Jul 14, 2009

နှုတ်ဆက်ခြင်း

အားလုံးကို နှုတ်ဆက်ပါသည်။
ယနေ့မှစ၍ ဘလော့ ရေးခြင်း ရပ်နားလိုက်ပါသည်။
ကျနော့် ဘလော့အား အစဉ်တစိုက် အားပေးခဲ့ကြသော
ညီအကိုမောင်နှမများ၊ မိတ်ဆွေသူငယ်ချင်းများ၊
စာဖတ်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
အစစ အရာရာ အဆင်ပြေကြပါစေ။

(အောင်သာငယ်)

52 ယောက် ဒီလိုပြောခဲ့တယ်:

ဖုန်းမြင့် July 14, 2009 12:42 PM  

ဘယ်လိုများ..ဖြစ်ရသလဲ..အကိုရာ.......
ဘာတွေများဖြစ်ပြန်ပြီလဲ....စိတ်ပူတယ်

ကိုအောင်(ပျူနိုင်ငံ) July 14, 2009 1:11 PM  

အကို ဘာတွေ ဖြစ်လို့လဲ၊ စိတ်မပါရင် ခဏနားလေ၊
ရပ်တော့ မရပ်ပါနဲ့အုံး၊ အရေးအကြောင်းကြီးရင် ပြောပါ
အဆင်သင့် ရှိပါတယ်။

ကိုလူထွေး July 14, 2009 1:26 PM  

ဟုတ်ပါတယ်... နားချင်ရင် holiday ပေးပါတယ်... ပင်စင်ယူတဲ့အထိတော့ မလုပ်ပါနဲ့ဦး...

Anonymous,  July 14, 2009 1:35 PM  

အကိုဘာဖြစ်လို့လဲဟင်?.... အံ့သြမိတယ်...တကယ်ကြီးကိုနားတော့မှာလား...ပြန်လာပါ...ခဏနားတာဘဲ ဖြစ်ပါစေလို့ မျှော်လင့်မိပါတယ်....

လေးစားချစ်ခင်တဲ့ mie nge

Moe Cho Thinn July 14, 2009 1:37 PM  

ခဏဖြစ်ဖြစ် နားပါအကို။
ရပ်တော့ မရပ်ပါနဲ့အုံး။
စိတ်မွန်းကြပ်တာလေး သက်သာအောင် ခဏ နား၊ စိတ်ပါတော့ ရေးတာပေါ့။
လုပ်စရာတွေ များနေတာ နားလည် ကိုယ်ချင်းစာပါတယ်။
အေးအေးဆေးဆေးနား၊ စိတ်ပါရင် ပြန်လာပါနော်။

မယ်ကိုး July 14, 2009 2:14 PM  

မရပ်နားစေချင်ပေမယ့် ဘာဖြစ်လို့ မှန်းမသိလို့  ....
ဘာပဲဖြစ်ဖြစ် ကဗျာအသစ်လေးတွေ ဖတ်ရမယ့်နေ့ ကို မျှော်နေပါမယ်...

Nge Naing July 14, 2009 2:29 PM  

ကိုအောင်သာငယ်
ဟုတ်ပါတယ် - ရုတ်တရက်ကြီး ဘယ်လိုဖြစ်သွားတာလဲ။ အပေါ်က မောင်နှမတွေ ပြောကြတဲ့အတိုင်းပဲ ခဏအနားယူတာမျိုးပဲ ဖြစ်စေချင်တယ်။ ဘလော့ဂ် ရေးတာကိုတော့ အပြီးမရပ်လိုက်ပါနဲ့။ ဘလော့ဂ် လောကမှာ ကိုအောင်သာငယ် ဘလော့ဂ်လို သုတ၊ ရသ၊ လှုပ်ရှားမှုနှင့် ဘ၀အတွေ့အကြုံတွေ စုံစုံလင်လင် တွေ့ရတဲ့ ဘလော့ဂ်တွေ အများကြီး ရှိနေဖို့ လိုအပ်ပါတယ်။ အခုလို ကလေးကျောင်းပိတ်တဲ့ ရာသီမှာ စိတ်ပြေလက်ပျောက် Holiday သွားပြီး ပြန်လာရင် ပြန်ရေးဖို့ ကျွန်မ အကြံပြုပါတယ်။

khin oo may July 14, 2009 3:38 PM  

ပြန်လာခဲ့ပါ။

ကိုရင်နော်ခင်လေးငယ် July 14, 2009 4:54 PM  

အစ်ကို..
ဘယ်လိုဖြစ်တာလဲဗျာ..
အပြီးနှုတ်ဆက်တာမျိုးတော့ မလုပ်ပါနဲ့..
အဆင်ပြေမယ်ဆိုရင် ခဏနားပြီး ပြန်လာပါဗျာ..

မနေ့ကပဲ ကျနော်တို့ ပြောခဲ့ကြသေးတယ်လေ..း(
မလုပ်ဖြစ်တော့ဘူးလားဗျာ...

မျှော်လင့်နေတယ်ဗျာ..

ချစ်ခင်လေးစားစွာဖြင့်

ကိုရင်နော်

ကိုရင်နော်ခင်လေးငယ် July 14, 2009 4:57 PM  

ကိုကြီးရေရရရရရရရရရ....

း(
း((
း(((

မရဖူးနော်...

ရွာသားလေးဝိုင်တီယူ July 14, 2009 5:15 PM  

အောင်သာငယ် said...
ဖြစ်တတ်ပါတယ်...

This is not a big deal.
You don't need to pull yourself back.
Keep going.

စာတွေဆက်ရေးပါ ငါ့ညီရဲ့...
မျှဝေချင်လို့ ရေးနေတယ်ဆိုရင် ဘာဖြစ်ဖြစ် ဆက်လက်မျှ ဝေနေဖို့ပါပဲ...

အစ်ကို ဒီတစ်ခါ ကျနော်ပြောအလှည့်......အထက်ပါအတိုင်းပဲ

ရေတမာ July 14, 2009 5:37 PM  

တနေ့နေ့ပြန်လာခဲ့ပေးပါ အကို

Anonymous,  July 14, 2009 5:53 PM  

ခဏရပ်
ခဏနားပေါ့။
လုံးဝ ရပ်နားလိုက်တာမျိုးတော့ မလုပ်စေချင်ဘူးဗျာ။
ဥယျာဉ်မှူးကြီးတောင် ကဗျာအသစ်တင်ထားသေးတယ်။
ပြန်မျှော်နေမယ်ဗျာ။

သက်ဝေ July 14, 2009 5:55 PM  

လုပ်စရာရှိတာတွေလုပ်ပြီး စိတ်ကြည်သာတဲ့ တနေ့ ပြန်လာခဲ့ပါ အကို...

Anonymous,  July 14, 2009 6:23 PM  

ဘယ်လို ဖြစ်တာပါလဲ ခင်ဗျာ
ကျနော်က အကို့ရဲ့ စာဖတ်ပရိတ်သတ်တယောက်ပါ
ခြေရာတွေ မချန်တတ်ပေမဲ့ ဒီဘလော့ ကို အမြဲ လာဖတ်နေကျပါ အကိုရေးသော ကဗျာများအားလုံးနှင့် နိုင်ငံရေး နွယ်သော စာများ ၀တ္တုများ အားလုံးကို နှစ်သက်သဘောကျသူ တဦးပါ

ပြန်လာမဲ့နေ့ကို မျှော်နေပါမယ် ခင်ဗျာ

ခင်မင်သော

ဇာနည်ကို

ZT July 14, 2009 6:46 PM  

ရပ်တော့ မရပ်ပါနဲ့ အစ်ကိုရေ။ စိတ်ကူးပေါက်ရင် ပြန်ရေးပါဦး။

ဒါနဲ့ Mafia War နဲ့ အလုပ်များနေလို့ ဘလော့ခ် ရေးဖို့ အချိန်မရှိတော့ တာလား။ :P

tin min htet July 14, 2009 7:05 PM  

ဘလော့ဂ်ရေးတယ် ဆိုတာက ဘယ်သူက ရိုက်နှက်ခိုင်းလို့မှ မဟုတ်တာ ..
အကြောင်းတခုခုကြောင့် နားတဲ့ အခါလည်း နားပေါ့ ..
စိတ်ပါတဲ့ အချိန် အဆင်ပြေတဲ့ အချိန်တော့ ပြန်ရေးပါဦး ..

sonata-cantata July 14, 2009 7:06 PM  

အစဉ်တစိုက် အားပေးခဲ့ပါတယ်...။
အားယူတာလည်း ဖြစ်ပါတယ်...။
ခင်မောင်ထူး ဆိုခဲ့တဲ့ သီချင်း

ပြန်လာပါ..ကိုအောင်သာငယ်..ရယ်...ပြန်လာပါ
ပြန်ဆုံမယ် နှင်းများအလယ်
ဟေမန်ကို အံတုဖို့ ပြန်လာပါ
ပြန်လာပါ...သက်ထား..အို့... ...

