Feb 21, 2009

ငါ မစပ်ခဲ့တဲ့ ကဗျာ


















ညဟာ
လှလှပပကြီးကို
အကျည်းတန်ပြရင်း
နေဆယ်စင်းနဲ့ ကျကျနန
ထွန်းလင်း တောက်ပ နေတော့တယ်... ။

ငါ့အတွက်
လောကကြီး ရက်ရောနေပုံများ... ...

ငါ မဖြည့်ခဲ့တဲ့ ရေ တခွက်
ပြည့်နှက်နေ...
ငါ မလျှောက်ခဲ့တဲ့ လမ်း တလမ်းမှာ
ခြေရာ တစုံ...
ငါ မ၀ယ်ခဲ့တဲ့ အရာ တရပ်အတွက်
ဖြတ်ပိုင်း တခု...
ငါ မစိုက်ခဲ့တဲ့ အပင် တပင်က
ရှင်သန်လို့...
ငါ မရေးခဲ့တဲ့ စာ တကြောင်းတော့
ကောင်းကင်မုခ်ဦးမှာ...
ငါ မတောင်းခဲ့တဲ့ ဆု တဆုလည်း
ရုပ်တု တခုနဲ့...

ဒါဟာလည်း
ငါ မဆွဲခဲ့တဲ့ ပန်းချီ တချပ်ပါ့...
ကန့်လန့်ဖြတ် မျဉ်းတွေနဲ့...

ATN

27 comments:

  1. အစ်ကိုစပ်ခဲ့တာ မဟုတ်ဘူးဆိုတော့ ကျွန်တော် မသွားပြီဗျို့ ။ :D

    ReplyDelete
  2. အစ်ကိုမစပ်ခဲ့တဲ့ကဗျာကိုပဲ အစ်ကိုစပ်ခဲ့သလို သဘောထားပြီး ဖတ်သွားပါတယ်။ :P

    ReplyDelete
  3. သုတ်သွားပြီနော်..နောက်မှ လာမတောင်းနဲ့...
    :P

    ReplyDelete
  4. ဟိုအရင်...မူပိုင်ခွင့် ပို့စ် တွေ နဲ့ ဆန့်ကျင်ဖက်ပါလား။ ဒီတခါ တော့..ငါမစပ်တဲ့ ကဗျာ..ငါမဆွဲ တဲ့ ပန်းချီ တဲ့။း)

    ReplyDelete
  5. မစပ်ခဲ့တဲ့ ငရုပ်သီးကို စိတ်နာနာနဲ့ ဒီကဗျာကို ရေးပုံပေါ်တယ်။

    ReplyDelete
  6. ဒါဆို ကော်ပီရိုက်တောင်းစရာမလိုတော့ဘူးပေါ့။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  7. အကိုရေ...

    ဆုတွေတော့ တောင်းမိလိုက်တာ အများကြီး
    ခုထက်ထိတော့ ဘာရုပ်တုမှ လက်တွေ့ ပုံပေါ်မလာသေးဘူး...

    ရင်ဘတ်ထဲမှာ ဘာမှန်းမသိတဲ့ အရုပ်ကြီးတစ်ရုပ်ကတော့ အခန့်သားနေရာယူလို့ပေါ့..

    ReplyDelete
  8. ဘယ်သူစပ်တာပါလိမ့် ..တော်တော်ကောင်းတဲ့ ကဗျာ
    လေးပဲ။ :P

    ReplyDelete
  9. အဲဒါ ကျွန်မစပ်ထားတဲ့ကဗျာလားမသိ!!!!
    စဉ်းစားလိုက်ဦးမယ်း)

    ReplyDelete
  10. တစ်ကယ်များလားလို့
    နှစ်ခါပြန်ပြီးဖတ်ကြည့်သွားပါတယ်

    ReplyDelete
  11. ကဗျာကောင်းလေး ဖတ်သွားတယ်ဗျ ။ အခေါက်ခေါက် ။း)

    ReplyDelete
  12. အကို ရေးစပ်ခဲ့တာလား၊ အကို့နှလုံးသားနဲ့ လက်တွေ
    က တွဲယှက်ပြီး ဖွဲ့နွဲ့ခဲ့တာလား ....။
    ကောင်းတယ် အကိုကြီး၊ အားပေးလျက်ပါ။

    ReplyDelete
  13. ကဗျာလေးတော်တော်ကောင်းတယ်အစ်ကိုရာ...

