Dec 27, 2010

တချက်လေး စောင်းငဲ့ကြည့်ဦး (ကျော်ဟိန်း)

ခွင့်ပြုလိုက်ဖို့... ငါ့မှာ... အင်အား မရှိ... 
ခိုင်လုံတဲ့... အကြောင်းအရင်း... မသိရဘူး...
ငါလေ... အသက်ငွေ့ငွေ့ကို... ရှိုက်သွင်းကာ... ရီဝေမူး...
နင်တယောက်တည်း... ငါ့ဘ၀... အားလုံးပဲ... နားလည်ထား...

ထားခဲ့ရက်လို့... သွားမယ်ဆိုလည်း... သွား... 
ရှင်နေလျက်နဲ့... ဘ၀ဟာ... သေဆုံးမလား...
ကြင်နာမှုရဲ့... ပြောင်းပြန်... နာကျင်မှုဟာ... ငိုနေသူ... မျက်ဝန်းလား...
နင်တယောက်တည်း... ငါ့ဘ၀... အားလုံးပဲ... နားလည်ထား...

တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
ရင်ခုန်သံ... မရှိတဲ့... တွယ်ရာ... မဲ့တဲ့လူ... သာမန်... ဒြပ်ထု... တခုလိုပဲ...
တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
နယ်မကျွံခင်... လှည့်ပြန်ခဲ့... သေချာ ဆုံးဖြတ်ခဲ့... 
တခုတည်းသော... အဓိပ္ပါယ်နဲ့...

ကျောခိုင်းထားရင်းလည်း... ငါ့ကို... ပြန်... လှည့်... ကြည့်... 
တို့ရဲ့အကြည့်... ဆုံဆည်းတော့မှ...
ကြွေပြတ်သွားတဲ့... ကြိုးတွေ... ပြန်ဆက်သလို... အခြေအနေမှန်ကို... ပြန်ရောက်ဖို့...
နင်တယောက်တည်း... ငါ့ဘ၀... တကယ်... အားလုံးပဲ... နားလည်ထား...

တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
ရင်ခုန်သံ... မရှိတဲ့... တွယ်ရာ... မဲ့တဲ့လူ... သာမန်... ဒြပ်ထု... တခုလိုပဲ...
တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိတော့... ငါ့ဘ၀... မရှိ...
မလွန်ခင်... နောက်ဆုတ်ခဲ့... ရှင်လျက်နဲ့... ဘ၀ကို... 
သေအောင်... မလုပ်နဲ့... တောင်းပန်ရင်း...
မြင်ရုံသာ... စောင်းငဲ့ကြည့်ဦး... တယောက်တည်း... ငါ့ကို... ထားခဲ့မလား...
မြင်ရင်... နေရက်ပါ့မလား... စာနာသော... စိတ်က... 
တခုတည်းသော... အဓိပ္ပါယ်နဲ့...

တချက်လေး... စောင်းငဲ့ကြည့်ဦး...

Get this widget | Track details | eSnips Social DNA

Dec 26, 2010

Against All Odds (Phil Collins)

How can I just let you walk away,
just let you leave without a trace
When I stand here taking every breath with you, ooh
You're the only one who really knew me at all

How can you just walk away from me,
when all I can do is watch you leave
Cos we've shared the laughter and the pain,
and even shared the tears
You're the only one who really knew me at all

So take a look at me now,
'cos there's just an empty space
And there's nothing left here to remind me,
just the memory of your face
Just take a look at me now,
'cos there's just an empty space
And you coming back to me
is against all odds and that's nothing chance I've got to take

I wish I could just make you turn around,
just turn around and see me cry
There's so much I need to say to you,
so many reasons why
You're the only one who really knew me at all... oh...

Take a look at me now,
'cos there's just an empty space
And there's nothing left here to remind me,
just the memory of your face
Just take a look at me now,
'cos there's just an empty space
But to wait for you,
well that's all I can do and that's what I've got to face
Just take a good look at me now,
'cos I'll still be standing here
And you coming back to me is against all odds
I am not what I've got to face oh, oh

Just take a look at me now



Dec 23, 2010

စခီဇိုဖရီးနီးယား

http://www.facebook.com/notes/aung-tha-nge/55f6594c/10150353681325274

စိတ်-ဆိုတာမျိုးက...
ရိုးရိုး ဆိတ် တကောင်လည်း... မဟုတ်လေတော့...
ခြံလှောင်ထားလိုက်ဖို့ကလည်း... ခက်...

မှောက်လျက်ကလေး... ကွေးနေချိန်တောင်
ယောက်ယက်ကလည်း... ပြေးခပ်နေတတ်သေး...
ဟိုတွေး... သည်ရောက်...
ဂျွမ်းထိုး မှောက်ခုံ... လဲလို... လဲ...
အိပ်မက်တွေထဲ... လျှောက်သွားလို... သွား...
သက်တံများကို
ကောင်းကင်တံတားပေါ်မှာ... တက် ခူးလို... ခူး...
ရူးချင် သလိုလို... နှမ်းချင် သလိုလို... ဖြစ်...
လွမ်းဖျား လွမ်းနာ... ကျ...
အမည်နာမလေး တခုကိုကလည်း...
အမြဲတမ်း သတိတရ... ဖြစ်ဖြစ်... နေနေ... တတ်...
ရှိရှိသမျှ... ဓါတ်ပုံလေးတွေ... ထုတ်ထုတ်... ကြည့်....
မြှုံး... မိနေရင်တောင်...
ပြုံး... ကြည့်နေချင်တတ်ပါတဲ့... စိတ်...

