Mar 8, 2009

စံပယ်ပွင့်ပြီ မောင်

FL Studio 6 နဲ့ စမ်းပြီး တီးကြည့်ထားတဲ့ သီချင်းတပုဒ်ပါ။ Computarized Music ပါ။ Instrument တခုစီကို Note တွေနဲ့ Arrange လုပ်လိုက်ရုံပါပဲ။ Software က အားလုံး တီးထားပေးတာပါ။ သီချင်းဆို ၀ါသနာပါတဲ့ ညီမတွေလည်း လိုက်ဆိုလို့ ရတာပေါ့လေ။

(ပေးစာတွေတိုင်း တပွင့် စံပယ် ထည့်ကာရယ်
မေလေ အချစ်စစ်ရယ် အမှတ်နဲ့ သာပင်တကယ်
အစဉ်ကွယ် ၀တ္တရား တရပ်သို့ ပို့ဆဲကွယ်
ရက်တွေ လတွေ ပြောင်းရွေ့ပေမယ့် သစ္စာစစ်နဲ့ ချစ်နေမယ်)၂

စပယ်လေး ပမာနှယ် ချစ်သူဟာလည်း ပုလဲလို ဖြူနုတယ်
ပိုက်ထွေးကာရယ် ကိုယ့်ရင်မှာပဲ ထားမယ်လို့ဆိုတယ်
စံပယ်ပွင့်ရင်ကွယ် မောင့်ကိုသာပဲ လွမ်းကာ မျှော်ရတယ်
အလှဆုံး ငွေစံပယ် ရွေးသီပါလို့ မေ့ဆံမြညှာဝယ်
ကနွဲ့ကရ ရစ်ကာ မောင်ရယ် ကြင်နာ အစဉ်သာတကယ်

သစ္စာနဲ့ပဲ မောင့်ကို စောင့်ကြိုမယ်
စံပယ်တွေ ပွင့်တော့ကွယ် ဆက်ဆက် လာပါမယ်
ဆိုတဲ့ ကတိစကားများကြောင့် မျှော်ဆဲကွယ်
မုန်းမေ့မရနိုင် ချစ်ရသူမို့ တပွင့် စံပယ်လေး သက်သေကွယ်


ဒေါင်းလုပ်ဆွဲချင်ရင်တော့ ဒီမှာ သွားယူနိုင်ပါတယ်။

Get this widget | Track details | eSnips Social DNA

20 comments:

  1. တီးတာကောင်းလိုက်တာ။ ကိုယ့်အသံ ထည့်မဆိုတော့ ပိုကောင်းသလိုပဲ ထင်မိတယ်။ စပယ်ဆို ဘယ်လိုချစ်မှန်း မသိ။
    ကျေးဇူးပါ အကို။

    ReplyDelete
  2. စပယ်ပွင့်လေးတွေနဲ့စာလား..း)
    သင်းနေမှာပဲ
    နားထောင်လို့ကောင်းလိုက်တာ..

    ReplyDelete
  3. နားထောင်လို့ကောင်းတယ် အကိုရာ...ကြိုက်တယ်ဗျ..

    ReplyDelete
  4. ကျနော် ကြိုက်တဲ့ သီချင်းတွေထဲက တစ်ပုဒ်ပါ။ ကျေးဇူးပဲအစ်ကို။ အဆင်ပြေပါစေဗျာ။

    ReplyDelete
  5. ကြိုက်မိတဲ့သီချင်းတပုဒ်ထဲက တပုဒ်ပါဘဲ။ မေ့နေတဲ့စပယ်ကိုတောင် ပြန်သတိရသွားတယ။် မမြင်ရတယ ကြာပြီ။ ချစ်စရာကောင်းတယ်။ အပင်ကလေး စိုက်ချင်လိုက်တာ။

    သီချင်းနားထောငးရတဲ့ အတူတူ အကြံပြူပရစေ။
    တို့က သီိချင်းမဆိုတတ်တဲ့သူပါ။ အဲဒီတော့ လိုက်ဆိုရင်လဲ ယောင်ဝါး၊ဝါးဘဲဖြစ်လိမ့်မယ်။
    ဒီတော့ကာ နောက်တစ်ခါ ဆိုရင် version နှစ်ခုတင်ပါ။ ဆိုတတ်တဲ့သူတွေ က သူတို့ဘာသာ ဆိုကြပါလိမ့်မယ။် မဆိုတတ်တဲ့သူတွေ တွက် ကိုအောင်သာငယ် က ဆိုပြပါလို့ တောင်းဆိုပါရစေ။

    ReplyDelete
  6. ကာရာအိုကေ ..ဆို သွားပါတယ်..း)
    ဆိုချင်တဲ့ အချိနိ ဆိုလို့ ရအောင် DL လဲ လုပ်သွားပြီ
    ကျေးဇူး ပါ........

