Jan 26, 2009

လေးမြားတလက်နဲ့သီချင်းသည်

ဒီသီချင်းကို တင်ထားခဲ့တာ ကြာပါပြီ။ ဘလော့ စလုပ်ကာစက တင်ထားခဲ့တာပါ။ တနှစ် ကျော်ပြီ။ အဲတုန်းက Vid ကို playback လုပ်ပြီး WebCam နဲ့ ရိုက်ထားတာ။ အရုပ်နဲ့ အသံက လွဲနေလို့ ပြန်ဖြုတ်ထားတာပါ။ သူငယ်ချင်း တယောက်က ပြန်တင်ပေးပါဆိုလို့ ပြန်တင် လိုက်တာပါ။

Instrument အားလုံးကို 4-Track Recorder နဲ့ ဖမ်းထား ပါတယ်။ Rythm Guitar က Fender Stratocaster ပါ။ Boss PH-3 Phase Shifter တပ်ပြီး တီးပါတယ်။ Lead Guitar ကတော့ Jackson Dinky II ပါ၊ Boss DS-2 Turbo Distortion နဲ့ တီးထားတာပါ။ Bass Guitar ကတော့ Fender Precision ပါ။ Boss GEB-7 Bass Equalizer တပ်ထားပါတယ်။ Drums ကတော့ လုံးဝ မတီးတတ်လို့ Alesis SR-16 Drums Machine ကို သုံးထားတာပါ။ Keyboard ကတော့ Yamaha PSR ပါ။ သိပ်မတီးတတ်လို့ Chord လောက်ပဲ Backing တီးထားပါတယ်။ အားလုံး တီးပြီးသွားတော့ Vocal ကို PC ပေါ်မှာ Record လုပ်ပြီး MixDown လုပ်ထားတာပါ။ Vocal ကတော့ သိပ်မကောင်းပါ။

ကျနော်တို.ခေတ်မှာ ခိုင်ထူးဆိုတာ အလွှမ်းမိုးဆုံး အဆိုတော် တဦးပါပဲ၊ သူ့သီချင်းတွေ များစွာ ထဲမှာ ဒီသီချင်းက ကျနော့်တို့ ဘ၀တွေနဲ့ တူနေတယ်လို့ ခံစားရပါတယ်၊ ဒါကြောင့် ဒီ သီချင်း ကို ကိုယ်တိုင် ပြန်ဆို တီးခတ်မိတာပါ၊ သီချင်းရေး ဆရာက ကိုမောင်မောင်ပါ။

သီချင်းတပုဒ်လုံးရဲ. အစီအစဉ်တွေကို ကျနော် မမှတ်မိတော့ပါ။ ဒါကြောင့်မို့ မှတ်မိတဲ့ အဓိက နှစ်ပိုဒ်ကိုပဲ ပြန်တီးခတ် ထားပါတယ်။

လေးမြားတလက်နဲ့ သီချင်းသည်

အိပ်မရတဲ့အတူ မထူးတော့တဲ့ညမို့ ... တံခါးကို... ဖွင့်ကာ...
တိတ်ဆိတ်တဲ့ခြေလှမ်းရဲ.လျှပ်တိုက်သံ... နားကို... စွင့်ကာ...

ရောင်နီ မလာခင်... ကျေးငှက်တို့ရဲ့...

တေးသွားလေးကို... စည်းချက်တွက်ကြည့်ကာ...

ကြားမှာ... သံစဉ်ဖြည့်လိုက်တယ်...

သာယာတဲ့ နေ့သစ်ရဲ့အစ... တည်ငြိမ်ဆဲ... အခိုက်အတန့်မှာ...

တေးသံကို... ရှာဖွေရေးမှတ်ရင်းနဲ့... သီချင်းပုံစံ... သီကာ... ငြည်းမိတယ်။


စိတ်ချတဲ့လူရင်းမို့... ဖွင့်ဟကာ... မေးမယ်... ပြောလေ...

အားသစ်နဲ့ ခြေလှမ်းရဲ့ တက်ကြွသံ... ကြားရင်... သိမယ်...

တောင်စဉ်ခွန်နှစ်သွယ်... လှမ်းတက်ဖို့အတွက်...

ခရီးကြမ်းလမ်းကို... ထိုးဖောက်ရောက်ခဲ့ရင်...

သင့်ကို... ရှေ.မှာ ကြိုဆိုကြလိမ့်မယ်...

ရင်ဆိုင်မယ့် နေ့မရှိတဲ့ည... ငြိမ်သက်ဆဲ... အခိုက်အတန်.မှာ...

ဘေးရန်ကို... တင်ကြိုမှန်းဆရင်းနဲ့... မြားအိမ်ကို... လွယ်ကာ... ထွက်ခဲ့တယ်။



17 comments:

  1. သီချင်းသံ ကောင်းကောင်းမကြားရဘူး အစ်ကို.. တိုးတိုးလေးရယ်...၊ ဂစ်တာသံကတော့ ကျယ်တယ်...။

    ReplyDelete
  2. နားထောင်လို့ရဘူး ကိုအောင်ရေ

    ReplyDelete
  3. တီးလုံးသံကတော့ကောင်းကောင်းကြားရပါတယ်။ အသံလဲကြားရတယ။် နဲနဲတိုးတာ ပါ. အများကြီး မတိုးပါဘူး။။

    ReplyDelete
  4. မှတ်ချက်
    အသံတိုးတာ ကောင်းပါတယ်။ စင်ဒရဲလားရယ်။ စိုင်းထီးဆိုင် ကိုမျက်လုံးလေး မှေးပြီးကြည့်သလိုပေါ့။

    ReplyDelete
  5. ဒီသီချင်းနားထောင်ဖူးသလိုပဲ အန်ကယ် ကျနော့်ကိုပေးနားထောင်ဖူးတယ်လားလို့ =)

    ReplyDelete
  6. သီချင်းတွေ လာနားထောင်သွားတယ်။ စိတ်မဆိုးရင်တော့ ဝေဖန် လိုက်အုံးမယ်။ vocal က နဲနဲ ကီးချော်နေတယ်။ :P

    ReplyDelete
  7. ဒီသီချင်းကို ကြားမိတော့ ဂစ်တာမတီးတာ ကြာပြီဖြစ်တဲ့ ဒူကဘာ့ စိတ်ထဲ မရိုးမရွ ဖြစ်မိတယ်၊ ဒီသီချင်းက မြစ်ကြီးနား ဒေသကောလိပ်တို့ မန္တလေး ရွှေမန်းဆောင် တွေမှာ အပိုင် "ဟစ်" ဖြစ်ခဲ့လို့ပဲ ရေပူရေချမ်း ကမ်းလှမ်းတာတွေ ပြန်မြင်ရောင်ရင်း၊ ငယ်မူကို ပြန်သလို ဖြစ်သွားရတဲ့ အထိ ဆွဲဆောင်မှု ပေးခဲ့တဲ့ အတွက် ကျေးဂျူး ဂိုင်ကဘာ ကောဆိုင် ကိုခိုင်....။

    ReplyDelete
  8. သီချင်းတွေ၊ အသံတွေ သူများဝေဖန်ပြီးပြီဆိုတော့ ဖောက်ထွက်ပြီး ဝေဖန်လိုက်အုန်းမယ် (ဖောက်ထွက်ရင် နာမည်ကြီးတယ်ဆိုလို့ပါ၊ အောက်ဖက်ကို ဖောက်ထွက်ရင်တော့ အ၀ီစိက စောင့်နေလိမ့်မယ်)။

    ကိုအောင်သာငယ် တော်တော်အားတယ်ထင်တယ်နော် :) ။ ပို့စ်တွေလဲ အဆက်မပြတ်တင်၊ ဂီတာတွေလဲ တီး၊ ပန်းချီတွေလဲဆွဲ။ အားကျပါပေ့။ အချိန်နဲနဲလောက် ချေးစမ်းပါဗျာ။

    ReplyDelete
  9. တယောက်တည်းနဲ့ ဒီလိုတီးနိုင်တာနည်းမှတ်လို့ အသံသိတ်မကောင်းတာ စက်တွေမှမရှိတာလေ ကျနော်ကတော့လက်ခံတယ် လုပ်သာလုပ်ဗျာနော

    ReplyDelete
  10. ခိုင်ထူးသီချင်းတွေကိုငယ်ငယ်တည်းကကြိုက်ခဲ့တာ
    ဒီသီချင်းကိုတော့တော်တော်လေးကိုဆိုဖြစ်ခဲ့တယ်။
    အစ်ကိုတွေကဂစ်တာတီး။ကိုယ်တွေကအော်ပေါ့။း)

    ReplyDelete
  11. လွမ်းလိုက်တာ ငယ်တုန်းက ဘဝလေး တွေကို
    အသံ က ကျွန်တော် အရမ်း ကြိုက်တဲ့ ဖိုးချိုလို လို သျှိုင်းအောင် လိုလို နဲ့ ဟိ ဟိ ကောင်းတယ်ဗျ ပရော်ဖက်ရှင်မှ မဟုတ်တာ ဝါသနာရှင် တစ်ယောက် အနေနဲ့ ဒီလောက် အထိ တစ်ယောက်ထဲ စုံစုံလင်လင် တီးခတ် ပြီး တင်ပြနိုင်တာ ချီးကျူးပါတယ် ချသာချ အကိုကြီး..။

