Mar 16, 2009
၄၅ နှစ်မြောက်မွေးနေ့
တကယ်ဆို ကျနော်က မွေးနေ့အထိမ်းအမှတ်အဖြစ် ဘာတခုမှ လုပ်လေ့ လုပ်ထ မရှိပါဘူး။ ကျနော့် မွေးနေ့မှာ ကျနော့်ကို လူသား တယောက် အဖြစ် လူ့ လောကထဲကို ခက်ခက်ခဲခဲ သယ်ဆောင်လာပေးတဲ့ အမေ့ကို ကန်တော့ပါတယ်။ ဒါပဲ လုပ်လေ့ရှိတာ။ ခုတော့ သည် ၄၅ နှစ်မြောက် မွေးနေ့မှာ ကန်တော့စရာ အမေက လူ့လောကထဲမှာ မရှိတော့ပါ။ ဒါပေသည့် အမေ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့သော တမ်းတ သော အားဖြင့် အမေ ရှိမယ့် နိဗ္ဗာန်ဘုံ (သို့) ကောင်းကင်ဘုံကို မှန်းပြီး ကန်တော့ လိုက်ပါတယ်။
ပြီးခဲ့တဲ့ ကျနော့်ရဲ့ (၄၄) နှစ်မြောက် မွေးနေ့က ဘာမှ မထူးခြားပေမယ့် ခု (၄၅)နှစ်မြောက် မွေးနေ့ကတော့ ထူးခြား ပါတယ်။ ဘာလဲ ဆိုတော့ ကျနော့် မွေးနေ့တိုင်းမှာ ကောင်းမှုကုသိုလ် လုပ်ပေးခဲ့တဲ့ အမေ မရှိတော့ တာပါပဲ။ ကျနော့် မွေးနေ့တိုင်းမှာ အမေဟာ ရွှေတိဂုံဘုရားကို သွားတယ်။ အင်္ဂါထောင့်မှာ ကျနော့် ကိုယ်စား ဆီ၊ မီး၊ ရေချမ်း လှူဒါန်းတယ်။ ပြီးခဲ့တဲ့ (၄၄) နှစ်မြောက် မွေးနေ့မှာ အမေ့ကို ဖုန်းခေါ်တော့ - သားလေးရေ ခုပဲ မာမာ ဘုရားက ပြန်လာတာ သားအတွက် ဆီ မီး ရေချမ်း လှူဒါန်းပြီးပြီ သိလား။ အခက်အခဲတွေ အားလုံး ပျောက်သွားလိမ့်မယ် သိလား - ပြောရှာပါသေးတယ်။
အမေဟာ တကယ်တော့ သာမန် မိန်းမသားတဦးပါပဲ။ ဒါပေသည့် ကျနော့်အတွက်တော့ ကြီးမြတ်နေခဲ့တယ်။ ကျနော့်ကို သူ့ ၀မ်းကြာတိုက်ထဲမှာ အမေ သယ်ဆောင်ထားချိန်မှာ အဖေက အဝေးတနေရာမှာပါ။ သည် အကြောင်းကို မဆုံးခဲ့တဲ့ကဗျာ ဆိုတဲ့ ပို့စ် တခုမှာ ကျနော် ရေးခဲ့ဖူးပါတယ်။ ပြီးတော့ ကျနော် ၃ နှစ်သားမှာ အမေ အဖမ်းခံခဲ့ရတာပါ။ နရသိရ်ထဲကနေ ကဗျာတွေရေးပြီး ကျနော်တို့ ညီအကို ၂ ယောက်ကို အမေ လွမ်းခဲ့တဲ့ အလွမ်းတွေက ခုထက်ထိ ကျနော့် ရင်ဘတ်ကို ရိုက်ခတ်နေဆဲပါ။ ဘာပဲဖြစ်ဖြစ် အမေဟာ အဖေ့ အတွက် ကြင်ဖော်ကောင်းတယောက် ဖြစ်ခဲ့သလို၊ ကျနော်တို့အတွက် မိခင်ကောင်း တယောက် ဖြစ်ခဲ့ ပါတယ်။ ထို့အတူပဲ နိုင်ငံအတွက်လည်း နိုင်ငံသားကောင်းတဦး ဖြစ်ခဲ့တဲ့သူပါ။ ၁၉၈၈ မှာ ကျနော် တောခိုတော့ အမေ့ကို နှုတ်ဆက်တဲ့အခါ အမေပြောခဲ့တာက - သစ္စာဖောက်တဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်နဲ့သား - တဲ့။ အမေက အဲလို အမေပါ။
အမေ့အကြောင်းကို မွေးနေ့မှာ ပြောပြနေမိတာကို ခွင့်လွှတ်ကြပါ။
ခုတော့ မွေးနေ့မှာ ပျော်ပျော်ပါးပါး စားကြပါစို့...
အုန်းနို့ခေါက်ဆွဲနဲ့ပဲ စလိုက်ကြရင် ကောင်းမယ်။
ပြီးရင် ရှမ်းခေါက်ဆွဲစားကြပါ။
ဝက်သားပေါင်းတွေလည်း စားကြဦး
ဒါကတော့ အာလူးသုပ်၊ စမူဆာသုပ်ဗျာ။
ဂျင်းသုပ်လည်း ရှိတယ်။ ကြိုက်သလိုသာ ထည့်စားကြပေတော့။
ပုဇွန်ခွက်ကျော်ဗျာ..