P.Ti July 14, 2009 7:22 PM  

အားတဲ့အချိန်ရေးပေါ့ အကိုရာ... မရေးတော့ဘူးတော့ မလုပ်ပါနဲ့..

ကျွန်တော့်ဘလော့မှာ ရှားရှားပါးပါး ကွန်မန့်ရေးမယ့်သူတစ်ယောက် လျော့သွားမှစိုးလို့... :P

စိတ်ပါတဲ့အချိန်ရေးပေါ့... :)

ရွှင်လန်းချမ်းမြေ့ပါစေ။

mama July 14, 2009 8:01 PM  

ဘယ်လိုအခက်အခဲမျိုးပဲ ဖြစ်ဖြစ် ရအောင်ကျော်လွှားစေချင်ပါတယ် ခင်မင်သောပရိတ်သတ်များအတွက် အမြန်ပြန်လာဖို့ မျှော်လင့်နေပါတယ်

အစစ အရာရာ အဆင်ပြေပါစေ

Nyein Chan Aung July 14, 2009 8:06 PM  

what is wrong with you? Art work is volunteer. You are a good guitarist,your poems are great, you are good at other pieces of writings, whatever you write are not useless for people. i believe you write millions of poems in your mind and you sing millions of songs in your heart.

I always wish you are doing okay. come back and i believe you won't give up, my bro.

truly,

Nyein Chan Aung

Anonymous,  July 14, 2009 8:16 PM  

ကိုအောင်သာငယ်
ပြန်လာပါ ခင်ဗျာ

tht

ainlwaepan July 14, 2009 8:17 PM  

ဘယ်လိုဖြစ်တာလဲ အစ်ကို..
နားတယ်ဆိုလည်း အပြီးအထိတော့ မလုပ်ပါနဲ့အစ်ကိုရေ ...

အိုင်လွယ်ပန် July 14, 2009 8:19 PM  

ဘယ်လိုဖြစ်တာလဲ အစ်ကို..
နားတယ်ဆိုလည်း အပြီးအထိတော့ မလုပ်ပါနဲ့အစ်ကိုရေ ...

Anonymous,  July 14, 2009 8:28 PM  

ကျမကဒီဘလော့ရဲ့ ပုံမှန်ပရိတ်သတ်ပါရှင့်
နှုတ်မဆက်စေချင်ပါ
စာတွေ ကဗျာတွေဆက်ရေးပါ

ရတနာ

ကိုရင်ညိန်း July 14, 2009 10:01 PM  

ဘယ်လိုဖြစ်ရတာတုန်း အကို ကြီးရာ

နှုတ်မဆက်ပါနဲ့အုန်းဗျာ
စိတ် အဆာပြေ ရေးနေကြတယ်ဆိုပေမဲ့
ကျနော်တို့အတွက် သင်ယူစရာ မျှဝေခံစားစရာတွေအများကြီး ရတဲ့ အကို့အိမ်တခါးလေး အမြဲတော့ပိတ်မထားလိုက်ပါနဲ့ဗျာ..
အကို ပြန်လာမယ်ဆိုတာ ယုံတယ်ဗျာ အဟေးဟေး ၊

Anonymous,  July 14, 2009 10:42 PM  

နားလည်စွာနဲ့ နားလည်ပေးလိုက်ပါတယ်။
ဖတ်ခဲ့ရသမျှတွေအတွက်လည်းကျေးဇူးတင်ပါတယ်။

အစစအရာရာ ပို အဆင်ပြေပါစေ ... ။

ခင်မင်စွာဖြင့်
Z

Anonymous,  July 14, 2009 11:04 PM  

နှုတ်ဆက်ခြင်းဆိုတာ မကြားလိုပါ၊ မမြင်လိုပါ။

အလုပ်ရှုပ်ရင်ခဏနားပါ....။

အချိန်ကျရင်ပြန်လာပါ....။

sdl

မဆုမွန် July 14, 2009 11:35 PM  

ဦးလေး ဦးအောင်သာငယ်..