(သိပ်... ခက်တယ်...
စိတ်... ပျက်တယ်... ကိုယ့်ဘ၀ဇာတ်ဆရာရယ်...
စိတ်ဓါတ်တွေ... အဟောင်းဆိုင်တန်းထဲ...)... လို့...
တိတ်တိတ်လေး... ဆိုဆို... ငြည်းငြည်း... နေနေမိတတ်တာကလည်း... စိတ်....

လရောင်ကို...
မီးခိုးတွေလို အူမှောင်... တမ်းတနေတာကလည်း... စိတ်...

လက်ချောင်းရှည်သွယ်လေး တစုံကို....
ခုန်နေတဲ့ နှလုံးသားအပေါ်မှာ
ယုယုယယ... ထိကပ်ထားချင်မိတာကလည်း... စိတ်...

နှုတ်ခမ်းပါး နှစ်လွှာပေါ်မှာ...
လမ်းသလားချင်နေမိတာကလည်း... စိတ်...

နမ်းရှုံ့ဖို့ခက်တဲ့ပါးကလေး နှစ်ဖက်ကို...
လှမ်းဆုပ်မလို့ တအားပြေးထွက်သွားတဲ့... စိတ်...

အားအားရှိတိုင်း...
န- ဟထိုး - င - သတ် - ၀စ္စ နှစ်လုံးပေါက်ဆိုပြီး...
ငါ့ ခီးဘို့ဒ်အပေါ်... ခေါက်ခေါက်... နေနေမိတဲ့... စိတ်...

ATN

Dec 17, 2010

မဲကလ တမ်းချင်း

http://www.facebook.com/notes/aung-tha-nge/-/10150348561165274?notif_t=like

မဲကလ-ရေ...
အမှတ်တရဆိုတဲ့... စကားလုံးထဲမှာ...
ဒဏ်ရာတွေ စိမ့်ဝင်နေတယ်-ဆိုတာ...
မင်းနဲ့ ငါပဲ သိပါတယ်... စမ်းချောင်းလေးရဲ့...

ကရင်လိုတော့... မဲကလ-တဲ့...
ငါတို့ကတော့ မင်္ဂလာ-လို့ အမည်ပြောင်းပစ်လိုက်တယ်...
စမ်းချောင်းလေးရေ...

မင့်စီးဆင်းမှုထဲမှာ
တို့တတွေ မျောပါသွားခဲ့တာ
အနှစ် ၂၀...

တကယ်တော့လည်း
မျောပါသွားခဲ့တာ မဟုတ်ပါဘူး...
တို့တွေအားလုံး
စိတ်ရောကိုယ်ပါ စီးဆင်းခဲ့ကြတာပါ...

မင့်ကမ်းပါး နှစ်ဖက်ကို
စုံစုံမက်မက်
ငါတို့အားလုံး
ချစ်မက် မြတ်နိုးခဲ့ဖူးတာပေါ့....

သေ့ဘောဘိုးရဲ့
နေ့နဲ့ညတွေမှာ
မင်းဟာ... ဧကရာဇ်...
ဒါမှ မဟုတ်ရင်လည်း... ဘုရင်မ တပါးပါး ဖြစ်ပေလိမ့်...

ငါတို့အားလုံးဟာ
မင့်ကို တနေ့တခါတော့
ထွေးပွေ့ကြရလေတယ်... မဲကလ-ရေ...

ငါတို့ရဲ့ အညစ်အကြေးတွေ...
ငါတို့ရဲ့ ပြည်မအလွမ်းတွေ...
ငါတို့ရဲ့ တမ်းတချင်းတွေ...
မင်းက ဖြေဖျောက်သယ်ယူသွား....

မဲကလ-ရယ်...
မင့် ကမ်းပါးနံဘေးအနားမှာ...
လွမ်းဖျားခဲ့ဖူးတဲ့ ချစ်သူ နှစ်ဦး...
သူတို့ နှစ်ယောက်အကြားမှာ
အေကေသေနတ် နှစ်လက်က
စည်းချက်တွေ အတန်တန်တားလို့
သူတို့ နှလုံးသားလေးနှစ်စုံ...
ခြောက်ခြားနေခဲ့ပုံ...
ခုထက်ထိ...
ငါ ရင်ခုန်နေမိသေးတယ်... မဲကလ-ရဲ့...

မင်းကတော့ တည်တည်ငြိမ်ငြိမ် စီးဆင်းလို့...
ဒါကိုပဲ ငါတို့အားလုံး မြတ်နိုးခဲံ့ကြပုံ...

မယုံနိုင်စရာကောင်းနေတာက...
မင့် တည်ငြိမ်နေမှု...
အခုကို ငါတို့အားလုံး သတိရနေကြသေးတယ်...
မင့် ကမ်းပါး နံဘေးမှာ
ငါတို့တွေ တေးဆိုခဲ့ကြပုံ...

မိုးမခပင်တွေ...
တို့... သက်သေတည်...
စိမ်းယဉ်သော အေးမြကန်သာမြေ...
ရိုးမတောင်ခြေ...
နေရောင်မခတဲ့ တောင်တွေ...
ငြိမ်းအေးစေ...

မင့် ရေတိမ်ရာ... ရေနက်ရာတွေဟာ...
ငါတို့ အားလုံးအ တွက် သင်ခန်းစာတွေ ဖြစ်ခဲ့...

မင်းက ငါတို့ အားလုံးကို သွန်သင်လေတယ်...
တကယ်တော့ မင့် ရေတွေက ကြည်လင်ပါတယ်လေ...