ဘယာကျော်လည်း ကောင်းမှကောင်း။
လဘက်သုပ်လည်း စားဦး... ဆိုးဆေးမပါဘူး...း)
ကြက်သွန်ကျော်လည်း စားသွားဦး။
ပြီးရင် အလွမ်းပြေ ကြံရည် သောက်ကြ...း)
ကြံရည် မကြိုက်တဲ့သူ ထန်းရည်သောက်...း)
ခုလောလောဆယ်တော့
ဖွယ်ဖွယ်ရာရာ ဧည့် မခံနိုင်တာကိုလည်း
ခွင့်လွှတ်ကြဗျာ...။
စိတ်ထဲမှာတော့ ရှိပါတယ်။
ညီအကို မောင်နှမတွေအားလုံးကို
အကောင်းဆုံး ဧည့်ဝတ်ပြုချင်တာ။
အမိဗမာပြည်ကို ပြန်ရောက်မှပဲ
အားလုံး ဆုံကြမယ်လေ...
အဲသည်အခါကြမှပဲ
အကောင်းဆုံးတွေကို
အတူတူ စားကြတာပေါ့...
78 comments:
  1. Happy Birthday အန်ကယ်....
    ထန်းရည်လည်းပါတယ် ကောင်းလိုက်တား)
    အပေါ်ကစာတွေဖတ်ပြီးတော့ ဘာပြောရမှန်းမသိဖြစ်သွားတယ် မွေးနေ့မှာပျော်စရာတွေပဲ တွေးပါ အန်ကယ်ရေ့ ။
    ReplyDelete
  2. တကယ်တော့
    ဆာရီယဲလ် ကဗျာတပုဒ်ရဲ့ အတ္ထုပ္ပတ္တိ ..နဲ့ တင် ကဗျာဆရာ ရဲ့ ပရိတ်သတ်ကို
    အကောင်းဆုံး ပေးဆပ်ပြီးပြီလေ..
    အသက်ပဲ ၄၅ နှစ်ရှိပြီတဲ့
    ကလေးတွေ လို စားစာရာ ပုံတွေ လိုက်တင်နေတုန်း..
    အဲဒါတော့ သိပ်မမိုက် ဘူးနော်..း)
    ပျောရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ..
    အမေ မရှိတော့ပေမဲ့..
    အမေ ကြိုက်သလို မျိုး ဘ၀ ကို ဖြဆ်သတ်း သွား နိုင်ရင်
    အမေ.. ရောက်ရာ ဘသ က ကျေနပ်နေမှာ ပါ
    ReplyDelete
  3. ပျောfရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ..
    အမေ မရှိတော့ပေမဲ့..
    အမေ ကြိုက်သလို မျိုး ဘ၀ ကို ဖြတ်သန်း သွား နိုင်ရင်
    အမေ.. ရောက်ရာ ဘ၀ က ကျေနပ်နေမှာ ပါ
    ReplyDelete
  4. အစ်ကိုရေ အမိဗမာပြည်မှာ ဆုံခွင့်ရချင်တယ်တဲ့လားဗျာ။
    ပျော်ရွှင်စွာဖြင့် စာတွေရေးရင်း
    အစ်ကိုရဲ့ ဓါးမလေးနဲ့ ရွှေလက်တွဲရင်း
    နောင်နှစ်ပေါင်းများစွာအထိပေါ့.....
    လေးစားစွာဖြင့်
    ရွာသားလေးဝိုင်တီယူ
    ReplyDelete
  5. မွေးနေ့ပွဲကို ပါဝင်ဆင်နွှဲသွားပါတယ်။ ပျော်ရွှင်စရာ ကောင်းတဲ့ မွေးနေ့ဖြစ်ပါစေ။ နောင်တစ်ချိန် မြန်မာနိုင်ငံမှာ ပြန်ဆုံမှပဲ ပျော်ပျော်ပါးပါးကြီး ဆင်နွှဲကြတာပေါ့။
    ReplyDelete
  6. ကိုကြီးအောင်သာ...
    HAPPY BIRTHDAY...
    တို့အကိုကြီးက ခုမှဘဝစတာ.. (၅) နှစ်သားပဲရှိသေးတယ်နော်..
    ယ္ခုမွေးနေ့မှတိုင် ပျော်ရွှင်ဖွယ် မွေးနေ့ပေါင်းများစွာသို့...
    ညီတွေ ညီမတွေနဲ့ ပျော်ပျော်ပါးပါး လက်တွဲသွားကြမယ်အကိုရာ...
    ချစ်ခင်လေးစားလျှက်...
    ReplyDelete
  7. အသက်၄၅နှစ်ပြည့် မွေးနေ့မှသည် ရှေ့ဆက်လှမ်းရမယ့် ဘဝခရီးလမ်းတလျှောက်လုံး ချမ်းမြေ့သာယာသော ဘဝကို ရရှိခံစားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် အကိုကြီးရေ
    ReplyDelete
  8. ညီညီနဲ့မွေးနေ့တူတူပဲကိုး.. ဒါကြောင့်ပြောပါတယ်.. ထင်ရှားကျော်ကြားသူတွေ မတ် ၁၆ မှာ မွေးပါတယ်လို့.. :P.. မတ်ခ်တွန်းလည်း မတ် ၁၆ ပဲလေ.. နော့်..