    ReplyDelete
  12. ၀ိုးးးး အသံက နဲနဲတိုးနေပေမယ့် အသံတော်တော်
    ကောင်းတယ်ဆိုတာ ခန့်မှန်းမိပါတယ် အစ်ကိုရေ.
    GOOD .. :D

    ဖေဖော်ဝါရီ ၁၄ရက်နေမှာ ဂီတာတီးပြီးသီချင်းဆိုဖို့
    အစီအစဉ်လုပ်ထားတယ်လေ။ ဟီးး
    အစ်ကိုလိုတော့ အသံကောင်းမှာ မဟုတ်တော့ မသေခြာ
    သေးပါဘူး။း)

    ReplyDelete
  13. 26 Jan 09, 21:10
    ညီမလေး: လေးမြားကို ကြယ်ငါးပွင့် ပေးသွားပါသည်။ ဒါမျိုးမှ တကယ်ကောင်းတာ။း)

    ReplyDelete
  14. 26 Jan 09, 22:14
    ချိုသင်း: အကိုရေ လွမ်းရေးခက်ခက် လဲ လုပ်ပါအုံး။

    ReplyDelete
  15. အရင်တခါတုန်းကတင်တာ လူပုံပါပါတယ်..
    အခု ဘယ်လို ဖြစ်လို့  ဖြုတ်လိုက်တာလဲ...
    အသံလေးရော အရုပ်လေးပါတွဲမြင်ရမှ ရုပ်မြင်သံကြား ဆိုတာ ဖြစ်ပေတော့မပေါ့... ဟဲဟဲ..

    ရ၀ူး.. လူပုံနဲ့ ဟာ ပြန်တင်ပေး.. ဒါပဲ

    ReplyDelete
  16. ဆင်ဒဏ်လား - အသံဖမ်းထားတာ မကောင်းလို့ပါ... မူရင်း ပင်ကိုယ်သံက ကောင်းပါတယ်...း)
    မမေ - ဒါဆိုလည်း မေးလ်နဲ့ ပို့ပေးလိုက်မယ်...း)
    မခင်ဦးမေ - သီချင်းကိုလည်း မျက်လုံးမှေးပြီး နားထောင်သွားပုံရတယ်...း)
    တူမောင်မျိုး - ဟုတ်တယ်လေ သီချင်းဟောင်းပဲဟာ...
    မကေ - ပရိုဂျူဆာ လုပ်လို့ရပြီ။ ဟုတ်တယ် ဒုတိယပိုဒ်မှာ ကီးနဲနဲ ချော်သွားတယ်။ ပျင်းလို့ ပြန်ပြင်ပြီး မဆိုတော့ဘူးလေ ခပ်တည်တည်နဲ့ ရောချလိုက်တယ်...း)
    ဒူကဘာ - ငယ်မူပြန်ပြီး ပြန်ဆိုတီးလေးတွေလုပ်ပြီး ဘလော့ပေါ်မှာ ပြန်တင်လေဗျာ... ဒူကဘာကြီးကလည်း အတီးကောင်း အဆိုကောင်းလို့ ခိုင်လုံတဲ့ သတင်း ရပ်ကွက်က ကြားထားသဗျ...း)
    ကလူသစ် - အလုပ် မရှိလို့ပါဗျာ... အချိန်အများကြီး ချေးမယ်ဗျာ... ကျနော့်လည်း ပိုက်ပိုက်တွေ အများကြီး ပြန်ချေးပေးလေ ...း)
    ကိုဂင် - အားပေးတာ ကျေးဇူးဗျာ...
    မနော် - အော်ဆိုသံ ကြားလိုက်တယ်...း)
    လင်းထက် - မြှောက်ပေးသွားလို့ ကျေးဇူးပဲ... ကောင်လေး ကြီးပွားဦးမယ်...း)
    မ၀ါ - နားထောင်သွားတာ ကျေးဇူးပါ။
    ဆိုတီးလေး လုပ်လေဗျာ ကောင်းတာပေါ့...
    ညီမလေး - ငါးပွင့်ထဲပဲ ပေးသွားတယ်... ဟုတ်လား...
    ချိုသင်း - ခုလောလောဆယ် ၀မ်းရေးခက်နေသကွယ်... ခဏနေဦး...း)
    သက်ဝေ - အပေါ်မှာ ပြောထားတယ်လေ အရုပ်နဲ့ အသံနဲ့ လွဲနေလို့ပါဆို... ခုက ရုပ်ပျောက် အသံမကြားတွေက ပိုခေတ်စားနေတယ် ဆိုလား...း)

    ReplyDelete
  17. I think, the song 's ( singer with a bow and arrow ) composer is Ko nay win.
    If I make mistake please forgive me.

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...