ATN

Dec 15, 2010

ပြည်သူ

http://www.facebook.com/note.php?note_id=10150347797390274#!/note.php?note_id=10150346928830274

ဘယ်သူက စားတာလဲ...ဟဲ့...
အခမ်းအနားတွေမှာလည်း... အလဲလဲ အပြိုပြီု...
အနှစ် ၂၀ ဆိုရင် လည်း...
အနှစ် ၂၀ ပေါ့-...
ငါတို့မှာသာ မျက်ရည်တွေနဲ့....

ATN

Dec 6, 2010

ရန်သူက အဟောင်း... မင်းတို့ ယောက်ယက်ခပ်နေမှုက အသစ်

မျက်နှာစာအုပ်ကို ဖတ်မရဘူး-ဆိုတဲ့... _ီ _ီ အတွက်

http://www.facebook.com/note.php?note_id=10150339589830274

တချို့ စကားလုံးတွေကို ငါ တော်တော် အမြင်ကပ်နေတယ်... (အခင်းအကျင်းအသစ်... တဲ့) ဟေး... သည်မှာ ဘာပဲဖြစ်ဖြစ်... ဘာပဲပြောပြော... မင်းတို့ ငါတို့ အားလုံး ရင်ဆိုင်နေရတာ... ရန်သူအဟောင်းကြီး... ဒါကို ကောင်းကောင်း နားလည်ကြဖို့လိုတယ်... ရန်သူတောင်... ရိုးရိုး ရန်သူ မဟုတ်ဘူးကွ... ဖက်ဆစ်... ဖက်ဆစ်... ဒေါ်စုကိုယ်တိုင် ဖက်ဆစ်နဲ့ ရင်ဆိုင်နေရမှန်းသိတယ်... (ကျမတို့ဟာ... ဖက်ဆစ်စနစ်နဲ့ ရင်ဆိုင်နေရပါတယ်ဆိုတာ ကမ္ဘာက သိစေချင်ပါတယ်... လို့... သူကိုယ်တိုင် ပြောသွားခဲ့ဖူးတယ်...) မင်းတို့အားလုံး... ရန်သူ့လက္ခဏာ သတ်မှတ်ချက်ကို လေ့လာလိုက်ကြဦး... ရန်သူက တခုခုလုပ်လိုက်မှ... ဘာလုပ်ရမလဲ... ဒါဟာ ဘာလဲ... အခင်းအကျင်းအသစ်ပဲ ဆိုပြီး... ရန်သူ့နောက်မြီးဆွဲ လုပ်မနေကြနဲ့တော့... သိပ်ဆွဲချင်နေရင်... ရန်သူ့ (×××) သာ ဆွဲလိုက်ကြပေတော့... ခင်ညွှန့် ဗီဒီယိုလေးတခု ထွက်လာတာနဲ့ အားလုံး မျက်ကလဲ ဆန်ပြာကြ... အဲဒါ... ဘာမှ မဟုတ်ဘူး... ငါ့သူငယ်ချင်း ကိုလင်း ပြောသလို ထပ်လိမ်မလို့ လုပ်နေတာ... သိပ် ယောက်ယက်ခပ်မနေကြနဲ့... နေမြဲအတိုင်းနေ... စားမြဲအတိုင်းစား... လုပ်မြဲအလုပ်ကို ဆက်လုပ်ကြ...နေမြဲ... စားမြဲ...နဲ့... မျိုးးချစ်တွေ ဖြစ်နေကြတာကို ငါတို့အားလုံး နားလည်တယ်...  သိပ်ပြီးတော့ တိုက်ချင်ခိုက်ချင် ပစ်ချင် ခတ်ချင် သူရဲကောင်းလုပ်ချင်ကြရင်တော့... VBSW ဆီကိုသွား... http://www.facebook.com/photo.php?fbid=1536219843163&set=a.1142420198418.2022934.1164863114#!/video/video.php?v=1425859737795 ... ငါကတော့ ပစ်ဖူးပြီးပြီ... တိုက်ဖူးပြီးပြီ... မသေရဲတော့လို့ အမေရိကကို ရောက်လာတာ ရှင်းပြီလား... လျှောက် အော်မနေကြနဲ့တော့... ပြီးတော့ စကားလုံးတွေနဲ့ ငါ့ကို လာမပစ်နဲ့တော့... ငါက မပစ်ချင်လို့ ကြည့်နေနေတာ... ငါပြန်ပစ်ရင် တမိနစ်ကို စကားလုံး သုံးထောင်လောက် ထွက်လာလိမ့်မယ်...

Dec 4, 2010

အမှတ်တမဲ့ သိမ်းဆည်းထားမိသော အမှတ်တရများ



















၁၉၈၈ ခုနှစ်
ရန်ကုန်၊ ရန်ကုန်တိုင်း၊ မြန်မာပြည်

 သူ့ထက် ၈ နှစ် ငယ်သော်လည်း မိဘများအချင်းချင်းက သူငယ်ချင်းတွေ ဖြစ်နေလေသည်မို့ သည်ကောင်မလေးနဲ့ သူကလည်း သူငယ်ချင်း ဖြစ်နေရသည်လေ။ သည်တော့ သူကသာ ဆရာဖြစ်နေသော်လည်း သူ့ကို ဘယ်တုန်းကမှ ဆရာ မခေါ်ခဲ့ဖူးသော သည်ကောင်မလေးကိုလည်း အပြစ် မဆိုသာ။ နှစ်အိမ့် တအိမ်လို အကြောင်းသိတွေ ဖြစ်နေခဲ့သော မိသားစု နှစ်ခုဖြစ်သည်မို့ လူငယ်ဘာဝ သူ ဆိုးသွမ်းခဲ့ဖူးသည်များကိုလည်း သိထားသော သည်ကောင်မလေးက တခါတခါလည်း သူ့ကို - လူဆိုးကြီး - ဟုလည်း နောက်ပြောင် ခေါ်တတ်သေးသည်။ ကျောင်းသူ ကျောင်းသားတွေ အားလုံးက သူ့ကို ဆရာ-ဟု ခေါ်နေကြသည့် သူ့ စာသင်တန်းမှာ လာတက်ရင်း သူ့ကို လူရှေ့ သူရှေ့မှာ သည်ကောင်မလေးက - ကိုကြီး - ခေါ်သည့်အတွက် - ဆရာ - ခေါ်ရန် လူကွယ်ရာအချိန်မှာ  သူ ငေါက်ငမ်းခဲ့ဖူးသည်။ ထိုအခါ ဂျစ်တီး ဂျစ်ကန်မျက်နှာဖြင့် - လူဆိုးကြီး အကို ဆရာ - ဟု အကျယ်ကြီး အော်ကာ သူ့ရှေ့မှ လွယ်အိတ်ကလေး ဆွဲကာ ထွက်ပြေးသွားခဲ့ဖူးသော သည်ကောင်မလေး အပေါ် သူ့ရင်ထဲမှာ သံယောဇဉ်တွေ ထူထပ်နေခဲ့ဖူးသည်ကို သူ အမှတ်ရသည်။

ခုတော့ - လူဆိုးကြီး အကို ဆရာ - မှာ ဒဏ်ရာများနှဲ့ အလူးလူး အလိမ့်လိမ့်ဆိုသည်ကို သည်ကောင်မလေး သိပါလိမ့်မည်လား...
------------------------------------------------


၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက် နံနက် (၁၀) နာရီ
(၁၆) ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ ရန်ကုန်တိုင်း၊ မြန်မာပြည်

ဝိုင်း ကျူရှင်ဆရာအဖြစ် ၈ တန်း - ၉ တန်း - ၁၀ တန်း ကျောင်းသားများကို အင်္ဂလိပ်စာသင်ကြားနေခဲ့သော သူ့နေ့ရက်များ ကုန်ဆုံးလေပြီ။ သူ့ ၁၀ တန်း စားပွဲဝိုင်း အတန်းမှ ကျောင်းသားကျောင်းသူများ အားလုံးကို အိမ်ပြန်ခိုင်းလိုက်သည်။ သူ့စားပွဲဝိုင်းကျူရှင်များ အားလုံးကို အပြီးတိုင် သိမ်းလိုက်ပြီဖြစ်ကြောင်း သူ ပြောလိုက်သည်။ ကျောင်းသူ ကျောင်းသားအားလုံး အိမ်ပြန်ကြပြီ။ သည်ကောင်မလေးတယောက်သာ စားပွဲဝိုင်းမှာ ပေကပ်ကျန်နေရစ်သည်။

ကိုကြီး ဘာလို့ အဲလို လုပ်တာလဲ....

စားပွဲမှ ထိုင်ရာမထ မော့ကြည့်ရင်း သူ့ကို ပေကပ်ကပ် မေးနေသော မျက်နှာလေးတခုကို  အဖြေမဲ့စွာ သူ ငေးကြည့်နေမိလေသည်။

----------------------------------------------

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက်
သေ့ဘောဘိုးရွာ၊ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်

အိပ်မက်မက်နေသလိုလို သူ့ကိုယ်ကို သူ ပြန်လည်တွေ့ရှိမိသည့်အခါ တောနက် တခုအတွင်းမှာ ဖြစ်လေသည်။ ကရင်ပြည်နယ်ထဲရှိ ထိုင်း-မြန်မာနယ်စပ်အနီးက မှောင်ခိုဈေးကလေးတခု၏ လမ်းအလယ်မှာ သူ လျှောက်နေမိပါသည်။ သို့သော်လည်း သူ တယောက်တည်း မဟုတ်။ ထောင်ချီနေသော လူငယ်များ အကြားမှာ...

---------------------------------------------------

၁၉၈၈ ခုနှစ် အောက်တိုဘာလ (၂၆)ရက်
သေ့ဘောဘိုးရွာ၊ သေ့ဘောဘိုးစခန်း ထောက်ပံ့ရေးရုံး၊ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်

မိုးများ တဖွဲဖွဲကျနေသည့် မနက်ခင်းကို သူက ပျင်းရိငြည်းငွေ့စွာ ကြည့်နေစဉ်လေးမှာပင် အကောက်ဂိတ်ဖက်မှ တက်လာသည့် မိန်းကလေး (၃) ယောက်ကို သူ လှမ်းကြည့်နေမိသည်။ တဖြည်းဖြည်း နီးနီးလာသော အရိပ် (၃) ခုက သူ့ ရုံးအရှေ့သို့ ရောက်ရှိ ရပ်တန့်သွားသည့်အခါ မိုးရေများနှင့် ရွှဲစို စုတ်ပြတ်နေသည့် မျက်နှာ ၃ ခုကို သူ သေချာ ကြည့်လိုက်မိသည်။ သည်အခါ မျက်နှာလေး တခုက သူ့ကို ထခုန်မိမတတ် အလန့်တကြား ဖြစ်သွားစေသည်လေ။
- ဟာ... ညီမလေး.... -
- ကိုကြီး... -
မယုံကြည်ချင်စရာ တွေ့ဆုံမှုကို သူ အံ့သြနေလေသည်။
- နင်ဘယ်လို လုပ်ရောက်လာတာလဲ... ညီမလေး - သူ မေးမိသည့်အခါ...
- ကိုကြီး ရှိတယ် ကြားလို့ လိုက်လာတာလေ... - ဆိုသော အဖြေအပေါ်...
- နင် ရူးနေလား... - ဟု စိတ်တိုစွာ အော်ငေါက်မိသည့်အခါ...
- သမီး ရူးတာ မဟုတ်ဘူး... ယုံကြည်နေတာ... - ဟု ထော်လန်နေသော နှုတ်ခမ်းပါးလေးများကိုလည်း သူ ကောင်းကောင်း အမှတ်ရနေခဲ့ပါသေးသည်။

-----------------------------------------------

၁၉၈၈ ခုနှစ် နိုဝင်ဘာလ
သေ့ဘောဘိုးစခန်း၊ ဒူးပလယာခရိုင်၊ ကရင်ပြည်နယ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ခေါ် ABSDF ကို ဖွဲ့စည်းခဲ့ပြီ။ သူသည်လည်း တပ်ဦးမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပြီ။ လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်မိကြသည့်အလျောက် စစ်သင်တန်းပေါင်း မြောက်များစွာကိုလည်း တက်ရောက်ခဲ့ကြရလေသည် မဟုတ်လား။

-----------------------------------------------------

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ
အထူးစစ်ဆင်ရေး သင်တန်းစခန်း၊ မဲကလချောင်းကမ်းနံဘေး၊ ၊ ကရင်ပြည်နယ်

- အေကေ... -
- ဟုတ် ... ဗိုလ်မှူး... -
- မိန်းကဲမ့်ကို ငှက်ဖျား လူနာတယောက် သွားပို့ရမယ်... ရဲဘော် တယောက်ယောက်နဲ့ ခင်ဗျား ထမ်းပို့လိုက်ပါ... -
- ဟုတ် -
နောက် မိနစ် ၃၀ အကြာ... လူနာကို စစ်ပုခက်ဖြင့် ထမ်းသယ်လာသည့်လမ်းမှာ သည်ကောင်မလေးနဲ့ သူ့အဖော် တယောက်ကို မျက်နှာချင်းဆိုင်မှ လာနေသည်ကို လှမ်းတွေ့လိုက်ရသည်....
- ဟဲ့... ဘယ်သွားမလို့လဲ... -
- အာ... ကိုကြီး... ဖျားနေတယ် ဆိုလို့... သမီး... လာတွေ့တာ... ခုတော့... ကိုကြီးက သူများကို ထမ်းလို့... -
- ငါ ဖျားနေတယ်... ညည်းကို ဘယ်သူက ပြောလို့လဲ... -
- ကိုနေဦးကြီးလေ... -


ဘာပဲဖြစ်ဖြစ် သူကျေနပ် ကြည်နူးနေမိသည်...

-----------------------------------------------------------------------------

၁၉၈၉ ခုနှစ် ဇွန်လ (၁) ရက်

သေ့ဘောဘိုးစခန်း၊ ကရင်ပြည်နယ်
ဖလူး-ခံစစ်စခန်းသို့ မ၀င်မီ

- ညီမလေး... ကိုကြီး လာနှုတ်ဆက်တာ... -
- သမီး... သိတယ်လေ... -
- မသေရင် ပြန်တွေ့မယ်... -
- အဲလို မပြောနဲ့လေ... ကိုကြီး...
နေဦး... အမှတ်တရ... ကိုကြီး မသွားခင်... စစ် အင်္ကျီချင်း လဲချင်တယ်... -
- လဲပေါ့... -
ထိုနေ့က အပြန် အလှန် လဲလှယ်ခဲ့သော စစ်အကျီ၏ ဘယ်ဖက်ရင်ဘတ်နေရာမှာ ဘောပင်အပြာရောင်နှင့် ကောင်မလေး ရေးထားခဲ့သော စာတမ်းလေးကို ယခု သူ လွမ်းပါသည်...

Love me ever... Forget me never...

--------------------------------------------------------

၂၀၀၈ ခုနှစ် ဇွန်လ (၂၆) ရက်
ဘိုကာရာတွန်မြို့၊ ဖလော်ရီဒါပြည်နယ်၊ အမေရိကန်ပြည်ထောင်စု


အလုပ်က သူ ပြန်ရောက်လာသည်။ သူ အလုပ်လုပ်ရာ စတိုးမှ ဆွဲချလာသည့် ကိုရိုနာ ဘီယာ (၆)လုံးကဒ်ကို ရေခဲ သေတ္တာထဲ ထည့်လိုက်သည်။ ရေမိုးချိုးပြီးနောက် ကိုရိုနာ တလုံးကို ဖွင့်လိုက်ပြီး သူ့ကွန်ပြူတာ စားပွဲမှာ ထိုင်လိုက်သည်။ ဘာလိုလိုနှင့် သူ ဘလော်ဂါတယောက် ဖြစ်လာသည်မှာ (၆) လ ကျော်နေပြီ မဟုတ်လား....

အလုပ်ထဲမှာ အလုပ်လုပ်ရင်း ပေါ်လာသည့် အတွေးစတွေကို ဆွဲယူရင်း ကဗျာတပုဒ် ရထားသည်ကို သည်နေ့ညတော့ သူ့ ဘလော့အပေါ် တင်ရဦးမည်။

ဘလေါ်ဂါဒေါ့ကွန်းကို ဖွင့်လိုက်ရင်း သူ့ ဘလော့စာမျက်နှာကို ကြည့်လိုက်မိသည်။ ဘယ်သူတွေ ဘာတွေ အသစ် တင်ထားကြသည်လဲ...

သူ ဖတ်နေကျ ဘလော့တွေကိုတော့ သူ့ဘလော့လေး၏ ဆိုဒ်ဘားမှာ သူ လင့်လုပ်ထားခဲ့သည်။ ဆိုဒ်ဘားကို ဖြည်းဖြည်းချင်း ကြည့်လိုက်မိသည်။

ဟား... နွေနှင်း-ဘလော့မှာ... အသစ်တင်ထားပါ့လား... ရခဲ့ဖူးသော ပိတောက်တခက် - ဆိုပဲ...

နွေနှင်း-ဘလော့လေးက အရောင်စုံလှသည်။ သုတ-ရသ စာစုံသည်။ ဆောင်းပါးတွေ၊ ကဗျာတွေ၊ ၀တ္ထုတိုလေးတွေနဲ့ ဝေေ၀ဆာဆာ။ စာအရေးကလည်း ကောင်းလှသည်။ သူနှစ်ခြိုက်သည့် ဘလော့ တခုပေမို့ သူ့ဘလော့မှာ လင့်ချိတ်ထားမိခြင်း ဖြစ်သည်။

နွေနှင်း-လင့်ကို သူ့ မောက်စ်ဖြင့် ကလစ်လိုက်သည်....

ပိတောက်ပန်းခက်ကလေးတခုကို ဓါတ်ပုံတပုံဖြင့် တင်ထားသည်ကိုတွေ့ရသည်။

---------------------------------------------------
ပိတောက်ပန်းတွေ ပေးခဲ့ဖူးတာ သတိရတယ်...

အဲသည်နေ့က ခြောက်ခြောက်သွေ့သွေ့နဲ့ ရာသီဥတုက လွမ်းစရာတော့ အကောင်းသား... ဘာကို လွမ်းလို့ လွမ်းနေမှန်းမသိ... လွမ်းလို့ ကောင်းနေတုန်း... ပိတောက် တဆုပ်... လက်ဆောင်ရခဲ့ဖူးတာ... ဘ၀မှာ ... မှတ်မှတ်ရရ ဖြစ်နေတယ်... အဲဒီ ပိတောက်ပန်းတွေ... ဘယ်က ရခဲ့သလဲလို့လည်း သူ့ကို မမေးဖြစ်ခဲ့ဘူး... ကိုယ်တိုင် တက်ခူးလာခဲ့တာလား... (သူ့ကို ကြည့်ရတာ သစ်ပင်ကော တက်တတ်ပါ့မလားလို့... )... သူများကို တက်ခူးခိုင်းခဲ့တာလား... ပိုက်ဆံပေးပြီး... ၀ယ်ခဲ့တာလား... (သည်လို ... တောထဲ တောင်ထဲမှာတော့... ပိတောက်ပန်း ရောင်းမယ့်သူ... ဘယ်လိုမှ မရှိဘူး... သေချာတယ်...) ဘယ်လိုပဲ ရလာရလာပါ... ရှားရှားပါးပါး ဒေသမှာ... ကိုယ့်အတွက် အမှတ်တရ... ယူလာပေးတဲ့အတွက်... ထာဝရ အမှတ်တရ ဖြစ်နေလေတော့တယ်...

အပွင့်ဝါ၀ါ သေးသေးလေးတွေနဲ့ စိမ်းစိုပြီး ဖားဖားဝေနေတဲ့ ပိတောက်ရွက်တွေ... အဲသည် ပိတောက် အဆုပ်ကလေးတွေကလေ... သေသေချာချာ ပြင်ဆင်ထားတာကို မဟုတ်ပဲနဲ့... သဘာဝကျကျ... အရမ်းကိုလှနေလိုက်တာ... ပြန်တွေးမိတိုင်း... ရင်ထဲမှာ ကြည်နူးတယ်...

အဲသည် ပိတောက်ပန်း တခက်လောက်... ရင်ထဲမှာ ချစ်ခင် နှစ်သက်ရမယ့် ပန်းမျိုး... ဘ၀မှာ နောက်ထပ် မတွေ့ခဲ့တော့ပါဘူး...

အဲသည်တုန်းက ... ဘာရာသီလဲ... ဧပြီထဲမှာပဲလား... အချိန်တွေ... လတွေ... နှစ်တွေ... သိပ် မစဉ်းစား... အမှတ်မထားမိခဲ့တဲ့ အချိန်တွေကို... သူ့ဘာသာသူ... ကုန်ဆုံးနေစေခဲ့ချိန်တုန်းကဆိုတော့...

အဲသည် ပိတောက်ခက်ကလေးကို... သူ... ကိုယ့်ကို... ဘယ်လို ပေးခဲ့တယ်.. ဘယ်တုန်းက ပေးခဲ့တယ်... ဆိုတာ... သေချာကို မမှတ်မိတော့ဘူး...

ဒါပေမယ့်... အဲသည့် ပိတောက်ခက်ကလေးကိုမြင်ပြီး အရမ်းကို စိတ်လှုပ်ရှားနေခဲ့မိတာကိုတော့ သိတယ်... ကျေနပ်နှစ်သက်စွာ... ပြုံးပျော်နေခဲ့မိတာကိုလည်း... သတိရတယ်...

သူ့ကိုရော ပိတောက်တခက်အတွက်... ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့ဖူးသလား... ကိုယ် မမှတ်မိ...

သူ့ ပန်း ပိတောက်လေးတွေကိုယူရင်း... ဟန်ဆောင် ပန်ဆောင် ကိုယ် ရှက်ပြခဲ့ဖူးသလားတောင် ကိုယ် မမှတ်မိ...

သတိရတယ် ကိုကြီးရယ်...
ပိတောက် တခက်အတွက် ကျေးဇူးအများကြီး တင်ပါတယ်...

---------------------------------------------

သူ့ရင်တွေ တဒုန်းဒုန်း ခုန်သွားတော့သည်.....

နွေနှင်း...
နွေနှင်းသည် ညီမလေးလား....
ဟိုးလွန်ခဲ့သည့် (၁၉) နှစ်က သင်္ကြန်တွင်း မဟုတ်သော်လည်း အဲသည် တောနက်နက်ကြီးထဲမှာ လာပွင့်နေသည့် ပိတောက်ပန်းများကို ညီမလေးအတွက် တက်ခူးပြီး လက်ဆောင် ပေးခဲ့ဖူးသည်ကို သူ သတိရမိသည်။

ခုတော့ ကွဲကွာခဲ့ကြသည်မှာ အနှစ် (၂၀) ပင် ပြည့်တော့မည်မဟုတ်လား...

နွေနှင်း-ဘလော့စာမျက်နှာမှာ သူအသည်းအသန် လိုက်ရှာနေမိသည်က အီးမေးလ်လိပ်စာ....

-------------------------------------------------------------

သည့်နောက်မှာတော့ ဖန်မျှင်အလင်းတန်းထဲမှာ သူတို့ နှစ်ဦး ပြန်ဆုံကြသည်...
ဝမ်းနည်း ၀မ်းသာ...
ဂျီတော့ခ်ပေါ်မှာ... စွန်းထင်းသွားခဲ့သော မျက်ရည်စ တချို့ကို... သူတို့ နှစ်ယောက် အပြန်အလှန် သုတ်ပေးခဲ့ကြဖူးသည်...။

သည်လိုနှင့် ဟိုး လွန်ခဲ့သော (၁၉) နှစ်က မပြောခဲ့ဖူးဘူးသော စကားများကို ဖန်မျှင် အလင်းတန်းတွေကြားမှာ သူတို့ နှစ်ဦး ပြောဖြစ်ခဲ့ကြသည်။
သက်တံတစင်းကို နှစ်ယောက်သား ဖန်ဆင်းဖြစ်ခဲ့ကြသည်။
ထို အချိန်ကာလများကို မည်သို့ သိမ်းဆည်းထားရမည်လဲ...
သူမသိပါ...

သို့သော်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်သော ဘ၀မှာ... လူသားဆန်ခဲ့မိသော သူတို့ နှစ်ဦးသည် ဆက်လက်ပြီး လူသားဆန်ကြရဦးမည် မဟုတ်လား...

သူတို့ နှစ်ဦးသည် (ဂျူး၏စာကို ခေတ္တ ငှားသုံးရလျှင်... ) ကြိုးနှင့်သီကုံးထားရန် မလိုသော ပန်းကလေး နှစ်ပွင့် မဟုတ်လား....

----------------------------------------------------

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ (၃) ရက် မနက် ၁ နာရီ
ပို့လန်းမြို့၊ အော်ရီဂွန်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု

သူ့ ကွန်ပြူတာ မော်နီတာပေါ်မှ အစိမ်းရောင် အစက်ကလေးကို အတော်ကြာကြာ သူ ငေးစိုက်ကြည့်နေမိသည်။
မတွေ့စေချင်လို့ ပုန်းနေသည်ကို.... ညီမလေး သိနေလေမည်လား... လှမ်းခေါ်လိုက်ရင် ကောင်းမလား.... စကားတွေ ပြောမိကြရင်လည်း နှစ်ဦးလုံး ထပ်မံနာကျင်ရဦးမည်... စသည် စသည် အတွေးများက သူ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ ဝေ့၀ဲလွင့်ပျံနေကြသည်လေ...

သည့်နောက်မတော့ ဂျီတော့ခ် ပေါ်မှ သူ sign-out လုပ်လိုက်သည်။ သည်ဂျီတော့ခ်အပေါ် မည်သည့်အခါမျှ သူတက်တော့မည် မဟုတ်ပါ။

မောက်စ်ကို ကိုင်ထားသော သူ့ညာဖက်လက်ခုံအပေါ် မျက်ရည် တစက်ကျလာမှ သူသည်... ညီမလေးကို အဘယ်မျှထိ ချစ်ခဲ့မိသည်ကို သိပါတော့သည်။

ATN

Dec 3, 2010

ခေတ်ပေါ် အချစ်အကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက် အသစ်





















(သည်စာမျက်နှာ ကနေ ပြန်လည် ကူးယူ ဖော်ပြပါတယ်)

အချစ်ဆိုတာ ပိုက်ဆံ၊ အချစ်ဆိုတာ မြေအိုးမြီးရှည်၊ အွန်လိုင်း စာမျက်နှာပေါ် အမြန် ရိုက်ထည့်လိုက်တဲ့ စာသား၊ ဟန်းဖုန်း ကိုင်ချင်တဲ့ ရောဂါ၊ သွယ်ဝိုက် ဖော်ပြသော ပူဆာမှု၊ တနေ့ ဖာလူဒါ တခွက် သောက်ချင်တဲ့ အာသီသ၊ အတွေးအခေါ်ထဲမှာ အမှိုက် မြူမှုန် တစမကျန် ဆေးကြော သန့်စင်ပြီး ဦးနှောက်၊ အချစ်ဆိုတာ လိမ်လည် လှည့်ဖျားမှု၊ အချစ်ဆိုတာ လိပ်စာကတ်ပြား နောက်ကျောက အမည် မသိ ဖုန်းနံပါတ်တွေ၊ ရုပ်ဝတ္ထုနဲ့ အခွင့်အလမ်းနောက် ပြေးလွှားလိုက်ရင်း လမ်းမှာ ပြုတ်ကျ ကျန်ခဲ့တဲ့ ကိုယ်ကျင့် သီလ၊ ကျွန်တော် ကိုယ်တိုင် ရိုက်ပေးထားတဲ့ ဓါတ်ပုံ လှလှလေး အောက်မှာ သူစိမ်း တယောက်နဲ့။

အချစ်ဆိုတာ အပြန်အလှန် မြှူဆွယ် သာယာတဲ့ လူမှု အလေ့အကျင့်၊ အချစ်ဆိုတာ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်တဲ့ ယန္တရား၊ အချစ်ဆိုတာ အခြား တယောက်ရဲ့ ပိုက်ဆံ အိတ်ထဲ တစွန်းတစ လှမ်းမြင် နေရတဲ့ ဘ၀ အာမခံ၊ ဆေးဆိုင် တိုင်းမှာ အလွယ် တကူ ၀ယ်ယူ ရနိုင်တဲ့ ပဋိသန္ဓေ တားမြစ်ဆေး၊ Facebook Profile မှာ အိမ်ထောင်ရေး အခြေအနေမှန်ကို တမင် လျှို့ဝှက် ဖုံးကွယ်ထားခြင်း၊ ကြောင်းကျိုး မခိုင်လုံသော ဆင်ခြေများ၊ အများ မိုးခါးရေ သောက်လို့မှ လိုက် မသောက်ရင် အရူးပဲ ဆိုတဲ့ ယဉ်ကျေးမှု။

ခေတ်ပေါ် စကားလုံးတွေ အဓိပ္ပါယ် ထွေပြား ပြောင်းလဲနေသလို၊ အချစ်ဟာလည်း အဓိပ္ပါယ် အသစ်တွေ ပြောင်းလဲနေပြီ သိရဲ့လား။

အချစ်ဆိုတာ အတိတ်မေ့ ရောဂါ၊ အချစ်ဆိုတာ ဘာသာ စကားကို အလှပဆုံး ဆော့ ကစားခြင်း၊ အချစ်ဆိုတာ တနေ့ သုံးကြိမ် စိတ် အပြောင်းအလဲဖြစ်မှု၊ အိပ်ရာပေါ် ဥပေက္ခာစိတ်နဲ့ ကျောခိုင်း အိပ်စက်ခြင်း၊ အတွင်းခံ ဘောင်းဘီ လှလှ၊ ရင်သား အရွယ်အစားကို အမြင်အာရုံ မှောက်မှားမှု ဖြစ်စေတဲ့ ဘရာစီယာ၊ လျှို့ဝှက်ထားတဲ့ လူမှုရေး ကွန်ရက်များ။

အချစ်ဆိုတာ သွေးသား ပြောင်းလဲမှု၊ အချစ်ဆိုတာ နည်းမျိုးစုံနဲ့ ပြဿနာ လုပ်ခြင်း၊ ကျွန်မ အယူအဆ ကတော့ တညတာနဲ့ တလစာ လဲသင့်ရင် လဲရမှာပဲ၊ ဘယ်လိုပဲ ခွဲခြမ်း စိပ်ဖြာကြည့်ကြည့် နောက်ဆုံး ထွက်လာတဲ့ အဖြေ ပိုက်ဆံ၊ မူလ လက်ဟောင်းထက် အမျိုးအစား ပိုကောင်းတဲ့ ပစ္စည်း အသစ်တွေ ဈေးကွက်မှာ အဆင်သင့်၊ အသိုက် ပျက်တယ် ဆိုတာ ဒီခေတ်ထဲမှာ ဘာမှ မထူးဆန်း။

အချစ်ဆိုတာ ပိုက်ဆံ ရှိရင် ဆယ်ကျော်သက် အပျိုစင်လို ဖြစ်အောင် အချိန်မရွေး Recycle ပြန်လုပ်ပစ်လို့ ရတယ် ဆိုတဲ့ အယူအဆ။

အောင်ရင်ငြိမ်း

Dec 2, 2010

ဝေးလွင့်ခြင်း၏နောက်ဆုံးခြေရာ

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

မြတ်နိုးတွယ်တာသမျှရယ် 
မျှော်လင့်ချက်များစွာနဲ့ စောင့်စားခဲ့တဲ့ အချိန်များစွာ...
ကိုယ်နဲ့ မထိုက်မတန်ဖြစ်မယ်မှန်းကိုတော့ 
ကြိုတင်ကာ မစဉ်းစားခဲ့မိဘူး...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

သူ့ရဲ့ကြည်ဖြူမှုအပေါ် ကျေနပ်ရလောက်အောင်လည်း 
မပြုစုမတုံ့ပြန်နိုင်ခဲ့ပါ...
အရာရာတိုင်းမှာ ချို့တဲ့လွန်းခဲ့တော့ 
ရင်နာစရာတွေ ဖြစ်ဖြစ်လာတယ်...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

မဆုံးသော ခင်မင်မှုနဲ့ ကြည်နူးခဲ့မိစဉ်မှာ
ရက်စက်လိမ့်မယ် မထင်ဘူးကွယ်...
အခြေအနေ အဖြစ်မှန် အသိနောက်ကျခဲ့မှန်း
ကြိုတင်ကာ မသုံးသပ်ခဲ့မိဘူး...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...


Get this widget | Track details | eSnips Social DNA