    အုန်းနို့ခေါက်ဆွဲနဲ့ လက်ဘက်ကလွဲလို့ ကျန်တာအကုန် စားသွားတယ်ဗျာ.. ထန်းရည်ကတော့ သောက်လို့တောင် မဝ..း)
    ReplyDelete
  9. လာလာတော့ ဖတ်ဖြစ်တယ်.. တခါမှ မမန့်ဖြစ်ဘူး...
    ခုမွေးနေ့လေးမှာတော့ ဦးအစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးချင်လို့ဝင်လာပါတယ်။ ဦးက ၄၅ နှစ်ဆိုတော့ ဖေကြီးနဲ့မေကြီးကို သတိရသွားတယ်... သူတို့ကတော့ ၄၉နဲ့၎ရ ပါ...း) (ဘာမှဆိုင်ဘူးနော် ..ဟီးးး )
    ဦးအမေကြောင်း စိတ်မကောင်းစွာဖတ်နေရင်း... စားစရာတွေတွေ့လို့ ပိုငိုချင်သွားတယ်.. အဟင့်...
    ReplyDelete
  10. ဟက်ပီးဘတ်ဒေး အင် မဲနီးယီးယားတူကမ်း
    ReplyDelete
  11. Happy Birthday ပါ အကိုရေ
    အခုပဲ ရန်ကုန်က အကိုနဲ့ မွေးနေ့တူတဲ့ ရန်ကုန်က အမကြီးဆီ ဖုန်းဆက်လိုက်သေးတယ်။ ပြီး အကို့ဘလော့ဂ်ကို လာတော့ ပို့စ်အသစ်နဲ့ တွေ့တာပဲ။
    စေတနာပါပါနဲ့ ကျွေးတဲ့အစာတွေက များမှများပါလား။ အဲဒါ တကယ်ကြီး ကျွေးတာလား။
    အိမ်ကိုလိုက်လာမှာ.. နီးနီးလေး..။ :)
    ReplyDelete
  12. အကိုရေ ဟက်ပီးဘတ်ဒ်ဒေးပါ ....
    စားစရာတွေကများပေမဲ့ စားရတာသိပ်မ၀သလိုဘဲ ....
    ပုံတွေမို့လို့ထင်တယ် .................းဝ
    ReplyDelete
  13. အကိုရေ...
    ပျော်စရာ မွေးနေ့ ဖြစ်ပါစေ...
    စားစရာတွေက စုံလိုက်တာ...
    ဘယ်ကနေ စ စားရမှန်းတောင် မသိတော့ဘူး...
    ရှုပ်ပါတယ်... ထန်းရေပဲ သောက်သွားတော့မယ်...
    ReplyDelete
  14. Happy Birthday ပါအကိုကြီးရေ
    ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ။
    အစစအရာရာ အဆင်ပြေချောမွေ့ပါစေ။
    ကဗျာတွေ၊ စာတွေလည်း ဒီထက်ဒီထက် ပိုတိုးလို့ ရေးနိုင်ပါစေ :) :)
    ReplyDelete
  15. happy birthday အစ်ကို
    စိတ်ရောကိုယ်ပါရွှင်လမ်းချမ်းမြေ့ပါစေ
    ReplyDelete
  16. အစားအသောက်တွေအတွက် ကျေးဇူးတင်ပါတယ်အစ်ကို၊
    ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ....။
    ReplyDelete
  17. ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ အစ်ကို။ မွေးနေ့ပွဲပါဝင်ရင်း စားစရာတွေလည်း အကုန်ကြိုက်လို့ ကျေးဇူးတင်သွားကြောင်းပါ။
    ReplyDelete
  18. အကိုရေ မွေးနေ့ပွဲလေးမှာ ချစ်သော မိသားစုနဲ့ ပျော်ရွှင်ပါစေ မိဘမေတ္တာကို ရင်ထဲကနေ ခံစားရပါတယ်ဗျ.. အကိုအမေလဲ အကိုနဲ့ အတူ ရှိနေမှာပါ
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  19. Happy birthday ပါရဲဘော်ကြီးရေ အစစ အဆင်ပြေပါစေဗျာ
    ReplyDelete
  20. ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေရှင်..
    မွေးနေ့မှာ စားစရာတွေက ရှယ်ပါပဲ.
    ကျေးဇူးပါ အစ်ကိုရေ..ကျန်တာ အ၀စားသွားပါတယ်ရှင်.
