Jul 15, 2009

ယုံကြည်နေခဲ့သော












ဒါဟာ ကမ္ဘာပြိုတာလား...

မဟုတ်ဘူး...
ငါ့အကို ငါ့ကိုထားသွားတာ...


တော်လဲသံတွေကြားလိုက်တယ်...
ကမ်းပါးတွေပြိုတယ်...
ကျီးတွေပြိုတယ်...
တိမ်တွေပြိုတယ်...
ဘုရားသခင်...
ချစ်သော အကိုအား မပြိုလဲရန်
ခွန်အားပေးတော်မူပါ...

သူပြန်လာလိမ့်မယ်...
သူလဲကျရာ ကြမ်းပြင်ပေါ်မှ သူ နိုးထလာလိမ့်မယ်...
ဘယ်လို ကံကြမ္မာက သူ့ကို လှဲသိပ်နိုင်မှာလဲ...
လောကဓံတရားရဲ့ ဖြောင့်လက်သီး
သူ့မေးရိုးက ကောင်းကောင်း ခံနိုင်ရည်ရှိခဲ့ပါပြီ...
အမိုက်မှောင်ထဲက အန္ဓတို့ကို သူ့ လင်းပြခဲ့ပြီးပါပြီ...
သူ၏ချစ်သော“နှင်း”ကို ချစ်ခြင်းအားဖြင့်
ငွေ့ရည်ဖွဲ့ ရစ်သိုင်းခဲ့ပြီးပါပြီ...
လောက အလယ်မှာလည်း
သူ၏ အနုပညာဖြင့် ကောင်းကောင်းကြီး တင့်တယ်ခဲ့ပါပေသည်...
သူ၏ လမ်းမများအား သူ့သစ္စာဖြင့် ဖြောင့်တန်းခဲ့ပြီးပါပြီ...
ဤသို့ပင် သူပြန်လာမည်ကို
ငါ ယုံကြည်နေခဲ့သည်...

အခု ကမ္ဘာအသစ် ပြန်ဖြစ်တည်ခဲ့ပြီ...
ငါ့အကို ငါ့ဆီပြန်လာနေပြီ ။

မောင်ဖုန်းမြင့်
(14.07.2009)

15 ယောက် ဒီလိုပြောခဲ့တယ်:

mama July 15, 2009 11:40 PM  

အားလုံးရဲ့ အကို ပါပဲ
ဝမ်းသာရပါတယ်

Catherine July 15, 2009 11:42 PM  

Wow...Bravo.......
Finally........your blog is active again.....that's great.
I felt happy once I see your blog has a new post.

လင်းထက် July 16, 2009 12:40 AM  

ဟား ဟား ဒီနေ့ ကျွန်တော့်ဘလော့ထဲက ဘလောဂ်ဂါတို့၏နောက်ဆုံးပိုစ့်များမှာ ဘလော့ဂ်နာမည် အောင်သာငယ် ဆိုပြီးပေါ်လာတာ တွေ့လိုက်တာ ဘယ်လိုပျော်မှန်းမသိဘူး...
လုပ်ပါ အကိုကြီးရ ကိုယ့်အကိုကြီးဆိုတော့ ပြန်ပြီးတော့ တရားချပြ မနေတော့ပါဘူး..

မေ့သမီး July 16, 2009 12:47 AM  

အကို ပြန်လာပြီပေါ့။ ၀မ်းသာပါတယ်။

မဆုမွန် July 16, 2009 12:58 AM  

ဦးလေးကြီး ဦးအောင်သာငယ် ပြန်လာချေပြီ ဝေးဟေးဟေးဟေး

Anonymous,  July 16, 2009 4:10 AM  

သူပြန်လာမည်ကို ငါယုံကြည်နေခဲ့သည်....

ကျေးဇူးတင်ပါတယ်...မောင်ဖုန်းမြင့်......mie nge

Anonymous,  July 16, 2009 4:12 AM  

အကိုအောင်သာငယ်.....တကယ်လား ?

M . N

မယ်ကိုး July 16, 2009 8:11 AM  

ပြန်လာပြီဆိုပြီး ဝမ်းသာအားရ အပြေးလာဖတ်တာ။
ပြန်လာမယ်လို့  ကျွန်မလည်း ယုံနေမယ်...

ကြည်ဖြူပိုင် July 16, 2009 8:15 AM  

ဟူးးးးးးးးးးးးးးတော်ပါသေးရဲ့။ ပြန်ရေးတယ် ။
ဝမ်းသာတယ် ။:D

Moe Cho Thinn July 16, 2009 9:01 AM  

ကိုဖုန်းမြင့်ကို ဒီတကြိမ်တော့ဖြင့် အမှတ်ပေးလိုက်ပါပြီ။

(အရင်တကြိမ်တွေမှာတော့ အမှတ်မပေးနိုင်ပါ။ တို့ကို ရာဝင်အိုးလို့ ခေါ်နေပါသဖြင့်.. :)

အိုင်လွယ်ပန် July 16, 2009 9:48 AM  

ကိုဖုန်းမြင့်ကိုကျေးဖူးတင်တယ် ...
ပြန်လာတဲ့ အစ်ကို့ကိုလည်း ကျေးဇူးတင်တယ် ...

mgngal July 16, 2009 10:21 AM  

ဝမ်းပန်းတသာ ရှိလှတယ်ဗျာ ။ အားပေးလျက်ပါ ။

ဖုန်းမြင့် July 16, 2009 10:41 AM  

တခါထဲခေါ်မိတာပါ အမချိုသင်းရယ်...း)

sin dan lar July 16, 2009 7:20 PM  

:) :) :) :) :):) :) :) :) :)

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP