစ်ရာ၊ U.G.C. ၊ ၊ ချိုသင်း၊ ကိုဆောင်း၊ ကိုအိုင်၊ Apprenticeship ၊ mm ၊ မပန်၊ တူမောင်မျိုး၊ ကောင်းကင်ကို၊ မနော်၊ စိတ်စမ်းရေ - အားလုံးပဲ မင်္ဂလာပါ ဖတ်ရှုခံစားပေးကြတဲ့အတွက် ကျေးဇူးပါ။

    ReplyDelete
  19. နှ လုံး သား မဲ့ ပြုံး ဟာ ..အ ရိုး သား ဆုံး ဆို သ တဲ့ လား ..
    တ ဘ ဝ စာ ​လောင်​ မြိုက်​ ​သော က ​တွေ တဲ့ ..
    တ ဖက်​ ထဲ ​တော့ မ ကြည့်​ ပါ နဲ့ ​လေ ..
    ခံ စား မိ သ မျှ ပါ ..

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...