    ReplyDelete
  21. န၀င်းကြေတဲ့ မွေးနေ့ မင်္ဂလာမှာ မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ ခင်ဗျာ။ ရှေ့ဆက်ရမယ့် ဘ၀ခရီးမှာ အတ္တဟိတ ပရဟိတ မျှတတဲ့ လူသားတစ်ဦးအဖြစ် အေးချမ်းတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေဗျာ။
    ReplyDelete
  22. ရှမ်းခေါက်ဆွဲစားသွားပါတယ်၊ စားကောင်းကောင်းနဲ့ စားလိုက်တာ (၂)ပွဲတောင်ပြောင်သွားတယ်ဗျာ၊
    (၄၅)မွေးနေ့မှတိုင် နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်ချမ်းမြေ့သော ၊ အောင်မြင်ပိုင်စိုးသောဘ၀ကို ပိုင်ဆိုင်ပါစေလို့
    ReplyDelete
  23. အစ်ကိုကြီး ..အကြော်တွေ တစ်ဝကြီးပဲ စားသွားတယ်...
    ကောင်းလိုက်တာ..အီး ထူပါဦး ဗိုက်တင်းသြွးလို့...:P
    အစ်ကိုရေ့....ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ..
    ReplyDelete
  24. ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေဗျာ ....
    မနှစ်ကလောက် အမေဆီက ဆုတောင်း ကုသိုလ်ပြုမှုလေးတွေ မရတော့ပေမယ့် အကို့ ကို ချစ်ခင် လေးစားနေတဲ့ ညီအကို မောင်နှမတွေနဲ့တင် အကို ကြည်နူး ပီတိ နှစ်သိမ့်နိုင်ပါစေလို့
    ဆန္ဒပြုလျှက် -
    ဘုန်းမြင့်သူ
    ReplyDelete
  25. မွေးနေ့တိုင်း ပျော်ရွှင်စွာ ဆုတောင်းပေးမယ့် မိတ်ဆွေကောင်းတွေ ရှိနေသေးတာ ၀မ်းသာစရာပါ။
    မွေးမိခင်ကို သတိတရ ရေးထားတဲ့စာ ဖတ်ပြီး စိတ်မကောင်း ဖြစ်မိသွားတယ်။
    ဘာပဲဖြစ်ဖြစ် သုတရသတွေ ဆက်လက်မျှဝေနိုင်ပါစေ။ ရည်မှန်းချက်တွေ အောင်မြင်ပါစေ .. လို့ ဆုတောင်းပေးသွားပါတယ် ဦးအောင်သာငယ်။
    ReplyDelete
  26. Happy Birthday ....
    I had had a lot ...
    thanks,
    Wishing you all the best ..
    ReplyDelete
  27. အစ်ကိုရေ။ ခရီးထွက်နေတာနဲ့ မွေးနေ့ အလာနောက်ကျသွားတယ်ဗျ။ Happy Birthday!!
    ReplyDelete
  28. “အမိဗမာပြည်ကို ပြန်ရောက်မှပဲ
    အားလုံး ဆုံကြမယ်လေ...
    အဲသည်အခါကြမှပဲ
    အကောင်းဆုံးတွေကို
    အတူတူ စားကြတာပေါ့...”
    ဘယ်တော့လဲ အစ်ကို..။
    ReplyDelete
  29. ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ ကိုအောင်သာငယ်… အမေ့စကား မြေ၀ယ်မကျနားထောင်တဲ့သားကို မြင့်မြတ်သောဘုံဘ၀မှ အမေက သာဓုခေါ်နေမှာပါ… ဆမူဆာသုတ်နဲ့ ပုဇွန်ခွက်ကြော်စားသွားတယ်….
    ReplyDelete
  30. ဟာ............
    ဗိုက်တွေတောင်ဆာလာတယ်..
    ပုံတွေကြည့်ပြီး ပေါ်လာတဲ့ စားချင်စိတ်တွေကို...
    ဘယ်လိုလုပ်ရပါ့..။
    ကျေးဇူးအကိုရေ...
    သွားရည်ကျပြီးပြန်သွားပြီ..။
    ဆုတောင်းက တောင်းပေးထားပြီးသားဆိုတော့...
    မွေးနေ့လက်ဆောင်...
    အင်း...မွေးနေ့လက်ဆောင်....
    ((လက်တွေ့က......
    အခုကဗျာရေးနေသလောက်
    ပေါ့ပါးချမ်းသာမနေတော့
    မွေးနေ့ဆိုတာ..
    သေနေ့ရဲ့နိဒါန်းစာမျက်နှာ
    ဒါ့ထက်ပိုပြီး.....
    ရင်ခုန်ကြည်မွေ့စရာ..မရှိ...။))
    ၃၂နှစ်စာအတွေးဆိုတဲ့ မွေးနေ့ကဗျာထဲကစာသားပါ..အကို..။
    လက်ဆောင်ပေးထားခဲ့ပါတယ်..။
    ReplyDelete
  31. တချို့က ယတြာချေတဲ့အနေနဲ့ ပြောင်းပြန်အသက်လုပ်တတ်ကြတယ်ဗျ။ ဥပမာ ၅၄ ကို ၄၅နှစ်လုပ်သလိုမျိုးပေါ့။ ခုရော ယတြာချေထားသေးလား။ ဘာမှတော့မစားသွားဘူး။ ထန်းရေသောက်ပြီး မူးရမ်းသွားတယ်။ ရှည်ပါစေဗျာ။ သက်တော်ရာကျော်ပြောတာ.... ဆုတောင်းပေးပါတယ်။
    ReplyDelete
  32. ဟာ အစ်ကို့ကို ဒီလောက်ရှိလိမ့်အုံးမယ် မထင်ခဲ့ဘူးဗျ၊ စာတွေ အသံတွေက နုတုန်း ပျိုတုန်းဗျား။ အစားအသောက်တွေ တနင့်တပိုး တီးသွားပါတယ်။ မွေးနေ့မှာပျော်ရွှင်ပါစေ၊ မွေးနေ့မဟုတ်လည်း ပျော်ရွှင်ပါစေဗျာ။
    ReplyDelete
  33. နောက် အကျဆုံးမွေးနေ့ဆုတောင်းပဲ အကိုရာ..
