Feb 5, 2009
ဘ၀ရဲ့လင်္ကာ
ဘယ်မှာမှန်းတော့ မမှတ်မိ။ စာတပုဒ် ဖတ်ခဲ့ဖူးတယ်။ ဘယ်သူရေးမှန်းလည်း မမှတ်မိတော့။
- လူငယ်တွေက အနာဂတ်ကို မျှော်လင့်ကြသည်၊
- လူကြီးတွေက အတိတ်ကို တမ်းတကြသည်၊
- လူလတ်ပိုင်းတွေသာ ပစ္စုပ္ပန်မှာ လုံးလည် ပတ်ချာ လိုက်နေလေသည်- တဲ့...
ကျနော်လည်း တခါတခါ အတိတ်ကို ပြန်တမ်းတမိတဲ့ အချိန်တွေ ရှိလာတော့ လူကြီး ဖြစ်နေ ပြီပေါ့လို့ ကိုယ့် ဘာသာ အထိတ်တလန့် တွေးနေမိသေးတယ်။ အတိတ်ကို... ငယ်ဘ၀ကို... အစိမ်းလန်းဆုံး အချိန်တွေကို.. အပေါ့ပါးဆုံး ကာလတွေကို... ပြန်တမ်းတမိတိုင်း သီချင်းတွေ ဖွင့်ပြီး နားထောင်ရင်း အလွမ်းဖြေရတာပေါ့လေ။ တူးတူး ဆိုထားတဲ့ - အတိတ် မြက်ခင်းစိမ်း များသို့... အလွမ်း - လို သီချင်းမျိုးတွေပေါ့။ အဲလို သီချင်းတွေထဲမှာမှ ကျနော် အကြိုက် နှစ်သက်ဆုံး ကတော့ ကျော်ဟိန်း ဆိုခဲ့တဲ့ - ဘ၀ရဲ့လင်္ကာ - ဆိုတဲ့ သီချင်းပါ။ - တကိုယ်တော် လေလွင့်ခြင်း - အယ်လ်ဘမ်မှာ ပါဝင်ခဲ့တဲ့ သီချင်း တပုဒ်ပါ။ တေးရေးကတော့ မောင်သစ်မင်း လို့ ထင်နေမိတယ်။ တချို့တွေ ဒီသီချင်းကို ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ ငယ်တဲ့သူတွေ ကတော့ ကြားဖူးကြမယ် မထင်ဘူး။ ဒီသီချင်းရဲ့ စာသားတွေကတော့ ကဗျာ တပုဒ်လို အလွန် ကောင်းလှပါရဲ့။ ဒါပေသည့် ဘ၀ ဆိုတာက သီချင်း တပုဒ်လောက် မကောင်းတော့တာ အမှန် ပါပဲလေ။
ဘ၀ရဲ့လင်္ကာ
ရင်မှာ... မှန်လိုကွယ်... မြင်နေမယ်...
ရာသီတွေ... အချိန်တွေ... ပြောင်းဦးကွယ်...
နောက်ထပ်... ပေးဦးမယ့်နေ့တွေအလယ်...
ပုံသဏ္ဍာန် ထင်မြင်ယောင်... လွမ်း... ရမယ်...
ဟိုအရင်... ကျနော်... ငယ်စဉ်အရွယ်...
ကလေးတယောက်နဲ့... လမ်းကလေးများ...
ကျောင်းဆင်းနဲ့... ကျောင်းတက်... တ၀ဲ... လည်လည်...
ရောင်စုံ... ပုံ... ထင်ရာ... ဆွဲ... ချင်တယ်...
ငိုလွယ်... ရီလွယ်... ပျော်လည်း... ပျော်တယ်...
ပြီးတော့... ကြီးပြင်းတဲ့... လမ်းပေါ်ဝယ်...
ရင်ခုန်သံ... မြန်မြန်... အချစ်... တဲ့ကွယ်...
ဆွေးဖို့... အသည်းကွဲဖို့... ရောက်လာတယ်...
မကြာခင်... ကြုံပြီ... အလွမ်း... တဲ့ကွယ်
ဒိုင်ယာရီကို... မြင်ယောင်တယ်...
ကလေးလေးရဲ့... လမ်းများအပြီး...
အချိုးအကွေ့နဲ့... အပြောင်းအလဲ... လမ်း... ပေါ်မှာ
သီချင်းတပုဒ်လောက်... မကောင်းတော့ပါ...
ကဗျာ... ကာရန်... မညီညာ... ဘ၀ရဲ့လင်္ကာ...
