Feb 3, 2008

မဆုံးခဲ့တဲ့ကဗျာ















ဒီစာကတော့ ကျနော့် ရင်နဲ. ရေးတာပါ။

ကျနော့် ငယ်ဘ၀မှာ မှတ်မှတ်ရရ ဖြစ်နေခဲ့တဲ့ အဖြစ်အပျက်တချို. ရှိခဲ့ပါတယ်။ အဲဒီထဲကမှ တချို.ကို ကျနော်က ဝေမျှချင်တာပါ၊ ဒါကလည်း ဒီစစ်အစိုးရ လက်အောက်မှာ ဒီလိုမျိုးဘ၀တွေ ဘယ်လောက်များ ရှိနေခဲ့သလဲဆိုတာ ဘယ်သူမှ မသိနိုင်တဲ့အခါ တယောက်ယောက်က ဖောက်သည်ချမှ သိရနိုင်တာမျိုးမို.ပါ။

ကျနော့် ကိုယ်ဝန်ကို အမေလွယ်ပိုးနေရချိန်မှာ ကျနော့်ဖခင်ဟာ တောခိုသွားခဲ့ပါတယ်၊ ကျနော့် အထက်မှာ အကို တယောက်လည်း ရှိပါသေးတယ်၊ အကို.ကို အမေမွေးတော့ ကျနော့် အဖေက စစ်အစိုးရက လိုချင်နေတဲ့ ၀ါးရမ်းပြေး ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ. ကျနော့်အဖေဟာ သားနဲ.ဇနီးသည်ကို ခိုးချောင်ခိုးဝှက် ပွေ.ဖက်ခဲ့ရတာပါ။ ကျနော့်ကို အမေမွေးတော့ အဖေက အဝေးမှာပါ၊ ဒီလိုနဲ. အမေဟာ သားနှစ်ယောက်ကို လူဖြစ်အောင် မွေးခဲ့တယ်။ ဒီကြားထဲ သားတွေကို ခေါ်ဆောင်ပြီး တောတောင်တွေကြားထဲ ခိုးကြောင်ခိုးဝှက် သူ.လင်သားကို ပွေ.ဖက်ခဲ့ရတယ်။ အမေနဲ.အတူ တောတွေတောင်တွေကြားထဲ ငယ်ငယ်ကတည်းက ကျနော် ရောက်ခဲ့တယ်၊ အဖေ့ သူပုန်စခန်းက ၀န်ထမ်း ဆင်ကလေး ကျနော် ခုထိ မှတ်မိနေသေးတယ်။ ကျနော်က အရမ်း မှတ်ဉာဏ် ကောင်းတယ်။ အဖေကိုင်ခဲ့တဲ့ ဂျပန်ရိုင်ဖယ်ကိုလည်း အမေ့ကို ပစ်ခွင့်ပေးခဲ့တာ ကျနော်မှတ်မိနေသေးတယ်။ အမေရယ်၊ အဖေရယ်၊ ကျနော်တို. ညီအကိုနှစ်ယောက်ရယ်၊ လောင်းလှေကလေးထက်မှာ အဖေက လှေလှော်လို.၊ ပုဇွန်ဆိတ်ကလေးတွေကလည်း လှေထဲ ခုန်တက်လို.။ မှတ်မိနေသေးတာက လှေပေါ်မှာ ဖွင့်ထားတဲ့ ရေဒီယိုကသီချင်း (ဒေါ်မာမာအေးရဲ.သီချင်း) - အဲဒါကလည်း အမေက အိမ်မှာ ခဏခဏ ဆိုညည်းနေလို. ကျနော်က မှတ်မိနေတာ - နီးဖို.ရာဆိုရင် ၀ါဆိုတောင်မှ ပြာသိုအနားမှာထားလိုက်ချင် - -----... နယ်ခြားမြေဝေး နှောင်ချစ်ထွေးနှင့် တရေးချစ်ခွင့် မြင်ရနိုး ရှင့် - တရေးချစ်ခွင့် မြင်ရနိုး ရှင် -----၊ ဝေးကွာနေတဲ့ ချစ်သူကို လွမ်းတတဲ့ အမေ့ရဲ.သီချင်း။ ဒါတောင် အိမ်မှာ ရှိနေတုန်းက ကျနော် ကြားမိတာက - နယ်ခြားမြေခွေး - (နယ်ခြားမြေဝေး - မဟုတ်ဘူး၊) စိတ်ထဲမှာလည်းတွေးမိသေးတယ်၊ ကလေးအတွေးနဲ.ပေါ့။ သီချင်းထဲ ဘယ်က မြေခွေးက ရောက်လာတာလဲပေါ့။ ထားပါတော့။ အဲဒီလိုနဲ. အမေလည်း သူပုန်နဲ. ဆက်သွယ်သူ တဦးအဖြစ် ထောင်သွင်း အပြစ်ဒဏ် ကျခံခဲ့ရရှာပါတယ်။ ကျနော့် အမေဟာ အဲဒီအချိန်က အထက်တန်းပြ ဆရာမတဦးပါ၊ ပထ၀ီပညာ ဆရာမပါ၊ အမေ့ကို ထောက်လှမ်းရေးတွေ အိမ်မှာ လာဖမ်းတော့ ကျနော်က သုံးနှစ်သားပါ။ ဒီနေ.ထက်ထိ ကျနော်မှတ်မိနေသေးတာက အမေ့ကို ထောက်လှမ်းရေးတွေ ခေါ်ချိန်မှာ ကျနော်က အမေ့ ထမိန်စကို အတင်းဆွဲထားပါတယ်၊ အမေက သူ.ထမိန်စကို ကျနော့်လက်ထဲက ဆတ်ကနဲ ဆွဲထုတ်ပြီး ထောက်လှမ်းရေးတွေနောက် လိုက်သွားခဲ့ပါတယ်။ ကျနော့် ကလေးဘ၀ထဲမှာတော့ မှောင်မိုက်ခဲ့တဲ့ညတွေပါ၊ ဒီလိုနဲ. နရသိန်ရ်ထဲကနေ ကျနော်တို.ကို လွမ်းတိုင်း ရေးခဲ့တဲ့ အမေ့ကဗျာတွေကို သူငယ်တန်းကျောင်း မတက်ခင်ကတည်းက ကျနော်က ဖတ်တတ်နေခဲ့တာပါ၊ တွေးမိတိုင်းရင်နာတယ်။