    ဒါပေမဲ့ ကျနော် အကို့အတွက်တောင်းပေးတဲ့ဆု က
    အရင်ဆုံးပြည့်ပါစေလို့ ထပ်ဆုတောင်းပါတယ်...။
    ဘယ်တော့မှ သစ္စာမဖောက် ဘူးဗျာ....
    ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ...
    အကိုနဲ့တကွ..အကို့မိသားစုတစ်စုလုံး ကျန်းမာချမ်းသာ ကြပါစေ.....။
    မြန်မာပြည်မှာပြန်ဆုံကြတာပေါ့ဗျာ......။
    ReplyDelete
  34. ပျော်ရွှင်ဖွယ်မွေးနေ့များစွာ ပိုင်ဆိုင်ပါစေ..
    ReplyDelete
  35.့ Happy Birthday အန်ကယ်အောင်။
    ၄၅ နှစ်ဆိုတာ သိရပြီမို့ ဘကြီးမခေါ်တော့ပါဘူး။
    ပျော်ရွှင်အေးချမ်းပါစေဗျာ။
    ReplyDelete
  36. မိုးသောက်ယံ: ရောက်ခဲ့တယ် အကိုရေ .. ဟက်ပီးဘာ့သ်ဒေးပါ :)
    ReplyDelete
  37. 16 Mar 09, 14:16
    ဆောင်း: ဟတ်ပီးဘတ်ဒေး ကိုအောင်သာငယ်ရေ
    ReplyDelete
  38. 16 Mar 09, 18:15
    Win Zaw: ပျော်ရွှင်တဲ့ မွေးနေ့လေး ဖြစ်ပါစေ
    ReplyDelete
  39. 16 Mar 09, 19:23
    နန်းညီ: happy birthday to u and happy birthday to me.. too :D
    ReplyDelete
  40. 16 Mar 09, 19:30
    ၁၀၁: Happy Birthday to U and happy birthday to me... three :D
    ReplyDelete
  41. 16 Mar 09, 22:54
    ဂင်ကြီး: မင်္ဂလာမွေးနေ့ပါဗျာ :celebratin
    ReplyDelete
  42. 16 Mar 09, 22:56
    16 Mar 09, 22:57
    16 Mar 09, 22:58
    ReplyDelete
  43. 17 Mar 09, 00:48
    S-C: မွေးနေ့လက်ဆောင် ပေးချင်လို့ပါဗျို့
    17 Mar 09, 00:48
    S-C: http://sonata-cantata.blogspot.com/2009/03/blog-post_17.html
    ReplyDelete
  44. 17 Mar 09, 02:42
    လူလ: မင်္ဂလာပါ ကိုအောင်သာငယ်၊ မွေးနေ့ပွဲကို လာရောက်သွား၏။ ၄၅ နှစ်သည်မှ နှစ် ၁၀၀တိုင်အောင် ရွှင်လန်းချမ်းမြေ့ပါစေ...
    ReplyDelete
  45. 17 Mar 09, 04:29
    mie nge: HAPPY BIRTHDAY barr ko aung tharnge.
    ReplyDelete
  46. နောက်ဆုံးပိတ်အနေနဲ့ လူစည်အောင် လာအော်သွားတယ်
    Happy Bornday ပါ အစ်ကို (အဟေးဟေး)
    သူများတွေထက်အရင် အော်ပြီးသွားပြီမို့
    ခုမှပဲ ပွဲငြိမ်အောင်ချောင်ကထိုင်စောင့်နေတာ :D
    သူများမကုန်တာတွေ အကုန်ပါဆယ်ဆွဲမလို့
    ဆုကတော့ ပြောခဲ့သလိုပဲပေါ့
    အဆင်ပြေပျော်ရွှင်ပါစေ အစ်ကို
    လေးစားချစ်ခင်လျက်
    ညီငယ်
    ကိုရင်ညိန်း
    ReplyDelete
  47. 17 Mar 09, 05:52
    K: သြော..surrealism ပန်းချီကားတွေခမျာ..ခုတော့..လက်ဖက်သုပ် ချင်းသုပ် ပုဇွန်ခွက်ကြော်နဲ့ ဖုံးလွှမ်းသွားပါလား..း)
    ReplyDelete
  48. 17 Mar 09, 09:58
    သားထူး: မင်္ဂလာပါ ချစ်ကိုကြီးရေ..ခုမှာဒို့ချစ်ကိုက လူဖြစ်ခါစ မတ်တက်စမ်းလျှောက်နေပြီးပေါ့လေ..
