Jan 30, 2009

သိလား

ဒီသီချင်းကတော့ ကျနော် အရမ်းကို ကြိုက်ခဲ့တဲ့ ခိုင်ထူးရဲ့ သီချင်း တပုဒ်ပါ။ ဒီနေ့ တနေ့လုံး ဒီသီချင်းကို Record လုပ်နေခဲ့တာ။ သီချင်းကတော့ ၅ မိနစ်စာ လောက်ပါပဲ။ ဒါမယ့် တနေ့လုံးပဲ ၈ နာရီ ကျော်တယ်.. record လုပ်ရတာ။ parts အများစုကိုတော့ ကျနော့် Yamaha Keyboard နဲ့ပဲ တီးထားပါတယ်။ ဂစ်တာတွေနဲ့ တီးကြည့်သေးတယ်။ မှားလိုက် ဖျက်လိုက်နဲ့ အသံဖမ်းရတာ အဆင် မပြေလို့ Keyboard ပဲ သုံးလိုက်တယ်။ ခု သီချင်းမှာ ဂစ်တာ တလက်မှ မပါပါဘူး။ Drums ကို လည်း Keyboard က Synth ကိုပဲ သုံးလိုက်တယ်။

သီချင်းကိုတော့ ကျနော် ကြိုက်နှစ်သက်သလို Percussion လေးနဲ့ Intro ကို စလိုက်ပြီး ကျနော် ကြိုက်နှစ် သက်သလို အဆုံးသပ်ထားပါတယ်။ ATN Version ပါ...

အဆိုကတော့ သိပ်မကောင်းတော့ သည်းခံခွင့်လွှတ် နားဆင်ကြပါပေါ့လေ...း)
သူငယ်ချင်းတွေ ညီအကို မောင်နှမတွေကို ဖျော်ဖြေချင်တဲ့ စေတနာက အရင်းခံ မဟုတ်လား။
အားလုံးပဲ ချမ်းမြေ့ကြပါစေ... ။


သိလား

နေ့ရက် အချိန်လေးတွေ ပြောင်းပေမယ့်
နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် သိလား...
အိပ်မက်ချိန်ထဲမှာ တွေ့ပေမယ့်
တရေးနိုးတဲ့ အခါ ကွယ်ပျောက်သွားမှာ တကယ်နှမျောမိတယ် သိလား...
ချစ်ရတဲ့ သူ့ကို ဒါတွေသာ ပြောခွင့်ရရင်
အကြင်နာရမလား ရင်အနာရမလားကွယ် သိလား...

သူ့ရဲ့ အသံလေးတွေ ကြားနေဆဲ နားထဲမှာ
အချစ်ဆုံးကို ဘယ်လိုမှ မဖျောက်နိုင် သိလား...
အထီးကျန်ဇာတ်လမ်းကို ဆက်ချင်လည်း သူ့စိတ်ထဲမှာ
ဘယ်လိုရှိမယ် ကြိုတင်မတွေးရဲပါ သိလား ...
သူ့တစ်ယောက်ကလွဲရင် ဘယ်သူမှ ချစ်လို့မရပါ
သူသိသားနဲ့ နေနိုင်လား အချစ်ရယ် သိလား...

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ဒီသီချင်း အဓိပ္ပါယ်သိပါစေ
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ရည်ရွယ်တဲ့ အကြောင်းကို
သူ... မြန်မြန်သိပါစေ... သူ... မြန်မြန်ကြားပါစေ...

အကြင်နာရမလား... ရင်အနာရမလား... သိလား...

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ဒီသီချင်းအဓိပ္ပါယ်သိပါစေ
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ရည်ရွယ်တဲ့ အကြောင်းကို
သူ... မြန်မြန်သိပါစေ... သူ... မြန်မြန်ကြားပါစေ

နေ့ရက်အချိန်လေးတွေ ပြောင်းပေမယ့်
နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် သိလား...
အိပ်မက်အချိန်ထဲမှာ တွေ့ပေမယ့်
တရေးနိုးတဲ့ အခါ ကွယ်ပျောက်သွားမှာ တကယ်နှမြောမိတယ် သိလား...
ချစ်ရတဲ့ သူ့ဆီ... လိုချင်တာ... တောင်းခွင့်ရရင်...
အကြင်နာသစ်ဆု... အကြင်နာသစ်ဆုကို... တောင်းမယ်...