:(

တူမကြီး တကယ် စိတ်မကောင်းပါ

တစ်နေ့ ကျရင် ပို့စ်အသစ်လေးတစ်ခု ပြန်ပေါ်လာမယ်ဆိုတာ ယုံကြည်ပါတယ်

tututha July 15, 2009 12:29 AM  

တခါစာရေးရင် တသက်လုံးစာရေးဆရာပဲလေ အစ်ကို ..။ စာရေးဆရာမှ ပင်စင်မရှိဘူးဗျ။

လင်းထက် July 15, 2009 12:45 AM  

အကိုကြီး မနေ့က တစ်ချိန်လုံးပျော်ပျော် ရွှင်ရွှင်နဲ့စကားတွေ ပြောနေပြီးမှ ရုတ်တရက်ကြီး ဘယ်လိုဖြစ်သွားတာလဲဗျာ..။

ဂျူနို July 15, 2009 12:58 AM  

ဟေ့ အပေါ်ကလူတွေရေ
ကိုအောင်သာငယ်စာထဲမှာ ဘလော့ရေးတာ ရပ်နား တယ်ပဲပြောတာပါ။
တသက်လုံးစာ ဘိုင့်ဘိုင့်လို့ ပြောသွားဘူးလေ။ ပြီးတော့ ဘလော့ မလည်တော့ပါလည်း ပါဘူး။


မအယ်

Talkii July 15, 2009 1:23 AM  

စာရေးဆရာ စာမူခတွေများနေပြီ။ စာဆက်ရေးပါ။ ခဏတဖြုတ် စိတ်ပြေလက်ပျောက်နားပေါ့။ ပြီးရင်တော့ ပြန်ရေးပါဗျာ။

tg.nwai July 15, 2009 1:44 AM  

အကို...ရေးချင်စိတ်ပေါ်လာရင် ဆက်ရေးပါဦး..ဒီမှာ အကို့ရဲ့ ညီအကို မောင်နှမတွေ ရှိနေတယ်လေ... ရပ်နားပေမယ့် ပိတ်တော့ မသွားပါနဲ့နော်..စာတွေ ကဗျာတွေ ဖတ်ချင်လို့ မှတ်ထားတာတွေ ရှိနေသေးလို့ပါ။

Mhu Darye July 15, 2009 1:58 AM  

(tututha, July 15, 2009 12:29 AM

တခါစာရေးရင် တသက်လုံးစာရေးဆရာပဲလေ အစ်ကို ..။ စာရေးဆရာမှ ပင်စင်မရှိဘူးဗျ။
)

သူ ပြော တဲ့ အတိုင်းပဲ သံယောင်လိုက်ပါတယ်။
နားပါ မနားပါနဲ့ ရေးပါ မရေးပါနဲ့ ဆိုတဲ့ တားမြစ်သံတွေထက်၊ ကိုအောင်သာငယ် အဆင်ပြေဖို့က ပို အရေးကြီးပါတယ်။
(ဒါကြောင့်) အဆင်ပြေပါစေလို့ပဲ ညီမ ဆုတောင်းပါတယ်။
း)

thetpaingthu July 15, 2009 2:07 AM  

အကို...ရေးချင်စိတ်ပေါ်လာရင် ဆက်ရေးပါဦး.

လင်းဒီပ July 15, 2009 4:03 AM  

ဟုတ်တယ်အစ်ကို စာရေးဆရာဆိုတာ ပင်စင်ယူလို့မရဘူး...
မောရင်တော့ ခဏနားပေါ့...
နားနားပြီး ဘလောဂ့်တာပေါ့ အစ်ကိုရာ..။

MANORHARY July 15, 2009 4:17 AM  

အကို ပြန်လာမယ်လို့
ယုံတယ်
ပြောခဲ့ကြဖူးတဲ့ကိစ္စတစ်ခုကိုသတိရရင်...
အဆင်ပြေပါစေ

အိန္ဒြာ,  July 15, 2009 5:16 AM  

အကို..!!!!!

ဘာလို့လဲ...

စိတ်တွေညစ်နေလို့လာ..စိတ်တွေရှုပ်နေလို့လား...

အကို အနုပညာဆိုတာ အဆိပ်အတောက်အကင်းဆုံးနဲ့
အညင်သာဆုံးထွက်ပေါက်ပဲ...

