Feb 14, 2009

နှင်းဆီ


နံရံတွေ ခြားတယ်
အဆောက်အဦတွေ ခြားတယ်
မြို့တွေ ရွာတွေ ခြားတယ်
နယ်နိမိတ်တွေ ခြားတယ်
ရေခြားတယ်
မြေခြားတယ်
လေတောင် ခြားနေခဲ့တဲ့ အဆုံး
နှလုံးသားချင်းပဲ နီးနိုင်တော့တဲ့အခါ
ရင်ထဲက ပန်းတပွင့်ဟာ
ဒီနေ့မှာ
ပိုပြီးအနီရင့်လာတယ်...

ATN

(စစ်အာဏာရှင် စနစ်ကြောင့်
ကွဲကွာနေကြရသော ချစ်သူများ အားလုံး ကိုယ်စား)

20 comments:

  1. နှင်းဆီပန်းကို ဦးဦးဖျားဖျား ကျနော်ခူးသွားတယ်
    အကိုကြီးရေ။

    ReplyDelete
  2. ဟောဗျာ ..နှင်းဆီဆိုလို့ သီချင်းလေးများလား
    လို့ အပြေးလာတာ ၊ ဖိနပ်တောင်ပါမလာဘူး။
    ဟဟ ။း)း)

    ReplyDelete
  3. ချစ်သူတိုင်း ဒီနေ့လေးမှာ ပျော်နိုင်ကြပါစေး)

    ReplyDelete
  4. ချစ်သောသူ အားလုံး အမြန်ဆုံး နီးနိုင်ကြပါစေ

    ReplyDelete
  5. ချစ်သူတွေငြိမ်းချမ်းကြပါစေ ....။

    ReplyDelete
  6. အတားအဆီးတွေ
    ဘယ်လိုပင် ခြားခြား
    ခရီးတွေ
    ဘယ်လောက်ပဲ ဝေးဝေး
    သန့်စင်တဲ့ အချစ်အဖို့
    အနီးဆုံး ရင်ဘတ်တွေပါ .. ..

    ReplyDelete
  7. ချစ်သူများအားလုံး..အနဲဆုံးတော့..နှစ်လုံးသားချင်းနီးကြပါစေလို့..ချစ်သူများနေ့ အမှတ်တရ..ဆန္ဒပြုပေးပါတယ်။

    ReplyDelete
  8. အနီရောင် နှင်းဆီပန်း အောက်မှာ အနီရောင်နဲ့ ရေးထားတော့ ကဗျာက ပိုရုပ်လုံးကြွတယ် အစ်ကိုရ။ အရမ်းလှတယ်ဗျာ။

    ReplyDelete
  9. ရဲဘော်ကြီိးရေ့ ကောင်းတယ်ဗျာ အပြည့်အဝကိုခံစားသွားပါတယ်

    ReplyDelete
  10. နှလုံးသွေးနဲ့ ရေးထားတဲ့ နှင်းဆီတပွင့်

    ReplyDelete
  11. ကဗျာလေး ကောင်းလိုက်တာ အစ်ကိုကြိးရေ...။

    ReplyDelete
  12. ရဲတဲ့နှင်းဆီ၊သတ္တိအပြည့်နဲ့ နှင်းဆီ..နောက်ပြီး လှတဲ့နှင်းဆီ............။

    ReplyDelete
  13. ရဲတဲ့နှင်းဆီ၊သတ္တိအပြည့်နဲ့ နှင်းဆီ..နောက်ပြီး လှတဲ့နှင်းဆီ............။

    ညီမ
    mirror

    ReplyDelete
  14. ဝေးကွာခြင်းက တို့အတွင်းထဲမှာ
    ဆိုတဲ့သီချင်းလေးကြားယောင်မိတယ်
    မဆုံနိုင်အောင်ဘ၀ခြားသွားခဲ့ရင်ရော...

    ReplyDelete
  15. ရင်ဘတ်နဲ့ ဖတ်သွားပါတယ်ဗျာ :)
    (3 times)

    ReplyDelete
  16. ရေခြား..မြေခြား..
    ဘယ်လိုခြား စေ..
    နှလုံးသား ချင်း တော့ ထိကပ်နေ...
    ....
    ....
    ဘယ်လောက်ဝေးဝေး ..
    အနီးလေးမှာ..
    ......
    ....
    ချစ်နေဖို့ ပဲ လိုတာပါ.....
    .............
    လှပ လွန်းတဲ့ ကဗျာလေး အတွက်..
    နဲနဲ ဆက်ရေး ကြည့်တာ...း)....
    .......
    အရမ်း နှစ်သက်မိပါတယ် ရှင့်..

    ReplyDelete
  17. ကြိုက်လို့ ခိုးသွားပြီဗျို့ ဟိ ဟိ

    ReplyDelete
  18. 14 Feb 09, 09:01
    YoungGun: တကယ်သွေးတောင်းလို့ တကယ်ကောင်းသွားတဲ့ကဗျာ..နှင်းဆီဟာ သူ့ပွင့်ဖတ်ကို အနီပိုရင့်ပြလိုက်တာ မြင်လိုက်ရပါတယ်ဗျာ

    ReplyDelete
  19. ကိုအောင် - နှင်းဆီပန်းပဲ ခူးသွားတယ်... သံတိုင်တွေ ကျတော့ မေ့ထားခဲ့ရလား.. ဟ...း)
    မ၀ါ - ကိုဥာဏ် ဆူတော့မှာပဲ...း)
    တူမောင်မျိုး - ပျော်နိုင်ကြပါစေပေါ့-
    မီယာ၊ Zephyr - အားလုံး အတူဆုတောင်းကြတာပေါ့...
    ကိုဝင်းဇော် - ဟုတ်ပါတယ်...
    မကေ - ဆန္ဒပြုပေးတဲ့အတွက် ကျေးဇူးပါ...
    ကောင်းကင်ကို၊ ကိုဂင်ကြီး၊ မပန်၊ ဆင်ဒဏ်လား၊ မကြေးမုံ၊ မအိမ်လွမ်းသူ - တကယ်တော့ ဒီကဗျာက ကိုဂျင်မီနဲ့ မနီလာသိန်းတို့ကိုယ်စား ခံစားမိလို့ ရေးမိတာပါ...
    မနော် - နားလည်ပါတယ်ဗျာ...း(
    U.G.C., mama - ဖတ်သွားတာ ကျေးဇူးပါ...
    ချစ်ညီကြီးသားထူး - နှင်းဆီပန်းကြီး နင်မေ့ကျန်ခဲ့လို့ အိမ်တိုင်ယာရောက် ပါဆယ်နဲ့ ပို့လိုက်တယ်... သံတိုင်တွေကိုတော့ နင့်သနားလို့ မပို့တော့ဘူး...း)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...