32 comments:

  1. ဦးဦးဖျားဖျားနားဆင်သွားတယ်ဗျို့ အတီးကကောင်းတယ် ဗျာ အဆိုကတော့ခင်ဗျားမှာစက်တွေမှမရှိတာလေ အရင်းခံစေတနာကအရေးကြီးပါတယ်ဗျာ ဆက်သာလုပ်ရဲဘော်ကြီးရေ

    ReplyDelete
  2. သီချင်းလေးလည်းကောင်းတယ်..
    အသံလည်းကောင်းပါတယ်..
    အားပေးနေမယ်.. အစ်ကိုရေ..
    နောက် တစ်ပုဒ် >>>>>း)

    ReplyDelete
  3. သိလားး...................

    အေးအေးလေး နဲ့ နားထောင်လို့ ကောင်းလိုက်တာ မိုက်တယ် အန်ကယ့်ရေ့ ဒါမှပေါ့း)

    ReplyDelete
  4. အတီး၊ အဆို တင်မက လူပုံနဲ့  တင်ပါဆိုမှ...
    ရဘူး... အသစ်ပြန်တင်ပေး...

    *** နားထောင်လို့  အလွန်ကောင်းပါသည်...။

    ReplyDelete
  5. ဘယ်လို ဆိုဆို တီးတီးပါ ဆံပင်အရှည်နဲ့ လူစတိုင်က အားလုံးကို ထိန်းသွားတာ.. မိုက်တယ်ဗျာ။။
    (မှတ်ချက်။။ သီလ ရှိသူသာ ပုံကိုမြင်ရသည်။ :P)

    ReplyDelete
  6. ဒီတခါလည်း..ကီးနဲနဲ စောင်းတုန်းပဲ။ ပရိုဂျုဆာ အနေနဲ့ ပြောရတာ..စိတ်တော့မကောင်းပါဘူး။ ဒီဘ၀ အဆိုတော် မဖြစ်လဲ..နောက်ဘ၀ပေါ့လေ..။ ဘုရားမှာ ကြေးစည်လှူရတယ်လို့ကြားဖူးတယ်။း)

    ReplyDelete
  7. အရင်ဘ၀တုန်းက မောင်းကွဲကြီးများ လှူခဲ့ဘူးသလား ? :)

    ReplyDelete
  8. ညကြီးသန်းခေါင်မို့ သီချင်းဖတ်ပဲဖတ်သွားပါတယ်...။
    "သိလား" ပြီးရင် "စစ်ကိုင်းလမ်း" လုပ်ပါ အစ်ကိုကြီး..။

    sin dan lar

    ReplyDelete
  9. ပန်ပန်ပြောတာ ဟုတ်တယ်။ မျက်စီလေးမှေးပြီး က်ြည့်သွားသည်။

    ReplyDelete
  10. သီချင်းကောင်းလေးနားထောင်သွားပါတယ်ရှင်... သီချင်းထဲကအတိုင်း တောင်းတဲ့ဆုနဲ့ပြည့်ပါစေ....

    ReplyDelete
  11. ကိုယ်တိုင် စိတ်ပါလက်ပါ ဆိုထားတာ ကို နားထောင် သွားပါတယ်... အကြိုက်ဆုံးသီချင်းများထဲက တစ်ပုဒ်ပါ

    ReplyDelete
  12. သီချင်းနားထောင်သွားတယ် အကို.. သံယောဇင်တွေက အတော်ခက်တယ်နော် :)

    ReplyDelete
  13. သိပ်ကြိုက်ခဲ့တဲ့ သီချင်းပါ။ အခု version အသစ်နဲ့ နားထောင်ရတော့..အင်း..ဘယ်လိုပြောရပါ့၊ တမြို့တည်းသားချင်းဆိုတော့..

    မောင်းကွဲကြီးကတော့ ကလူသစ်က လွန်ကိုလွန်ပါတယ်လေ.. နော့ အကိုဂျီး..

    ReplyDelete
  14. အကိုကြီး ဆိုရင်းနဲ့ ကြားစေချင်တဲ့ သူက မကြားလို့ ထင်ပါရဲ့ တစ်ဖြည့်းဖြည်း ငိုသံ ပါလာသလိုပဲ ဟီး ဒါပေမယ့် ဒီသီချင်းကလဲ ငိုသံပါလေး နဲ့မှ ပိုနားထောင်ကောင်းတယ် ဟက် ထိတာပေါ့..။

    ReplyDelete
  15. ကျနော့်အကိုကြီးမုဒ်အပြည့်နဲ့ဆိုးထားပုံဘဲ..မိုက်တယ်..
    ငယ်ငယ်တုန်းကအရမ်းကြိုက်ခဲ့တဲ့သီချင်းတစ်ပုဒ်ပါဘဲ..
    အခုလည်းသိပ်မကြီးသေးဘူးဆိုတော့ကြိုက်တုန်းဘဲ..
    အကိုမုဒ်အပြည့်နဲ့ဆိုထားတာနားထောင်လို့ကောင်းပါတယ်..ညကြီးမင်းကြီးတော့ထမဆိုနဲ့နော်.တော်ကြာအိမ်က
    မဟေသီကတမျိုးထင်ပြီးချော့ရခက်နေဦးမယ်..ဟဲဟဲ.
    ညီအကိုတွေမို့နောက်တာပါအကိုရေ....