    ReplyDelete
  7. ကောင်းတယ်ဗျာ ရဲဘော်ကြီးရေ။

    ReplyDelete
  8. အကိုအယ်သောင်ကြီး....

    စာသားလေးတွေက ချစ်ဖို့ကောင်းလိုက်တာ :)
    စံပယ်လေး သက်သေ... တဲ့လား..!

    with love...

    ReplyDelete
  9. Cheers AKO, thanks for your moral supplement.

    ReplyDelete
  10. အစ်ကို...

    စိတ်ကူးလေး..လိုက်တာ..
    အဟဲ..ကဗျာပဲရေးတတ်တယ်ဗျ..
    သီချင်းဆိုလို့ကတော့...
    ကြားပြန်..အဆင့်

    ခင်မင်လေးစားစွာ

    ReplyDelete
  11. အစ်ကို အီးမေးလ်ထဲမှာ စံပယ်ပန်း attach လုပ်လို့ရတဲ့ software ရှိရင် share ပါဦး...
    ကောင်မလေးဆီ ပို့ချင်လို့။

    ခင်လို့နောက်သွားသည်။..:P

    ReplyDelete
  12. “သီချင်းနားထောငးရတဲ့ အတူတူ အကြံပြူပရစေ။
    တို့က သီိချင်းမဆိုတတ်တဲ့သူပါ။ အဲဒီတော့ လိုက်ဆိုရင်လဲ ယောင်ဝါး၊ဝါးဘဲဖြစ်လိမ့်မယ်။
    ဒီတော့ကာ နောက်တစ်ခါ ဆိုရင် version နှစ်ခုတင်ပါ။ ဆိုတတ်တဲ့သူတွေ က သူတို့ဘာသာ ဆိုကြပါလိမ့်မယ။် မဆိုတတ်တဲ့သူတွေ တွက် ကိုအောင်သာငယ် က ဆိုပြပါလို့ တောင်းဆိုပါရစေ။”

    မခင်ဦးမေကြီးကို မယုံပါနဲ့
    သူက လိုက်လိုက် မတယ် အချွန်နဲ့..ဟီး..

    ReplyDelete
  13. အတည်ပြောတာပါ အားကိုး

    ReplyDelete
  14. စိတ်ချမ်းသာလိုက်တာ ဂီတာလေးတီးလိုက် ကဗျာလေးရေးလိုက် :P

    ReplyDelete
  15. ကိုယ့်အသံ ထည့်မဆိုတော့ ပိုကောင်းသလိုပဲ ထင်မိတယ်။

    ခွိခွိ..မချိုသင်းပြောတာကို လိုသလိုယူ၍ ထောက်ခံပါသည်။

    ReplyDelete
  16. ဒီသီချင်းကြိုက်တယ်...။ ကိုယ့်အသံလေးထည့်ဆိုတော့ ပိုနားထောင်ကောင်းသလိုပဲ..
    အဲလိုပြောတဲ့လူ လောကကြီးမှာ တစ်ယောက်တိတိ၇ှိပါတယ်
    (ကိုယ့်ကိုယ်တိုင်ပါပဲ)

    ReplyDelete
  17. ကိုအောင်သာငယ်က စွယ်စုံပဲ…
    အဲဒီသီချင်းလေး ဘယ်ချိန်နားထောင်ထောင် စိတ်ကို ကြည်လင်နေတာမို့  စံပယ်နံ့ လေးရသလို စံပယ်ပွင့်လေးမြင်ရသလို ခံစားရတယ်…
    တယောက်ထဲ တိတ်တိတ်လေးဆိုကြည့်ဦးမယ်(သူများကို ဒုက္ခမပေးချင်လို့ ပါ)

    ReplyDelete
  18. အကို ကျနော်လာသွားတယ် ကဗျာကို ငြိမ်းချမ်းဆီကတောင်းထားပြီ မရောက်လာသေးလို့ အားနာပါရဲ့။ စပါယ်ခြုံဘေးနားက ကွိစိကွစ သီချင်း ဆိုပြပါဗျို့

    ReplyDelete
  19. သူများတွေက ကောင်းတယ်ဆိုလို့  လိုက်ကောင်းလိုက်တယ်ဗျို့ ။ ကွန်ပျူတာ အစုတ်က အသံမထွက်ဘူးဖြစ်နေလို့  နားမထောင်ရဘဲ ချီးကျုးလိုက်ပါသည်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...