ပြန်ရေးပါ အကို...
ပြန်ရေးပါ..
ပြန်ရေးပါ..
ပြန်ရေးပါ..
ပြန်ရေးပါ..
ပြန်ရေးပါ..

မိုးလှိုင်ည July 15, 2009 5:54 AM  

ဘယ်အချိန်မှာ ဘလော့ရေးခြင်းကို ရပ်နားမလည်း ဘယ်အချိန်မှာ ဘလော့ဂါဆိုတဲ့ဘ၀ကို ကျောခိုင်းမလည်း နက်ဝပ်ကေဘယ်တွေကြား တိတ်ဆိတ်သွားမယ့် ခင်ဗျားကဗျာ .... ကြာတော့လည်း မေ့သွားကြမှာပါ... အားပေးသူတွေကော နှောင့်ယှက်သူတွေကော... တချို့သူငယ်ချင်းတွေက အမှတ်တရလာလည်နေကြမယ်... အမှန်တကယ်တော့ များများရေးကြရမယ်... ဘယ်သူတွေဘယ်လောက်ပဲ အမြင်ကတ်ကတ် ဘယ်သူတွေဘယ်လောက်ပဲ မုန်းတီးနေနေ.. ဖြစ်နိုင်ရင်ခင်ဗျားပြန်ရေးပါ... နောက်ဆုံးအချိန်အထိ ခင်ဗျားရှိနေမယ့် webစာမျက်နှာတွေကို ကျွန်တော်တို့မျော်လင့်နေမယ် ကိုအောင်သာငယ်ကျွန်တော်တို့ရေးနေကြရမယ် ကျွန်တော်တို့ ရေးခဲ့ရဦးမယ်... ခင်ဗျားကိုချစ်တဲ့ကဗျာအတွက် ကဗျာကိုချစ်တဲ့ကျွန်တော်တို့အတွက် ...

Myo Win Zaw July 15, 2009 7:02 AM  

ဘာတွေအခက်အခဲဖြစ်နေလဲ အစ်ကို ခဏနားတာဘဲ ဖြစ်ပါစေ အစ်ကို

khin oo may July 15, 2009 8:05 AM  

ပြန်လာပါ။

သီဟသစ် July 15, 2009 8:28 AM  

အကိုရေ

ပြန်လာမယ် ပြန်ချစ်မယ်
ဝေးပြီးတစ်နေ့ ပြန်တွေ့ကြမယ် အဲလိုမျိုးလုပ်နော်

အဆင်ပြေ အချိန်ရတဲ့အခါ ဆက်ရေးပေးပါခင်ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

နှင်းနဲ့မာယာ July 15, 2009 9:32 AM  

အကိုရေ
ဘဝမှာ အပြောင်းအလဲတွေက တခါမက ရှိတတ်ပါတယ်...
အကိုက အရာရာကို သူများတွေထက်ပိုပြီး ခံနိုင်ရည်ရှိမယ်လို့ယုံကြည်ပါတယ်...
အကို့ရဲ့ ဘဝမှတ်တမ်းလေးတစ်ခုဖြစ်ခဲ့ဘူးတဲ့
ဒီဘလော့လေးကိုတော့ အချိန်ရခဲ့ရင် ဆက်ရေးစေချင်ပါတယ်...
အကို့ရဲ့ ဘဝမှတ်တမ်းလေး ကို အဆုံးမသတ်ပါနဲ့အုံးနော်...
အကိုစာဆက်ရေးမယ့် အချိန်ကို စောင့်နေမယ်...

ကြည်ဖြူပိုင် July 15, 2009 9:35 AM  

အစ်ကိုရေ........အနော်စီဘောက်စ်မှာမရေးခဲ့ ကွန့်မန့်မပေးခဲ့ပေမယ့်(ရုံးမှာဖတ်ဖြစ်လို့ မြန်မာဖောင့်ရိုက်လို့မရလို့) တနည်းအားဖြင့်ခြေရာလေးတွေမထားခဲ့ဖြစ်ခဲ့ပေမယ့် မကြာခဏဆိုသလိုရောက်ဖြစ်ပါတယ်။ အဲလိုကြီးတော့လုံးဝစာရေးတာရပ်မပစ်ပါနဲ့အကိုရာ

ခဏတဖြုတ်အနားယူပြီး မချိုသင်းတို့ ပြောသလိုပဲ စိတ်ပါလာရင်ပြန်ရေး..စိတ်မ၀င်စားတဲ့အခါနား...ဒီလိုလေးလုပ်ပါလို့...

Anonymous,  July 15, 2009 3:26 PM  

အကို
မယုံဘူးဗျ-
ဒါပေမဲ့တခုခုကိုနားလည်လိုက်သလိုဘဲဗျာ-
အကို့ ချစ်ချစ်နဲ့ စိတ်ကောက်လို့ လား
သူများတွေတကယ်ထင်ကုန်ပြီ-
ဂျစ်တူးကတော့လုံးဝမယုံဘူး-
မဝေးသောအချိန်ကလေးမှာပြန်လာမှာသေခြာတယ်-
စာတွေ-ကဗျာတွေကိုဒီလောက်ချစ်တာဘယ်အဝေးခံလိမ့်-
အကိုဘဲ ဂျစ်တူး ကိုကြတော့အားပေးပြီးတော့----
ဂျစ်တူး(မုံရွာ)

ငြိမ်းဝေ July 15, 2009 7:01 PM  

ကိုခိုင်
ကျနော်ခံစားလို့ ရပါတယ်။
ဒါပေမယ်...ပေါ့ဗျာ။
ကျနော်ဘယ်လို ပြောရမလဲ။
ခင်ဗျား...မရပ်သင့်ဘူး။
ခင်ဗျား...လုံးဝမရပ်သင့်ဘူး။
ကိုခိုင်ရေ...ဘယ်နည်းနဲ့ဖြစ်ဖြစ် တောင့်သာထား။
ကျနော်တို့ တောင့်ထားရလိမ့်မည်။
ခင်ဗျားနားလည်မှာပါ။

အကိုကြီး ငြိမ်းဝေ

Kay July 15, 2009 7:53 PM  

အား- ၄၇ ယောက်တောင် ရှိနေပါလား။
၄၈ ယောက်မြောက်..စိတ်မကောင်းဖြစ်လိုက်ပါတယ်။
ကိုအောင်သာငယ်ရေ- ဘလော့ရေးတယ်ဆိုတာ...ပုဂ္ဂိုလ်ရေးသက်သက် ချည်း လို့ မယူဆဘူး ဆိုရင်တော့.. စိတ်ကြည်လင်..အဆင်ပြေတဲ့ အချိန်မှာ ပြန်ရေးစေ့ချင်ပါတယ်။

ဘလော့မောင်နှမတွေနဲ့ အတူ..စောင့်နေပါ့မယ်..
ပျော်ပျော်ပါးပါးပေါ့-

suburbanian July 15, 2009 10:17 PM  

ဘလို ဖစ်တာတုန်း အကိုကြီး... အဆင်ပြေရင်ပြန်ရေးပါဗျ.....

ကိုရင်နော်ခင်လေးငယ် July 16, 2009 3:15 AM  

ကြည့်စမ်း ဒီလောက်များတဲ့ တောင်းဆိုမှုတွေ..
အစ်ကိုရေ..
မရဘူးနော်..
အပြီးတော့ မရပ်ပါနဲ့လေနော်..

မေငြိမ်း July 16, 2009 5:13 AM  

မဟုတ်သေးဘူး.. မဟုတ်သေးဘူး။
အဲဒါတော့ မဟုတ်သေးဘူးဗျနော်.. ကိုအောင်သာငယ်..။

Anonymous,  July 16, 2009 7:47 AM  

ဟေ့လူ ခင်ဗျာကဘာဖြစ်တာလဲ။ ကျုပ်စိတ်မကောင်းဘူးဗျာ။ ကျုပ်ကစာတော့လိုက်ဖတ်ဖြစ်တယ် ဒါပေမဲ့ မမန့်တတ်ဘူး။ ဖြတ်သန်းမူခြင်းတူတဲ့ ခင်ဗျာဘလော့ကိုတွေ့ပြီ ခံတွင်းတွေ့မိခါမှ ခင်ဗျာက လုပ်ချလိုက်ပြန်ပြီ။ ခင်ဗျာ တစုံတရာစိတ်ခံစားမူရှိတယ်ဆိုရင်တောင် ရည်ရွယ်ချက်အတွက်ကြောင့် မပြစ်ပယ်သင့်ဘူး။ ဘမျိုးဘိုးတူလုပ်စမ်းပါ။ အားပေးလျှက်
(ကျော်နိုင်)

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP