Dec 30, 2008

တက်ဂ်လို့ရေးတဲ့စာ-၎

သည် ဒေသလေးကတော့... အတော့်ကို... ချစ်စရာကောင်းလေသည်။ ဘာလို့ဆို... တသက်လုံး... ရူးသွပ်လာခဲ့ သမျှသော... အိပ်မက်တွေကို... သည်မှာ... အားလုံး ရရှိ နေသောကြောင့်သာ... ဖြစ်ပါသည်။

ကြည့်ပါဦး... အရှေ့အရပ် တည့်တည့်မှာ... တည်တည်တန့်တန့်... ကျယ်ပြန့် ဖြူဖွေး နေသော... သဲမွမွ သောင်ပြင်နဲ့... ပင်လယ်ကမ်းခြေ... တခု...။ တိမ်တွေ... ကင်းစင် နေသော... တည်တည် ငြိမ်ငြိမ်... ကောင်းကင် ပြာကြီးနဲ့ အပြိုင်... အနိုင်မခံ... ပြာလဲ့ နေသည့်... ပင်လယ် ရေထုကလည်း... သူ့လှိုင်းတွေကို... အချိန်တိုင်း... အစုအရုံး အလိုက်... ကမ်းခြေကို... လာပြီး... ဦးခိုက်စေနေလေသည်။ ကမ်းခြေမှ... အနောက်ဖက်ကို... ပြန်လှည့်ကာ... လျှောက်လာ လျင်လည်း... တဖြည်းဖြည်းချင်း... မြင့်တက်လာသည့်... မြေပြန့် တခုကို... တွေ့ရမည်...။ Rock Concert တခုမှာ... စည်းချက် လိုက်ပါနေသည့်... လူတွေလို... လှုပ်ရှားနေသည့်... မြက်ပင်... စိမ်းစိမ်းလေး တွေကလည်း... သည် မြေပြန့် တခုလုံး... အပြည့်... ချစ်စရာကောင်းအောင်... ရှိနေလေသည်...။ ဖက်ဖူးရောင်နု... ကတ္တီပါ ခြုံလွှာကြီးတထည်... လူးလွန့် နေသလိုမျိုး... ဖြည်းညှင်းငြင်သာ... တိုးတိုက်လာသော... လေပြည်ထဲမှာ... ငြိမ့်ငြောင်းနေသော... မြက်ခင်းက .. အမြင် အာရုံအတွင်းမှာ... နူးညံ့ အေးချမ်းလို့... ။ သည်မြေပြန့်ပြီးတော့... တောင်ကုန်း၏... အမို့ အမောက်တွေ အတိုင်း... လိုက်လျော ညီထွေစွာ... ကွေ့ကွေ့ကောက်ကောက်... သွယ်ဖောက် ထားသည့်... လမ်းကလေးတခုက... မမောနိုင် မပမ်းနိုင်... အပြေး တက်သွားရာ... ကုန်းမို့ မြေမြင့်ကလေး... တခုကို... တွေ့ရလိမ့်မည်။ သည် ကုန်းမြေမြင့် ကလေးကလည်း... သူ ချစ်ခင် နှစ်သက်ရာ... ဖက်ဖူးရောင်... လွင်ပြင်... စိမ်းနုလေးကို... အရိပ်... မိုးပေး... နေသလိုလို...၊ စောင့်ကြပ် .. ကြည့်ရှု... နေသလိုလို...၊ အန္တရာယ်... အပေါင်းမှ... ကာကွယ်ပေး... နေသလိုလို... ။ ကုန်းမြေမြင့်၏... ညီညာသော... ပြန့်ပြူးသော... နေရာတခုမှာတော့... တထပ် အိမ်ကလေးတွေက.. အစီအရီ...။ ပင်လယ်ဆီကို... မျက်နှာ... ကိုယ်စီပြုလို့...။ ကျယ်ဝန်းသော... ခြံကလေး တခုစီက... သူတို့ သယ်ပိုးထားရာ... အိမ်ကလေး အားလုံးကို... နှလုံးသား... အတိုင်း... ခြေဆန့် နိုင်အောင်... လွတ်လပ်မှု... ပေးနေ သယောင်ယောင်...။

