Mar 12, 2009

လေချဉ်တက်တဲ့ကဗျာ














ဈေးဝယ်ထွက်တာတော့ မဟုတ်ပါ
ဈေးထဲ ရောက်လာတာပါ ...

ချဉ်ဖတ်သည်တွေက
များလှချည့်...

မုန်လာချဉ်...
ဟင်းဂလာချဉ်...
မုန်ညင်းချဉ်...
အချဉ်တွေ...
အချဉ်တွေ...

သူ့ဘာသာနေနေတဲ့
အပင်တွေ အရွက်တွေ
အချဉ်ဖောက်ခံနေရ...
ဘ၀တွေများ
အပင်နဲ့ အရွက်တွေ ဖြစ်ရတာ
မစားသာပါ့လား...

စာအုပ်အငှားဆိုင်ရှေ့ရောက်တော့
ခဏလောက်ရပ်
တွေ့ရာ စာတအုပ်ကောက်ဖတ်
အချဉ်ပေါက်နေတဲ့ အရောင်...
အချဉ်ပေါက်နေတဲ့ အရုပ်...
အချဉ်ပေါက်နေတဲ့ အရိပ်...
အချဉ်ပေါက်နေတဲ့ စိတ်...
အချဉ်ပေါက်နေတဲ့ စာ...
အချဉ်ပေါက်နေတဲ့ ဆရာ...
ဓါတ်ပုံထဲက ကမ္ဘာကြီးတောင်
အချဉ်ပေါက်နေသယောင်ယောင်...

အင်း...
အလင်းရောင်တွေ အချဉ်ပေါက်လို့
အမှောင်မရောက်ခင်
အိမ်ပြန်ချင်စိတ် ပေါက်လာတယ်...

အိမ် ပြန်ရောက်တဲ့အခါ
အစာအိမ် အချဉ်မပေါက်ခင်မှာ
ငါ...
တမာချဉ် ခပ်များများနဲ့
ထမင်းစားပစ်ဦးမယ်...

ATN
ပုံက ညီမငယ် မကြေးမုံ ပို့ပေးတဲ့ပုံတွေထဲက တပုံပါ

25 comments:

  1. အေ့  ဂေ့ ( လေချဉ်တက်သွားသည်)

    ပထမ

    ReplyDelete
  2. ချဉ်လိုက်တာဗျာ.............း)

    ReplyDelete
  3. အကို အောင်သာ...

    တိုက်ဆိုင်လို့ ခင်လေး ဒီ post

    http://koyinnawkhinlaynge.blogspot.com/2009/02/blog-post_10.html

    ထဲက ကဗျာတစ်ပုဒ် ချရေးခဲ့ပါတယ်...

    (((ထူးမထူးတော့မသိ
    ချဉ်တူးတူးကိုမှ ကြိုက်မိတဲ့ငါ...
    ငါ့စိုက်ခင်းမှာ သံပုရာတွေသာပျိုးလို့
    အချဉ်ပေါက်နေတဲ့ စိတ်နဲ့
    ခပ်ချဉ်ချဉ်စာတွေရေးမိ
    အချိုဖက်ဖို့ ကြံ မခင်းနိုင်တဲ့
    ငါ့စိုက်ခင်းမှာ...
    ကိုယ်တိုင်အချဉ်သိပ်
    ကိုယ်တိုင်ပဲ ပွဲတည်လို့
    ကဲ... ကောင်းလေစွ ငါ့အချဉ်ပွဲ....
    ဖတ်သူချဉ်မည် မုချတည်း..။))))

    with love...

    ReplyDelete
  4. အကိုရေ..

    အိန္ဒြာကတော့.....
    " ဘာပဲဖြစ်ဖြစ်
    အခုငြင်းဆိုလိုက်တဲ့နွားနို့ဟာ..
    အချဉ်ဖေါက်နှင့်ပြီးသားလို့ ယုံကြည်တယ်....။ ။"

    လို့ရေးခဲ့ဖူးတယ်..

    တို့စရာနဲ့ငါးပိရည်ကိုလွမ်းလျက်

    ReplyDelete
  5. သွားတွေ ကျိန်း သွား ပြီ...

    ReplyDelete
  6. အန်ကယ်ရေ့ သွားရယ် ယိုသွားတယ်း) အချဉ်တွေများနေတော့ သွားကြိမ်းတယ်ဗျ ပြီးတော့ မစရဲတော့ဘူး အန်ကယ် အချဉ်ပေါက်ပေါက်နဲ့ လာထုနေမှာကြောက်လို့ ။

    နေကောင်းလားဗျ မတွေ့တာကြာပြီးး ။

    ReplyDelete
  7. လေလွင့်နေတဲ့ ကဗျာ
    လေချဉ်တက်တဲ့ ကဗျာ ပြီးရင် "လေလည်ချင်တဲ့ ကဗျာ" ရေးဦးမှာလား?
    (မျက်နှာ အပျက်ခံပြီး စ,တာပါနော်။)
    တက္ကသိုလ်ရောက်မှ ခင်ရတဲ့ သူငယ်ချင်း တယောက်ရှိခဲ့ဖူးတယ်။ သူ့ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးမှာ ကြီးပြင်းခဲ့ရတော့ စကားလုံး ဝေါဟာရတွေ မကြွယ်ဝရှာဘူး။ သူ လေချဉ်တက်ချင်တာကို "ငါလေလည်ချင် လာပြီ" လို့ ပြောလေ့ရှိတယ်။ သူ့ရဲ့ အူတူတူ အပြောလေးကြောင့် ဘေးနားက သူငယ်ချင်းတွေ ဘယ်လောက်ပျော်ရွှင်စွာ ရယ်မောခဲ့ကြရသလဲ...(အသက် လေးဆယ် မပြည့်ခင် သမီးလေး ၃ယောက်နဲ့ မုဆိုးမ ဖြစ်ခဲ့ရရှာသူလေးပါ။)

    ReplyDelete
  8. ကဗျာလေးက ကောင်းလိုက်တာ..
    ဖတ်တဲ့သူတောင် ကိုယ့်ကိုယ်ကို ပြန်တို့ ကြည့်မိတယ်။ ချဉ်လိုက်တာ..

    ReplyDelete
  9. အီးးး အဟုတ်ကြီး သွားတောင် ကျိမ်းလာတယ်...
    ငါးပိရည် တို့ စရာ နည်းနည်းလောက် ကျွေးပါ။
    စားချင်တယ် စားချင်တယ်! ^-^

    ReplyDelete
  10. တစ်မျိုးပဲအစ်ကိုရေ ...
    ချဉ်လဲချဉ် ...ကောင်းလဲကောင်း :P

    ReplyDelete
  11. ကိုရီးယားတွေတော့
    ကင်ချီတွေ
    ဟင်း..............
    ..................
    ရေးနိုင်တော့မရေးတော့မယ်။

    ReplyDelete
  12. ဟုတ်ပါ့ အချဉ်တွေချည်းပဲ... ချဉ်ပတ်အရမ်းကြိုက်တယ် အကိုရ

    ReplyDelete
  13. ကိုအောင်ရေ...
    အညာကိုတောင်သတိရသွားတယ်ဗျာ...
    စိတ်အချဉ်မပေါက်ခင် လာလည်ပါဦး...။

    ReplyDelete
  14. ကဗျာရော၊ ဓါတ်ပုံထဲက ဟင်းလျားတွေရော အရမ်းမိုက်
    တယ် အကိုကြီး။

    ReplyDelete
  15. ဘာတွေ အချဉ်ပေါက်ပြန်ပီလဲ မသိ..ဒီကဗျာဆရာ

    ReplyDelete
  16. တို့အစ်ကိုကတော့ အချဉ်ပေါက်တာတောင် ကဗျာနဲ့ပေါက်ပစ်လိုက်တယ်ပေါ့။ ကောင်းလေစွ။ ကောင်းလေစွ။

    ReplyDelete
  17. သွားကြိမ်းသွားပါကြောင်းးး

    ReplyDelete
  18. ဟင်းဂလာချဉ် စားချင်လိုက်တာ ဦးအောင်သာငယ်ရာ ဟီးဟီး တော်တော်လေး အချဉ်ပေါက်နေပုံပဲ ဒါပေမယ့် အနော်က ချဉ်ဖတ်လေးတွေ သယ်သွားတယ်

    ReplyDelete
  19. ချဉ်ဖတ်တော့ကြိုက်သားဗျ။ တမာချဉ်လေးစားချင်တယ် ကိုအောင်ရေ။ နဲနဲလောက်မျှဗျာ။

    ReplyDelete
  20. ချဉ်ဖတ် စားချင်တာ ကလည်းကဗျာလေးနဲ့ပါလား။ စားဗျာ။/မယ်

    ReplyDelete
  21. ဒီကဗျာကိုတော့ တော်တော် ချဉ်သွားပြီ ။ :P
    ကောင်းဗျ ကဗျာလေး ။ ဆန်းတယ် ။

    ReplyDelete
  22. အချဉ်ဓါတ်ကလူနဲ့တည့်တယ်တဲ့..
    ဒါကြောင့်များချဉ်နေကြတာလားမသိ..

    ကဗျာကောင်းတယ်ဗျာ.

    ခင်မင်လေးစားလျက်
    မိုးကြယ်

    ReplyDelete
  23. ကိုအောင်သာငယ်က လေချဉ်တက်တဲ့ ကဗျာဆိုလို့ ညနေ ညနေ အချိန်ကျလို့ တက်တဲ့ လေချဉ် အကြောင်း ရေးမယ် မှတ်နေတာ။ :)
    ကဗျာလေးက ဘယ်လောက်ချဉ်သလဲဆို
    ဖတ်လဲပြီးရော ...
    ရှူရတဲ့ လေတွေလဲ အချဉ်ပေါက်
    ညနေခင်း နေရောင်လဲ အချဉ်ပေါက်
    သောက်နေကျ ရေတွေလဲ အချဉ်ပေါက်သွားသလိုပဲ ... ။

    တိုက်တိုက်ဆိုင်ဆိုင် ထမင်းစားတော့ လက်ဖက်သုတ်ထဲ သံပုရာသီး ညှစ်တာ များသွားလို့ တော်တော်ကို ချဉ်သွားတယ်။ ကျမက အချဉ်ကြိုက်လို့သာပဲ။ တမာချဉ်လေးရရင်တော့ စားချင်ပါဘိရှင်။

    ReplyDelete
  24. ကတွင်းချဉ်လာတယ်။ ပုံထဲကချဉ်ဖတ်လေး တို့ စားချင်လိုက်တာ။ မြင်သာမြင် မချဉ်ခဲ့ရလို့ စိတ်ချဉ်ပေါက်သွားတယ်။

    အယ်ဇီ

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...