    ReplyDelete
  16. အကိုရေ ဆိုပုံက ကောင်းပါတယ်။ ကျနော်တောင်
    အားကျလာတယ်။ ကျနော်တော့ မဆိုတတ်ဘူး။

    ReplyDelete
  17. နောက်ဆုံးမှလာနားထောင်ရပေမယ့် သီချင်းကတော့
    ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့သီချင်းဆိုတော့အထူးပြော
    စရာမလိုပါဘူး။စားသောက်ဆိုင်အောင်မြင်ရင်ကေနဲ့
    ပေါင်းပြီးအခွေထုတ်ပေးမယ်..း)

    ReplyDelete
  18. ကိုအောင်သာငယ်ရေ.. တကယ်ကောင်းပါတယ်။

    ReplyDelete
  19. အကိုရေ.. သီချင်းလေးလည်း နားထောင်သွားတယ်.... အလုပ်လည်းကူရှာပေးခဲ့တယ်ဗျို့

    ReplyDelete
  20. ဒီတစ်ခါ သီချင်းဆိုသံကောင်းကောင်းကြားရတယ်...၊ ခိုင်ထူးထဲက အကြိုက်ဆုံးသီချင်းတွေထဲက တစ်ပုဒ်မို့
    နှစ်သက်စွာနားထောင်သွားပါတယ်..၊ အတီးကတော့ ရှယ်ပဲ...။ အဆိုကလည်း ခြောက်ပစ်ကင်းမဟုတ်ပေမယ့် နားထောင်ကောင်းတယ်၊ တကယ်ပြောတာနော်၊
    အဲ ဒီသီချင်းကို ဘယ်လောက်နားထောင်ပြီးလို့ ရိုးနေနေ.. ကာရာအိုကေ ဆိုရင်.." သိလား " ဆိုတဲ့နေရာရောက်ရင် ဘယ်လိုဆိုရမှန်းမသိ ကြောင်သွားတာချည်းပဲ...ဟီးးးး။

    ReplyDelete
  21. ဟီး ရှေ့ကအစ်ကိုတွေ၊ အစ်မတွေက ပြောသွားကြ တော့ မေ့သမီးလေး ဘာမှမပြောတော့ဘူး။ သီချင်းနားထောင်သွားပါတယ်လို့ပဲ။

    ReplyDelete
  22. သိတယ်ဗျို့....သိတယ်...သိလားလို့မေးနေစရာမလိုအောင်ကို သိနေတယ် ...
    ငါ့အကို က တကယ့် အနုပညာသမားပဲ ..

    ကျနော်လဲ သိလားကို အရမ်းကြိုက်တာ...

    ReplyDelete
  23. သိပြီဘာလည်းလို့.......

    ReplyDelete
  24. ဒီသီချင်းကိုတော့ အစကလည်းက ကြိုက်ပြီးသားဗျ... ကာရာအိုကေ ထက်တော့သာပါတယ်ဗျာ... အဟဲစတာ..

    ကျွန်တော့်အမြင်တော့ ပကာရှင် အ၀င်ကိုကြိုက်ပေမယ့် အသံက ကျယ်နေသလိုပဲ... ဂီတကို သိပ်တော့နားမလည်ပါဘူး.. :P

    ReplyDelete
  25. အစ်ကိုရေ...

    သီချင်းလည်းနားထောင်
    စာတွေလဲလျှောက်ဖတ်...