ဒိုင်ယာရီကို... မြင်ယောင်တယ်...
ကလေးလေးရဲ့... လမ်းများအပြီး...
အချိုးအကွေ့နဲ့... အပြောင်းအလဲ... လမ်း... ပေါ်မှာ...
သီချင်းတပုဒ်လောက်... မကောင်းတော့ပါ...
ကဗျာ... ကာရန်... မညီညာ... ဘ၀ရဲ့လင်္ကာ...
တိုက်ပွဲတွေရယ်... ဘ၀ရဲ့အလယ်...
ကျွမ်းကျင်စွာ... တိမ်းရှောင်ဖယ်...
ထိုးစစ်ဆင်မယ်... ... ... ...
22 comments:
  1. ဒီတစ်ခါတော့...ပထမဆုံး...နေရာ ရပြီ...း)
    နားထောင်သွားပါတယ်...သီချင်းလေး...
    ဘယ်လို့ comment ပေးရမလဲ မသိလို့...
    နားထောင်တဲ့ အကြောင်းလေး ပါပဲ...း)..
    ချမ်းမြေ့ပါစေ...
    ReplyDelete
  2. ဒို့အကိုကြီး အတိတ်ကို လွမ်းနေပြီ အတိတ်ကို လွမ်းနေပြီ ဟီး ဟီး ...။
    ReplyDelete
  3. ပျင်းစရာကြီးပေမယ့် ဦးငယ်အညွှန်းကောင်းတာနဲ့ စာသားတွေတော့ ဒီတိုင်းဖတ်သွားလိုက်တယ်
    ReplyDelete
  4. သေချာပြီ။ ကိုယ့်လူ လူကြီးဖြစ်နေပြီ။ နာမည်ပါ ပြောင်းလိုက်တော့ဗျာ။ အောင်သာကြီး လို့.....း-)
    ReplyDelete
  5. ငယ်တဲ့သူတွေ ကတော့ ဒီသီချင်း ကြားဖူးကြမယ် မထင်ဘူး ဆိုတော့ ချိုသင်းလဲ မကြားဖူးလို့ ငယ်သွားပြီ။ အတိတ်ကို လူကြီးတွေသာ ပြန်လွမ်းတယ်ဆိုပြန်တော့ အတိတ်ကိုပဲ သတိရနေလို့ ကြီးသွားပြန်ပြီ။
    အကို့ပို့စ်ဖတ်ရတာ ငယ်လိုက် ကြီးလိုက်ပါလား။ ဘုရား ဘုရား..
    ReplyDelete
  6. သံစဉ်တော့ သိပ်မကြိုက်ဖူး...။ စာသားကိုတော့ တော်တော်ကြွေသွားတယ် အစ်ကိုရေ...။
    ReplyDelete
  7. နားလည်းထောင်ခဲ့ဖူးတယ်။ ကြိုက်လည်း ကြိုက်ခဲ့ဖူးတဲ့ သီချင်းလေး တပုဒ်ပါ။
    အဲဒီ အယ်လ်ဘမ်ရဲ့ သီချင်းစာအုပ်ကိုတောင် မှတ်မိနေသေးတယ်။ ထူးထူးခြားခြား တအုပ်လုံးကို ကြွေစက္ကူနဲ့ ရောင်စုံပုံနှိပ်ထားပြီး စာအုပ်အရွယ်အစားကလည်း တော်တော်လေး ကြီးတယ်။
    ရထားသံလမ်းပေါ်မှာ ကျော်ဟိန်း ထိုင်နေတဲ့ပုံကိုလည်း သတိရမိပါသေး ... ။
    အင်း ... ကျွန်မ တော်တော် အသက်ကြီးနေပြီပဲ။း)
    ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ သီချင်းလေးအတွက် ကျေးဇူးတင်ပါတယ် ကိုအောင်သာငယ် ... ။
    ငယ်တုန်းကတော့ ဘာရယ်မဟုတ်ဘူး နားထောင်ပြီး ကြိုက်ခဲ့မိတာပဲ။ ခုပြန်နားထောင်တော့ အဓိပ္ပါယ်ရှိတဲ့ သီချင်းလေးပဲလို့ ... ပိုနှစ်သက်မိတယ်။
    ReplyDelete
  8. တူးတူးရဲ့ သီချင်းတွေ အားလုံးနီးပါးရပေမယ့် ဒီတစ်ခုတော့ မရဘူး။ ကျော်ဟိန်း သီချင်းဆိုတာတော့ နားမထောင်ဖူးဘူး။ ကို ATN အသက်မကြီးပါနဲ့ဦး... စိတ်ပျို ကိုယ်နု တဲ့။
    ReplyDelete
  9. အကိုကြီးအသံက နုပျိုနေဆဲပါ။ အသက်လည်း ဒီလောက် မကြီးသေးပါဘူးလေ အကိုရေ။
    ReplyDelete
  10. အော်..ကျော်ဟိန်းအသံမှတ်နေတာ။ အပေါ်က ပျူနိုင်ငံသားပြောမှပဲ..သိတော့တယ်။
    ဆိုးပါဘူး...း)
    ကိုယ်ကကျော်ဟိန်းမှ မကြိုက်တာ
    အဆင်ပြေပါတယ်။း)
    ReplyDelete
  11. အပေါ်ကနှစ်ယောက်ရဲ့ ကွန်မန့်ကိုဖတ်ပြီး ရယ်လိုက်တာ
    အသံပါကျယ်ထွက်သွားလို့ ကျနော့်အမျိုးသမီးကတောင်
    ကျနော့်ကို ဂေါက် သွားပြီထင်နေတာ အကိုရေ့...
