Nov 22, 2014

ခွပ်ဒေါင်းအားလုံးအတွက် အသိပေးနှိုးဆော် ကြေငြာချက်...

ငါတို့ အားလုံး တိုက်ပွဲဝင်နေတာ... စစ်အာဏာရှင်စနစ် ဖြုတ်ချရေး... ပြည်တွင်းငြိမ်းချမ်းရေး... ပြည်သူ့ဒီမိုကရေစီရေး... အမျိုးသား သွေးစည်း ညီညွတ်ရေးနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်တယ်... စစ်အုပ်စုနဲ့ အပေးအယူလုပ်တဲ့... အပြန်အလှန် ရွှေလမ်း-ငွေလမ်းဖောက်ရေး-ဆိုတဲ့ သူ-မသာ-ငါ-အသုဘ-လမ်း မဟုတ်ဘူး... ဒါပေသည့်... လုပ်ချင်တဲ့သူတွေ လုပ်ကြပါစေ... ငါတို့ မလုပ်ဘူး... ငါတို့ လုပ်ရမှာက စစ်အာဏာရှင်စနစ် အပြီးအတိုင် ဖြုတ်ချရေးပဲ... အဲ့သည် အတွက်... ငါတို့အသက်တွေကို နှစ်ပေါင်းများစွာ စွန့်လွှတ်လာခဲ့ကြပြီးပြီ... နောက်ထပ် ငါတို့ စွန့်လွှတ်ကြဖို့လည်း အသင့်ရှိတယ်... အသင့် ရှိရမယ်... သွေးစွန်းတဲ့လက်တွေကို လက်ဆွဲနှုတ်ဆက်နေတဲ့ လက်တွေထဲမယ်... ငါတို့ ကျောင်းသားတွေရဲ့ လက်တွေ မပါကြစေနဲ့... ကျောင်းသား အားလုံး သွေးစည်းညီညွတ်ကြ... အမိဗမာပြည် လွတ်မြောက်ရေးဟာ ငါတို့ ကျောင်းသားတွေရဲ့ လက်ထဲမှာပဲ ရှိတယ်... ဘယ်သူ့လက်ထဲမှာမှ မရှိဘူး... မျိုးဆက် မျိုးစုံက ကျောင်းသားပေါင်းစုံ သွေးစည်းညီညွတ်ကြ... အချောင်သမားတွေ... သွေးကြောင်သူတွေနဲ့ လက်တွဲဖြုတ်ကြ... ဗကသ-အဖွဲ့ချုပ် အဓွန့်ရှည်ပါစေ... စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အရေးတော်ပုံ... အောင်ရမည်... (atn)