အမေ့ကို ကျနော်ပြန်တွေ.ရတော့ ၁၉၇၁။ ကျနော် ပထမတန်းတက်နေပြီ။

အဲဒီလိုနဲ. နှစ်တွေ ကြာညောင်းခဲ့။ နောက်ဆယ့်ရှစ်နှစ် ကြာတဲ့အခါကြတော့ အဖေ့လိုပဲ ကျနော်က သူပုန်။ တခါ အမေ့လိုပဲ ကဗျာတွေ ပြန်ရေးနေမိတယ်၊ ဒါပေမယ့် အမေ့ကိုလွမ်းလို. ရေးခဲ့တဲ့ ကျနော့်ကဗျာတွေက အဆုံးသတ်လို.မရဘူး၊ ဒီအထဲကမှ ၁၉၉၇ အကျော်မှာ ထောင်ထဲက ပြန်ထွက်လာတဲ့ ကျနော့်အမေကို ဖုန်းဆက်ခွင့်ရလို. ဖုန်းထဲက အမေ့ကို ရွတ်ပြခဲ့တဲ့ တပိုင်းတစ ကဗျာတချို. ခင်ဗျားတို.ကို ပြန်ဝေငှချင်တာပါ၊ ဒါပေမယ့် ကျနော့် ကဗျာက မဆုံးဘူး၊













`ဖေဖေက -နေ-
မေမေက - လ-
ကြယ်ကလေးလိုလက်ကာပ
သားလူချောလှ`တဲ့ ...