    ရှင်းရှင်းဘွင်းဘွင်းနဲ့ ရေးဟန်သွက်သွက်တွေကို အတုယူသွားပါတယ် အစ်ကို

    ခဏ ခဏ လာလည်ပါဦးမယ်.။

    ReplyDelete
  26. ကျနော့်အစ်ကိုကြီး အဆိုအတီးနဲ့  အခွေထုတ်လို့  အောင်မြင်ရင် ညီတို့ ကိုလည်း မေ့မသွားပါနဲ့ နော်။ ညတရေးနိုးတော့ ထမဆိုလေနဲ့  တော်ကြာ ကိုဆောင်းယွန်းလပြောသလို အရှင်းရခက်နေမယ် :P

    ReplyDelete
  27. ဖန်တီးမှုတွေကတော့ လေးစားလောက်ပါတယ်..
    တီးတာကောင်းပါတယ်.. ဆိုတာတော့စေတနာပေါ့နော်
    :P

    ReplyDelete
  28. အ...အစ်ကိုကြီးရ..ငြှင်းများနှိပ်စက်လေသလားကွယ်။
    မကြားရ၊မမြင်ရ...။အ၀င်လေးပဲ ကြား၇တယ်။
    လုပ်...မေးလ်ကပို့ပေး..။:P

    အဲ့ဒါမှသေချာနားထောင်ပြီးလာပြန်မန့်မယ်။

    ReplyDelete
  29. 30 Jan 09, 10:15
    ဒေါင်းမင်း: ကောင်းတယ်ခင်ဗျနားဆင်သွားပါတယ်
    30 Jan 09, 10:15
    ဒေါင်းမင်း: သိပြီဗျို့သိပြီ..

    ReplyDelete
  30. 30 Jan 09, 10:23
    ညီမလေး: သိလား ကို နားထောင်သွားပါတယ် ။
    30 Jan 09, 10:26
    ညီမလေး: ကြယ်လေးပွင့်ပေးသွားပါတယ်။

    ReplyDelete
  31. 30 Jan 09, 11:12
    နှင်း: သီချင်းလာနားထောင်ပါတယ်။ သိလား

    ReplyDelete
  32. ကိုဂင်၊ အလွမ်းပြေ၊ တူမောင်မျိုး - အားပေးတာ ကျေးဇူး...
    သက်ဝေ - ရုပ်မြင်သံကြားဆို ဘလော့ကို လာလည်ကြတော့မှာ မဟုတ်ဘူးလေ...း)
    မပန် - X-ray မျက်လုံးများ ပိုင်လေသလား...း)
    မကေ - ခက်တာပဲဗျ... အနီးအနားမှာလည်း ဘုရားက မရှိ... လက်ထဲမှာလည်း ကြေးစည်က မရှိ...း(
    ကလူသစ် - ဟုတ်မယ်ထင်တယ်... မမှတ်မိတော့ဘူး...
    ဆင်ဒဏ်လား - တပုဒ်ပြီး တပုဒ်ပါလား...
    မခင်ဦးမေ - အမြဲတမ်း မျက်စိမှေးပြီး ကြည့်တတ်သလား...
    အိမ်လွမ်းသူ၊ မီယာ၊ Apprenticeship - နားထောင်သွားတာ ကျေးဇူးပါ...
    ချိုသင်း - တမြို့တည်းသားချင်းကွယ် မကောင်းဘူး မပြောနဲ့လေ...း)
    လင်းထက် - ကီးချော်သွားတာဟ...
    ကိုဆောင်း - ညကြီးထဆိုရင် ဘေးအိမ်က အော်လိမ့်မယ်...း)
    ကိုအောင် - နားထောင်တာ ကျေးဇူး...
    မနော် - စားသောက်ဆိုင်မှာပဲ အလုပ်လုပ်တော့မယ်ဗျာ...
    ယောနသံစင်ရော်၊ သက်ပိုင်သူ - နားထောင်သွားတာ ကျေးဇူးပါ...
    ဆင်ဒဏ်လား - အတီးကရှယ်ပဲ ဆိုလို့ ကျေးဇူးပါ...း)
    မေ့သမီး - နားထောင်သွားတာ ကျေးဇူး...
    ကိုဖုန်း - မေးစရာမလိုအောင် သိနေမှန်း သိနေတယ် သိလား...း)
    စိတ်ဖြေရာ - သိရင် ပြီးရော...း)
    ကပီတိ - ပကာရှင်သံက တိုးထားသင့်တာ မှန်ပါတယ်
    အိန္ဒြာ - နားထောင်သွားတာ ဖတ်သွားတာ ကျေးဇူးပါ...
    ဇင်ယော်ကြီး - အခွေထုတ်ရင် အမွေပြုတ်တယ် ဆိုတာ ကြားဖူးသလား...း)
    Craton - တီးတာကောင်းဖို့ အရေးကြီးတယ် ဟုတ်..
    mirror - အကို နှိပ်စက်တာ မဟုတ်... ကိုးနတ်ရှင်..း)
    ဒေါင်းမင်း၊ နှင်း - နားထောင်သွားတာ ကျေးဇူးပါ...
    ညီမလေး - ကြယ်တပွင့်က ဘယ်ရောက်သွား...း(

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...