    ကျနော်ဟာ ငယ်စဉ်ခါ ပန်းသီးလေးစားရင်းနဲ့ ရယ်သံတွေ အချိုလွင်ဆုံးပေါ့
    အမြဲတမ်းပဲ မြင်ယောင်နေတယ် မမေ့သေးပါ
    တောင်ညိုညိုပြာ ထင်းရူးစိမ်းတောထဲ ငယ်ရွယ်သူခလေး တစ်ယောက် အတွေးများနဲ့ လှတဲ့
    ပျော်ရွှင်စရာ အချိန်လေးကြုံပြန်တယ်
    ဒီလိုသာ ပျော်ရွှင်ခြင်းတွေ ရခဲ့တဲ့တစ်နေ့ရယ် စိုပြည်မှုတွေ ရှိခဲ့တဲ့ဘဝရယ် ကူညီလို့သာလမ်းပြပေးဦး ကျနော်ဟာ ခုများ အဆွေးသမားကွယ်
    ReplyDelete
  12. လူလတ်ပိုင်းတွေသာ ပစ္စုပ္ပန်မှာ လုံးလည် ပတ်ချာ လိုက်နေလေသည်။
    သီချင်းနားထောင်ရင် အမှန်စကားတွေလာဖတ်သွားတယ် အပေါ်က စာသာုးလေး ကြိုက်တယ်။
    ReplyDelete
  13. ဆိုခဲ့တဲ့ သီချင်းတွေထဲမှာ ဒီတခါဆိုတာ အကောင်းဆုံးပဲ၊ လိုက်ဖက်မှု အံကျတာလဲ ဖြစ်မှာပေါ့၊ အခုလဲ L.A မှာ မဟုတ်လား? တလက်စထဲ အမေရိကန် အိုင်းဒေါ ဝင်ပြိုင် လိုက်ပါလား?... ပေါ်လာ အဘ္ဘဒူ ခိုက်မှာသွားစေရမဲ့ တို့ ကိုအောင်..
    ReplyDelete
  14. ပြောမလို့ဟာ.. မချိုသင်းနဲ့ တူနေပြီ.. သံကိုင်တော့မယ်။
    မနော်နဲ့လည်း တူတယ်.. ကျော်ဟိန်းအသံ ကြိုက်ဘူး။
    ကိုဆောင်းယွန်းလ နဲ့လဲ တူသွားပြန်ပီ.. မနော်တို့ပြောတာ ကြည့်ပြီး ရီချင်သွားလို့။
    ဘာပဲပြောပြော..သီချင်းဟောင်း..သီချင်းကောင်းလေးတွေ ပြန်နားထောင်ရတာ.. အရသာရှိသား။
    ReplyDelete
  15. မမ - နားထောင်သွားတာရော ဆုတောင်းအတွက်ပါ ကျေးဖူးပါ...
    လင်းထက် - ရှူး... တိုးတိုး...
    Craton - သီချင်းသွားက အေးတယ်လေ...
    ကိုပေါ - ငယ်ချင်လို့ နံမည်မှာ ငယ်ထည့်ထားတာဗျ.. သိသားနဲ့ဗျာ...း)
    ချိုသင်း - ရောင်စုံ ဒုက္ခ ဆိုတာ အဲတာပဲလေ...း)
    အိပ်မက်နက် - သံစဉ်ကတော့ လွမ်းလွမ်းဆွေးဆွေးလေးကိုး ဘယ်ကြိုက်မလဲ... လွမ်းတတ်တဲ့သူတွေပဲ ကြိုက်မှာ...း)
    ဗေဒါရီ - ဟုတ်တယ်.. အဲလိုမျိုး စာအုပ် ၂ အုပ် ထွက်ခဲ့တယ်လေ - မျက်ရည်ငှက်များ နားစေသတည်း- ရယ်.... - တကိုယ်တော် လေလွင့်ခြင်းရယ် -
    မီယာ - ဒီသီချင်းက ကျော်ဟိန်းသီချင်းလေ... တူးတူး သီချင်း မဟုတ်ဘူး...
    ကိုအောင်၊ မနော်၊ ဒူကဘာ - မှားကုန်တော့မှာပဲ...
    ဒီသီချင်းကို ကြိုက်လို့ တင်လိုက်တာ...
    ကျနော် တီးထားတာ မဟုတ်သလို...
    ကျနော် ဆိုထားတာလည်း မဟုတ်ဘူး...
    Aces ကတီးပြီး ကျော်ဟိန်းကိုယ်တိုင် ဆိုထားတာဗျ... နှစ် ၂၀ ကျော်နေပြီလေဗျာ...
    ကိုဆောင်း - ခု အပေါ်က ကွန်မန့်တွေကို ပြန်ရှင်းပြထားပေးတယ်နော...
    ဖတ်ပြီး ရီမနေနဲ့တော့...
    မှားတဲ့အခါလည်း မှားကြပေမပေါ့...း)
    တူမောင်မျိုး - လာဖတ်တာ ကျေးဇူး...
    ReplyDelete
  16. မကေ - ကျနော် ပြန်ရှင်းပြထားတယ်...
    သူတို့က ကျနော်ဆိုတယ် ထင်နေကြတာကိုး...း)
    ကျော်ဟိန်းကိုထားပါတော့... သီချင်းတွေနဲ့ သီချင်းစာသားတွေကိုတော့ ကျနော်ကတော့ ကြိုက်တယ်ဗျာ... ရင်ကို ထိမှန်သွားသော သီချင်းများပေါ့...း)
    ReplyDelete
  17. ဟိုက်ရှားဘားစ်....
    ကျော်ဟိန်းအသံနဲ့တောင် မှားကုန်ပြီဂျ....
    အစ်ကိုကြီးက အချဉ်မဟုတ်ဘူးနော်...(အချို)
    ReplyDelete
  18. ကိုအောင်...
    စာသားတွေက ထိတယ်ဗျာ...
    ကျနော်က ကျော်ဟိန်းဆိုတယ်ထင်ထားတာ....
    နောက် ကိုအောင်သာငယ် ကိုင်တိုင်ဆိုတာမဟုတ်ပါကြောင်းရှင်းလိုက်မှ...
    ကျော်ဟိန်းဆိုထားမှန်းသိသွားတာ..။း)
    ReplyDelete
  19. တို့လဲ ကိုအောင် ပြောတဲ့အတိုင်းဘဲ။
    ReplyDelete
  20. ဆင်ဒဏ်လား - ရှူး... တိုးတိုး...
    ကိုသစ် - မနောက်နဲ့လေဗျာ...း)
    မခင်ဦးမေ - ကျေးဇူးပါဗျာ...း)
    ReplyDelete
  21. ကာလသုံးပါးလုံးကို ဟန်ချက်ညီညီ အသုံးချနေရင် လောဘများ ကြီးနေမလားပဲ။
    လေးစားလျက် .. ..
    ReplyDelete
  22. အဲဒီသီချင်းက အရမ်းကြိုက်ခဲ့မိတဲ့ သီချင်းတစ်ပုဒ်ပါ။ ငယ်ငယ်တည်းက အိမ်က ကျော်ဟိန်းခရေဇီ ဦးလေးအငယ်က ခဏခဏဖွင့်လွန်းလို့ ကြိုက်သွားတာလားတော့ မပြောတတ်ဖူး။
    အရွယ်နည်းနည်းရောက်တော့လည်း အဲဒီသီချင်းက သူနဲ့တွဲပြီး ဆိုမိတီးမိတိုင်း မပါမဖြစ် သီချင်းတစ်ပုဒ် ဖြစ်နေဆဲပဲ။
    ReplyDelete
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...