ကလေးဘ၀က
ဖတ်ရတဲ့ နရသိရ်ထဲကအမေ့ကဗျာ
ရင်မှာတသစူးနင့်
အလွမ်းပွင့်တွေဝေသီ
နှလုံးသားတွေ နီနေဆဲ ...

မေမေ ...
ကျနော့်ကို လွမ်းနေလား...။

လွမ်းနေရတဲ့ညတွေမှာ
ကောင်းကင်ပြာကြီးကို
လှမ်းကြည့်လိုက်ပါ၊

အဲဒီမှာ
သား ရှိတယ်၊
သားဟာ
ကြယ်ကလေးပါ မေမေ၊

ကြယ်ကလေးလေ
မုန်တိုင်းတွေသိမ်းဖွက်ထားတဲ့
မြက်ရိုင်းထူထူတွေထဲ ပုန်းအောင်းနေသူ
`နီရူဒါ`ရဲ.သစ်ခုတ်သမား။

ကြယ်ကလေးလေ
နေ၀န်းနီနီကိုပွေ.ဖွက်
ကောက်သစ်စားမယ့်နေ.တွေအတွက်
ခရီးရှည်ထွက်ခဲ့တယ်။

ကြယ်ကလေးလေ
နေမင်းပုံရိပ်
သူ.ယုံကြည်ချက်မှာ ချိတ်ထားတယ်၊
လမင်းအမှာစကား
သူ.နှလုံးသားထဲ သိမ်းထားတယ်၊

မေမေရယ်
ကြယ်ကလေးအတွက်
မျက်ရည်တွေအစား
ပန်းများပွင့်လိုက်ပါ။

ATN

--------

အဲဒါကတော့ တထိုင်ထဲ ကျနော့်ခေါင်းထဲက ပေါ်လာတဲ့ စကားတွေပါပဲ၊ ရင်ထဲမှာ ခံစားချက်တွေ များလွန်းလို.လည်း ဖြစ်ရင်ဖြစ်မှာပေါ့၊ ဒါပေမယ့် အမေက ကျနော့်ကို ပြောခဲ့တယ်။

-သားရယ် မင်းဟာ နေမင်း၊ နေမင်းနေရာကို မင်း ရောက်နေပြီပဲ မင်းရဲ. ကြယ်ကလေးတွေကိုပဲ စိတ်ထဲထည့်ထားပါသားရယ်-တဲ့၊

အမေကတော့ ခုထိခေါင်းမာတုန်း၊ ကျနော်ကတော့ ကျနော့်ရဲ. မဆုံးတဲ့ကဗျာကိုပဲ ............ ..........

12 comments:

Yaw Han Aung said...

မဆုံးသေးတဲ့ကဗျာ။ ကောင်းတယ်ဗျာ။ ရှည်ရှည်လေး ရေးရင် ပိုကောင်းမယ်ထင်တာပဲ။ အကြံပေးတာပါ။ တကယ့်အဖြစ်အပျက်က ၀တ္ထုတွေထက် ဆန်းကျယ်ပါတယ်။

M.Y. said...

သိင်္ဂါရ၊ သန္တ၊ ကူးစက်ဝေမျှ..ခံစား..ရပါတယ်…
အထက်တန်းပြဆရာမ..မိခင် ကဖုန်းထဲမှာ ပြန်ပြောတဲ့စကားတစ်ခွန်းနဲ့  ဒီကဗျာကို အဆုံးသတ်လိုက်တယ်..အဲဒါ အလှပဆုံး..နဲ့အကျစ်လစ်ဆုံး ကဗျာအပိတ်ပဲ..ကျွန်တော့်အတွက်ပေါ့…

Nyein Chan Aung said...