    17 Mar 09, 09:59
    သားထူး: နောက်ကျသွားလို့ ကျန်တာတွေ အကုန်တုတ်သွားတယ်ဗျို့..ကောင်းတယ်ဗျာ ( ပင်ကျရေလေးက ပုဇွန်ဆိတ်ခုန်လေး..)
    ReplyDelete
  49. Belated Happy Birthday!
    I thought it is better late than never :)
    And many thanks for all the mouth-watering dishes and drinks :D
    ReplyDelete
  50. ၄၅ နှစ်ပြည့် မွေးနေ့မှသည်
    နေ့ရက်တိုင်းမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ကိုအောင်သာငယ် ... ။
    နောက်ကျသွားလို့ နောက်ဆုံးက ထန်းရည်ခွက်ပဲ မီတော့တယ်။ (အကြိုက်တွေ့သွားတာ) ကိုအောင်သာငယ်ရဲ့ အစားအသောက်တွေ ကြာကြာ မကြည့်ရဲဘူး။ သွားရည်ယိုလို့။
    ReplyDelete
  51. အစ်ကိုရေ Happy Birthday နော်။ အမေမရှိတော့ ပေမယ့် သစ္စာဖောက်တဲ့သား တစ်ယောက်မဟုတ်တဲ့ အတွက် အစ်ကို့အမေ ဂုဏ်ယူနေမှာပါ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
    မမေဒါဝီပြောသွားသလိုပဲ အစားအသောက်တွေကို သေချာတောင်မကြည့်ရဲဘူး။ ကိုယ့်တိုင်းပြည်ပြန်ရောက်မှ ပဲအဲဒါတွေ အ၀စားတော့မယ်။ :D
    ReplyDelete
  52. ဘာကျန်သေးလဲ မသိဘူး
    ၂ရက်လောက် နောက်ကျသွားတယ်
    ဟိုးးး အောက်ဆုံးက ထန်းရည်လေ တစ်ငုံ့လောက်ကျန်တာနဲ့တင် ကျေနပ်ပါတယ်..း)
    သက်ကျော်ရာကျော် ရှည်ပါစေ..
    ကဗျာတွေ စာတွေများကြီး ရေးနိုင်ပါစေလို့
    နိုင်းနိုင်းစနေ
    ReplyDelete
  53. ”ပျော်ရွှင်ဖွယ်မွေးနေ့” ပါအကို... အားကျသွားတယ်.. မင်္ဂလာရှိပြီးနွေးထွေးတဲ့မွေးနေ့ဆုမွန်တွေကို...
    ReplyDelete
  54. ဟက်ပီဘတ်ဒေး ...ဗျာ နောက်ကျလို့ ခွင့်လွှတ်ပေါ့၊ လက်ဖက်က ဆိုးဆေးပါတယ်ဆိုတော့ မစားတော့ဖူး ထန်းရည်ပဲ ကောက်မော့သွားတယ်။
    Peace of mind to you !
    ReplyDelete
  55. မအားလွန်လွန်းလို့ မွေးနေ့ကျော် တရက်မှလာတဲ့ညီမကို ခွေးလွှတ်ပါ အစ်ကိုဂျီး .. အသက်ထောင်သောင်းသိန်းသန်း ရှည်ပါစေ .. :)
    ReplyDelete
  56. 17 Mar 09, 16:23
    ဇူး: မင်္ဂလာပါ. ရောက်လာခဲ့ပါတယ်ရှင်. မွေးနေ့ပွဲလေးကို အားကျလိုက်တာ. စားချင်လို့း)
    ReplyDelete
  57. 18 Mar 09, 08:21
    မေရီ: သားရေယိုလိုက်တာ ကိုအောင်သာငယ်ရေ...။
    ReplyDelete
  58. 18 Mar 09, 09:26
    မြစ်ကျိုးအင်း: ရောက်လာတယ်ဗျို့ မွေးနေ့မင်္ဂလာပါဗျာ
    18 Mar 09, 09:26
    မြစ်ကျိုးအင်း: စမူဆာသုပ် စားချင်တယ်ဗျာ
    ReplyDelete
  59. မွေးနေ့သို့ လာရောက်ပြီး ဆုမွန်ကောင်း တောင်းပေးကြသော - တူတော်မောင်မျိုး၊ မမ၊ ညီငယ် ရွာသားလေး(၀ိုင်တီယူ)၊ ဖူးနုသစ် ZT၊ ကိုရင်နဲ့ မခင်လေး၊ ညီဆောင်းယွန်းလ၊ တူမတော် နန်းညီ၊ mainnmainn၊ တူမတော် နွေးနေခြည်၊ ဇရာအို၊ ညီမ ချိုသင်း၊ ညီ တောရိုင်းနှင်းဆီ၊ ညီမ သက်ဝေ၊ ညီငယ် ညိမ်းညို၊ ညီမျိုးဝင်းဇော်၊ ညီမ ဆင်ဒဏ်လား၊ မဇနိ၊ ညီ တောင်ပေါ်သား၊ ရဲဘော်ဂင်ကြီး၊ မစ္စတာပူး၊ ညီမ မ၀ါ၊ ညီငယ် ဂျူလိုင်အိပ်မက်၊ ကို၊ ညီမ မကြေးမုံ၊ ညီ ဘုန်းမြင့်သူ၊ တူမ ရွှန်းမီ၊ Zephyr၊ ညီ ကောင်းကင်ကို၊ ညီငယ် လင်းဒီပ၊ မတန်ခူး၊ ညီမအိန္ဒြာ၊ ကလူသစ်၊ ညီသန့်ဇင်အောင်၊ ညီငယ် ဖုန်းမြင့်၊ မေအောင်၊ တူမောင် တောင်ငူသား၊ ညီ မိုးသောက်ယံ၊ ညီမ ဆောင်း၊ ညီ ကိုဝင်းဇော်၊ ၁၀၁၊ ကိုဧရာနဲ့ မသီတာ၊ ကိုလူလ၊ မီးငယ်၊ မခင်ဦးမေ၊ ညီငယ် ကိုရင်ညိန်း၊ ညီမ မကေ၊ ချစ်ညီကြီး သားထူး၊ မမွန်၊ မမေဓါဝီ၊ ညီမမေ့သမီး၊ မနိုင်းနိုင်းစနေ၊ Anonymous၊ ဒူကဘာ၊ ညီ အိုင်လွယ်ပန်၊ ညီမ မတူး၊ ညီမ ဇူး၊ မေရီ၊ မြစ်ကျိုးအင်း - အားလုံးပဲ မင်္ဂလာပါ။ မွေးနေ့ဆုတောင်းများအတွက် ကျေးဇူးအထူးပါ။ အားလုံးပဲ အစစ အရာရာ အဆင်ပြေ ပျော်ရွှင်ကြပါစေ။
    ReplyDelete
  60. ဘလော့တွေ သိပ်မသွားဖြစ်လို့ နောက်ဆုံးမှ မျက်နှာငယ်လေးနဲ့ရောက်လာတဲ့ ရန်းဂန်းပါ။ မွေးနေ့ကလည်း နှစ်ရက်လောက်တောင်ကျော်သွားပြီ။ တတ်နိုင်ဝူး။ တတ်သလောက်မှတ်သလောက်တော့ ဆုတောင်းပေးလိုက်မယ်။ ရတာမရတာ အပထားမဟုတ်လား အစ်ကိုရဲ့။ ဒီတော့ ဆုတောင်းတာထက် ဆန္ဒပြုပေးလိုက်တာက ပိုမှန်မယ်ထင်ပါတယ်။ အစ်ကို ဖြတ်သန်းမယ့်နောက် ခရီးများစွာမှာ ဖုဌဿလောကဓမ္မေဟိ အတိုင်းဖြတ်သန်းသွားနိုင်ပါစေနော်။ ဗေဒင်အရတော့ မပြောတော့ပါဘူး။
    ReplyDelete
  61. ရန်းဂန်း - ညီအကိုချင်းတွေ ဘာမျက်နှာငယ်စရာလိုသလဲ ကိုယ့်ညီရာ။ အရောက်လာခဲ့တဲ့အတွက် ကျေးဇူးပါ။ ဆန္ဒပြုပေးသွားတဲ့အတွက်လည်း ကျေးဇူးအထူးပါပဲ။ အခိန်ရရင် ဗေဒင်အရပါ ပြောပေးပါလား ညီရာ...း)
    ReplyDelete
  62. ကိုအောင်သာငယ်.. ရိုးရိုးပဲ ဆုတောင်းပေးတော့မယ်နော်..ပျော်ရွှင်ဖွယ် အမှတ်တရ မွေး နေ့ ဖြစ်ပါစေလို့...။
    အလုပ်များနေတာနဲ့ ခုမှ ရောက်ဖြစ်တာ။ ကွန့်တော့လည်း နောက်ဆုံးပဲ။
    စိတ်တော့မရှိပါနဲ့နော့်....။
    အရာရာ အဆင်ပြေပါစေ။
    ReplyDelete
  63. ညီမ မှူး - ဘာကြောင့် စိတ်ရှိရမလဲ အားလုံးက အလုပ်များကြတာပဲ မွေးနေ့ကို အရောက်လာရင် ပြီးတာပဲ ဆုတောင်းအတွက် ကျေးဇူး...
    ReplyDelete
  64. အကိုရေ...မွေးနေ့လာသွားတယ်...
    ဒါပေမယ့်မြင်သာမြင်ရမကြင်ရ
    ဆိုသလိုပါဘဲ...စားချင်တာတကယ်ပါ....
    ReplyDelete
  65. ပျော်ရွှင်ဖွယ်မွေးနေ့ပါအကိုရေ..
    မုန့်တွေစားသွားတယ်..