    (p.s ကျွန်တော်မပေးခဲ့တဲ့ comment ပါ :P )

    ReplyDelete
  14. ငါမစပ်ခဲ့တဲ့ ကဗျာကို ကျနော်လည်းမစပ်ခဲ့ဘူးအကိုရေ
    ဖတ်လို့ကောင်းနေတာတော့ အသေအချာပါပဲ...

    ReplyDelete
  15. ကဗျာလေး နှစ်သက်စွာခံစားသွားတယ် အစ်ကို
    ကောင်းသောနေ့ပါ အစ်ကိုရေးတဲ့ကဗျာကိုလည်းဖတ်ပါဦးမည် :P

    ReplyDelete
  16. 21 Feb 09, 03:25
    မီယာ: ရောက်စ် ကဗျာဖတ်ပြီး ဘယ်သူစပ်တာလဲလို့ တွေး

    ReplyDelete
  17. 21 Feb 09, 03:42
    sin dan lar: :thinkin ဒီကဗျာ ဘယ်သူစပ်တာပါလိမ့်

    ReplyDelete
  18. 21 Feb 09, 05:28
    ကိုရင်နော်ခင်လေးငယ်: ကိုအောင်သာ မစပ်တဲ့ ကဗျာကို ကိုအောင်သာ့ ဘလော့မှာ လာဖတ်သွားတယ်

    ReplyDelete
  19. WWKM: :thinkin ကဗျာဘယ်သူ စပ်တာပါလိမ့်.. Sin Sin လိုပဲတွေးသွားတယ်။

    ReplyDelete
  20. 21 Feb 09, 10:48
    မေအိခင်: ရောက်တယ် ငါ -- မပြု မူပဲရှိနေတာဖြစ်နေတာတွေ ဖတ်သွားတယ် ကျမကငတုံးဗျ မော်ဒန်တွေဆို မနည်းနားလည်အောင်ဖတ်ရတာ ကိုအောင်သာငယ်ရေ့

    ReplyDelete
  21. 21 Feb 09, 13:13
    mhudarye: မစပ်တဲ့ ကဗျာကို ငရုတ်သီးများများ ဖြူးပြီး ဖတ်သွားတယ်။ အဟတ် ဟတ်.. :P

    ReplyDelete
  22. 21 Feb 09, 14:59
    နှင်း: ကဗျာလေး အရမ်းကောင်းတယ်။ အကို မစပ်တာ သေချာလား။

    ReplyDelete
  23. အင်း တစ်ခါတစ်လေတော့ ငါတို့ပါဝင်တယ်လို့ မထင်ရပဲ ပါဝင်နေတဲ့ အရာတွေ အများကြီးနော်. ကဗျာလေးကောင်းတယ်။

    ReplyDelete
  24. အဲဒါ ..ဘုရားပေးတဲ့ အခွင့်အရေး ပဲ..
    ....
    သူ့ အလိုလို ..ရောက်လာတာ..
    ရှိလာတာ.........
    .....
    အကြည် တသာ လက်သင့် ခံ လိုက်ပါ....း)...
    ....
    ကိုယ် မစပ် ပဲ နဲ့တောင်
    ကဗျာ က ဒီလောက် ကောင်းနေတာ..
    စပ် များ.. စပ်မိ လို့ က တော့...
    မတွေးရဲ စရာ ပဲ....း)

    ReplyDelete
  25. အကိုတော် တော်တော်လေးစဉ်းစားနေတယ်
    တစ်ခုခုတော့တစ်ခုခုဘဲလို့

    ReplyDelete
  26. ငါ မစိုက်ခဲ့တာ၊ ငါ မရေးခဲ့တာ၊ ငါ မတောင်းခဲ့တာတွေ ဆိုပေမဲ့ အခု အကိုရနေတာတွေကို နားလည် လက်ခံ ပျော်ရွှင်စွာ ရင်ဆိုင်နိုင်ပါစေ အကိုရေ..

    ReplyDelete
  27. အစ်ကိုရေ
    ကျွန်တော်မခံစားရပဲနဲ့ ခံစားသွားရတယ်.
    ကောက်ကြောင်းတစ်ကြောင်းတော့ဝင်ခြစ်ကြည့်သွားတာပါ။

    ခင်မင်လေးစားလျက်
    မိုးကြယ်

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...