ကောင်းလိုက်တဲ့ ကဗျာလေး ဗျာ။ ရင်ဘတ်ထဲက တိုက်ရိုက်ထွက်လာလို့ ထင်တယ်။

လင်းလက်ကြယ်စင် said...

ကိုယ်ချင်းစာခံစားမိပါတယ်။ ကဗျာလေးကလည်း ရင်နင့်စေတယ်။ ဒီလိုမျိုး ကွဲကွာရတဲ့ မိသားစုတွေ ၊ အခြေအနေဆိုးတွေအားလုံး ကျွန်မတို့အားလုံးနဲ့ နောင်မျိုးဆက်တွေ ဆက်လက်မခံစားရတော့အောင် နှလုံးသွေးမျက်ရည်တွေကိုရင်းပြီး ဆက်လက်တိုက်ပွဲဝင်ရဦးမှာပေါ့။ အားပေးနေပါတယ် သူငယ်ချင်း။ စိတ်ဓါတ်မကျပါနဲ့။ အလွမ်းတွေကို အနာဂတ်လုပ်စရာတွေနဲ့ ကြိုးစားဖြေသိမ့်ရင်း မပြီးသေးတဲ့အနာဂတ်အတွက် ဆက်လျှောက်လှမ်းကြတာပေါ့ :)

Anonymous said...

အကို....ကဗျာလေးက တကယ့် ကို ခံစားရပါတယ်…

Kaung Kin Ko said...

ကြေကွဲစရာပါဗျာ။ ကဗျာလေးက အရမ်းထိတယ်ဗျာ။ ရင်နင့်အောင်ခံစားရတယ်ဗျာ။ ဘဝ သုံးခုနဲ့  ရင်းပြီးထါက်လာတဲ့ ကဗျာလေး။ ကဗျာဖတ်ပြီး ရင်ထဲမှာ အတွေးတွေ ခံစားချက်တွေ မဆုံးတော့ဘူး။

စိုးထက် - Soe Htet ! said...

သားရယ် မင်းဟာ နေမင်း၊ နေမင်းနေရာကို မင်း ရောက်နေပြီပဲ မင်းရဲ. ကြယ်ကလေးတွေကိုပဲ စိတ်ထဲထည့်ထားပါသားရယ်-တဲ့၊

အကောင်းဆုံး မိဘမေတ္တာပြ စာကြောင်း ပဲ ဗျ :D

kay said...

ကိုယောဟန်အောင်အကြံပေးသလို.. သီးသန့်မှတ်တမ်းလေး ရေး ရင် ပို ထိုက်တန်မယ်ထင်တယ်။
ဂုဏ်ယူပါတယ် ရှင်။

လင်းထက် said...

အကိုကြီးရေ အခုမှ ပိုစ့်တွေ အစက လိုက်ပြန်ဖတ်နေရတယ် ဗျ ဒီပိုစ့်လေး ကတော့ ကျွန်တော့် ကို စပြီး ထိခိုက်စေခဲ့ပြီ နောက်ပိုစ့်တွေ မှာလဲ ဒိ့ထက်မလျှော့တဲ့ ခံစားမှုတွေ ပေးမယ် ဆိုတာ သိနေပြီ..။

mama said...
This comment has been removed by the author.
mama said...

မဆုံးတဲ့ ကဗျာလေး အတွက်
ထပ်တူ ခံစားပြီး...
အမေ့ကိုချစ်တဲ့ အချစ်တွေ အတွက်
ဂုဏ်ပြုပါတယ်.......။
အမေမြတ်နိုးခဲ့ တဲ့ အမှန်တရားကိုချစ်တဲ့စိတ်
နိုင်ရာတာဝန်ထမ်းနေတဲ့ အနေအထား..
အမေ ဘယ်နားရောက်ရောက် ကျေနပ်နေမှာပါ...)

လင်းဒီပ said...

အခုမှ ဖတ်မိတယ် အစ်ကို ..စိတ်မကောင်းပါ။