    ခင်မင်လေးစားလျက်
    မိုးကြယ်
    ReplyDelete
  66. မ Nu Thwe၊ ညီမအမရာ၊ ညီမိုးကြယ် မွေးနေ့ကို ရောက်လာတဲ့အတွက်ရော ဆုတောင်းအတွက်ပါ ကျေးဇူးအထူးပါ။
    ReplyDelete
  67. ကိုကြီးအောင်ရေ
    ၄၅ နှစ်မြောက်မွေးနေ့မှာ ကြွေးတာစုံလို့ပါဘဲလား။ ကျနော်ကတော့ အုန်းနို့ခေါက်ဆွဲ နဲ့ ရှမ်းခေါက်ဆွဲကို တ၀ကြီး စားပစ်လိုက်တယ်။ ပြီးတော့ စမူဆာ တွေကိုမြင်လိုက်ရတော့ မဆလာနံ့လေးသင်းနေတဲ့ မဟာဗန္ဒုလ ပန်းခြံဘေးက ပဲသုတ်ဆိုင်က ဗန်းကြီးကို ပြေးမြင်မိတယ်။ ပြောရင်း သွားရည်တောင် ကျလာပြီ။
    နောင်နှစ်ပေါင်း တစ်ရာတိုင်အောင် အခုလိုဘဲ ကြွေးမွေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    ReplyDelete
  68. မွေးနေ့ ဆုတောင်း ပေးလာတာ နောက်ကျတာ ခွင့်လွတ်ပါ ။ နောင်နှစ်ပေါင်းများစွာ တိုင်အောင် ပျော်ရွှင်ဖွယ် မိသားစုနဲ့ အတူ ဘဝ ခရီးကို စိတ်တိုင်းကျ ဖြတ်သန်းနိုင်ပါစေ ။း)
    ReplyDelete
  69. ကိုအောင်ရေ မွေးနေ့ပွဲကို ရက်ကျော်မှနောက်ဆုံးရောက်ဖြစ်တာ တောင်းပန်တယ်၊ ၄၅နှစ်မြောက်မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ တိုင်အောင် ချစ်ရတဲ့သူများနဲ့သာ ဘ၀ခရီးမှကြုံတွေ့ရပြီး မုန်းသူတွေနဲ့ ကင်းဝေးရပါစေလို့ ဆုတောင်းပေးပါတယ်။
    အစားအသောက်တွေက ဘာမှမကျန်တော့လို့ ပုကံတွေခွက်တွေဆေးပေးသွားတယ်။(အိုက်တိုးပဂေးစံပေါ့)
    ReplyDelete
  70. ချစ်ခင် ဆုတောင်းသူတွေ တယ်များပါလား။
    ၄၅ နှစ်မြောက်မွေးနေ့ကို ၄၅ ရက်အတွင်း လာပြီး နောက်ကျဆုတောင်းသွားပါတယ်။ အသစ်ထပ်ချက်ပြီး ကျွေးပါ။
    နှင်းတွေ အမြဲဝေ အေးမြပါစေ။
    ငှက်ကလေးတွေ အမြဲတေးဆိုပျော်ရွှင်စေ။
    အမြဲတမ်း ငြိမ်းချမ်းပါစေ။
    အမြန်ဆုံး အလုပ်ကောင်းကောင်း ရပါစေ။
    ReplyDelete
  71. အားယား...။ ဘယ်မှမလည်ပဲ တွင်းအောင်းပြီး အတွင်းအားကျင့်နေတာ..။ လည်လည်ချင်း တာအထွက်မှာတင် အစ်ကို့မွေးနေ့နဲ့ လာတိုးနေတာကိုး။ အပေါ်မှာဆုတောင်းပေးသွားတဲ့လူတွေကလည်းများတော့ ဆုတောင်းတွေကဆုံနေပြီ...။ ရှာကြံစဉ်းစားပြီးတော့ တော့ ပြောခဲ့ဦးမယ်...။
    အမိမြေရဲ့ ပန်းတိုင်မှာ ကျွန်တော်တို့ ညီအစ်ကိုတွေ အမြန်ဆုံး ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အစ်ကိုရေ...။
    ReplyDelete
  72. တစ်ခုသတိထားမသွားလို့ထပ်အော်ဦးမယ်..။ ကျွန်တော့် အပေါ်က ကော်မန့်က မထင်မှတ်ပဲ စိန်ရတုမြောက် ကော်မန့် ဖြစ်သွားပါကရော လား..။ ဟိ :P
    ReplyDelete
  73. ညီ ကျော်သိင်္ခ၊ ညီမောင်ငယ်၊ ကမာနီလာ၊ ညီမ မပန်၊ ညီငယ် အိပ်မက်နက် - မွေးနေ့ ဆုမွန်ကောင်းများအတွက် ကျေးဇူး အထူးပါ။
    ReplyDelete
  74. Happy birthday!
    ကျန်းမာပျော်ရွှင်စွာနဲ့ မွေးနှစ် အနှစ် ၁၀၀ ကျော်အောင် ဖြတ်သန်းနိုင်ပါစေ။
    နောက်ကျမှ ရောက်လို့ ဆောရီးပဲ။ ၀င်တိုင်းမှာ အင်တာနက်အမြဲပြုတ်ကျလို့ နောက်ပိုင်းမလာဖြစ်ခဲ့ဘူး။
    ReplyDelete
  75. နောက်ကျမွေးနေ့ဆုတောင်းပါ..
    ဟိုရက်တွေ့ က အလုပ်တွေရှုပ်နေလို့ပါ..
    အသက် ၄၅နှစ်မှသည် နောင်နှစ်ပေါင်းများစွာ ချစ်သော မိသောစုနှင့် အတူတကွ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေနော်..။
    ReplyDelete
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...