သည်အရာတွေ... အားလုံးက... သူ့ ကမ်းခြေလေး... ဖြစ်ပါသည်။ သူ့ ပင်လယ်လေး... ဖြစ်ပါသည်။ သူ့ လွင်ပြင်လေး... ဖြစ်ပါသည်။ သူ့ တောင်တန်းလေး... ဖြစ်ပါသည်။ သူ့ မြို့ပြကလေး .. ဖြစ်ပါသည်။ သူ့ နိုင်ငံကလေး... ဖြစ်ပါသည်။ သူ့ အိပ်မက် ကလေးလည်း... ဖြစ်ပါသည်။

တိတ်ဆိတ်... ငြိမ်သက်... အေးချမ်း... သာယာ... စိမ်းလန်း... ပြာလဲ့... ချစ်စရာ ကောင်းနေ ခဲ့သော... သည် မြို့ကလေးမှာ... သူ့ အိမ်နီးချင်းတွေက... ဘယ်သူနည်း။ ပြောပြလျှင်... ယုံကြည်ကြလိမ့်မည်... မထင်ပါ...။

သူ့ဘယ်ဖက်က အိမ်မှာ... ကဗျာဆရာ ယောဟန်အောင် နေပါသည်။ သူနဲ့ ကပ်လျက် အိမ်မှာ .. နေသူကတော့ ကဗျာဆရာ နှင်းခါးမိုး ဖြစ်ပါသည်။ သူ့ ဘယ်ဖက်က အိမ်တွေကို... ဆက်လက်ရေတွက်... ပြောပြရလျှင်... ကဗျာဆရာ ကိုငြိမ်းဝေ၊ ကဗျာဆရာ မောင်ဖုန်းမြင့်၊ ကဗျာဆရာ ကောင်းကင်ကို၊ ကဗျာဆရာ ဆောင်းယွန်းလ၊ ကဗျာဆရာ ငြိမ်းချမ်းအောင်၊ ကဗျာဆရာ လင်းဒီပ အစရှိသည့် ကဗျာဆရာများ။ သူက... ကဗျာဆရာတွေနဲ့ အတူ... နေချင်သည်ကိုး...။ အခြား ကဗျာဆရာတွေလည်း... အဲသည် ဖက်မှာ... အများကြီး နေထိုင်နေပါသည်။

သူ့ ညာဖက်ကအိမ်မှာတော့... မကေသွယ် တို့ မိသားစု... နေပါသည်...။ ထိုမှ စပြီး... ရေတွက် ပြောပြ ရလျှင်တော့... ပန်ဒိုရာတို့ ဇနီးမောင်နှံ၊ နောက်တော့ မခင်မင်းဇော် နဲ့ ကိုမင်းဇော်တို့ မိသားစု၊ မမေငြိမ်း တို့ မိသားစု၊ မိုးချိုသင်း နဲ့ ကိုဝဏတို့ ဇနီးမောင်နှံ၊ မနော်ဟရီတို့ အိမ်၊ တူးတူးသာတို့အိမ်၊ မစ်ရာ တို့အိမ်၊ စသည့်ဖြင့်... အိမ်တွေက အစဉ်လိုက်...။ သည်မိသားစုတွေကလည်း... အိမ့်ဆည်းလဲလေးတွေ... ကိုယ်စီနဲ့... ညနေ.. ညနေဖက်တွေဆို... နီးစပ်ရာ... အိမ်တွေမှာ.. ကလေးတွေ... အားလုံးကို ခေါ်လာပြီး... စုပြုံ ပျော်ပါးကြလို့... ညဥ့်နက်သည့်တိုင်... ရယ်မောသံတွေ မစဲနိုင်တဲ့... ပျော်ရွှင်စရာ အ ချိန်လေးတွေ... ပိုင်ဆိုင်ကြလို့...။

သူ့အနောက်ဖက်က လမ်းမှာတော့ ကလူသစ်၊ ပျူနိုင်ငံ ကိုအောင်၊ ဘ၀တွေ စုံတဲ့ ဆူးပြတိုက် ကိုသစ်၊ ကိုယ့်ဘလော့မှာ ကိုယ်သခင် ဆိုတဲ့ ကိုဇာနီ၊ ဒိုင်ယာရီထဲက လင်းထက်၊ အတွေးကွန်ရက်ထဲက ကိုမောင်ရင်၊ ဆိပ်ကမ်းမှာ လိပ်ဖမ်းတဲ့ ဇင်ယော်၊ လူတကာကို ကြိုဆိုနေတဲ့ ကိုဝင်းဇော်၊ မနောမြေကို ချစ်တဲ့ ဒူကဘာ၊ ဂစ်တာအတီးကောင်းတဲ့ ကိုဂင်ကြီး၊ ကရင်မဟုတ်တဲ့ ကလိုစေးထူး၊ ပြခန်းဖွင့်ထားတဲ့ ချစ်ညီကြီး သားထူး၊ ခရမ်းရောင် အိုးပုပ်ပန်းတွေ ပွင့်တဲ့ မြေက လာတယ်ဆိုတဲ့ ဂျပိန် တူမောင်မျိုး၊ စသည့်... ဘလော်ဂါများ၏... အိမ်များက... အစီအရီ... ရှိနေလေသည်...။

အခြားလမ်းများပေါ်မှာလည်း... အတွေးတိမ်တိုက်၊ သက်ဝေ၊ ကိုဇနိနဲ့မဇနိ၊ ကိုဧရာနဲ့မသီတာ၊ အမှတ်တရ လေးများနဲ့ လင်း၊ ကဗျာချစ်တဲ့ ခေးအော့စ်၊ ဂျပန်ရောက် ကမာနီလာ၊ ကိုရင်နော်ခင်လေးငယ်တို့ မိသားစု၊ ခေါင်ခေါင်၊ ပန်းခရမ်းပြာ မချို၊ ကိုပီတိ၊ ၀ိုင်တီယူက ရွာသားလေး၊ ကန့်သတ်ချက် မရှိတဲ့ ကောင်းကင်ပေါ်က မှူးဒါရီ၊ မခင်ဦးမေ၊ လင်းလက်ကြယ်စင်၊ အိုးဝေအောင်၊ တောကျောင်းဆရာ၊ မျက်ဝန်းနက်၊ လေနုအေး၊ အမှတ်တရများနဲ့ အယ်လ်ဇီ၊ ရေခဲပြင်မှာ ပွင့်တဲ့ပန်း ခွန်မြလှိုင်၊ နုသွဲ့၊ နန်းညီ၊ သူနင်းဆီ၊ မိုးပျံငှက်၊ မေမိုး၊ ကာရန်မဲ့ အတွေးစများနဲ့ စိုးဝှပ်၈၈ရဲ့ နော်မန်၊ အိပ်မက်နက်၊ ကိုရင်ညိန်း၊ စကင်ဒီနေးဗီးယားက ကိုသက်ဦး၊ ကိုမျိုးဝင်းဇော်၊ JulyDream အစရှိသည့် ဘလော်ဂါတို့၏ အိမ်များနှင့်... အခြားဘလော်ဂါများ၏... အိမ်များကို... အစီအရီ... တွေ့ရမည်... ဖြစ်ပါသည်။ (မိမိ အမည် မပါသူများ... ကျွန်ုပ်အား... စိတ်မဆိုးကြ စေချင်ပါ....း)

အမှန်တကယ်မတော့... သည်လှပသာယာသော ကမ်းခြေမြို့ကလေးတခုလုံးက... ဘလော်ဂါ များချည်းသာ... နေထိုင်ပါသည်...။ ဘလော်ဂါများသာ... နေထိုင်သော ကြောင့်လည်း... သည်မြို့ကို... blogosphere ဟုလည်း ခေါ်ကြပါသေးသည်... ။

လမ်းကြုံလျင်... သည်မြို့ကလေးသို့... အလည်တခေါက်... လာရောက်ကြစမ်းစေ ချင်ပါသည်...။ ဘလော်ဂါ တို့၏... အထူး ဧည့်သည်တော်များ... (ဥပမာ- Ma Ma နှင့် Sin Dan Lar) အတွက်လည်း... ဧည့်ဂေဟာ အကြီးကြီး တခု... ရှိပါသည်...။

(mirror က စိတ်ကူးယဉ်အိပ်မက် ဆိုပြီး Tag လို့ ရေးတာပါ...။)

(သူငယ်ချင်းများ... စိတ်မကောင်း ဖြစ်ကြသဖြင့်... ပို့စ်ကို... အနည်းငယ်... ပြန်လည် .. ပြင်ဆင် လိုက်ပါသည်...။ နှစ်သစ်မှာ... အားလုံးကို... ပျော်ရွှင်စေချင်ပါသည်...း)

28 comments:

pandora said...

ပျော်စရာစိတ်ကူးလေး တကယ်ဖြစ်လာခဲ့ရင် ကောင်းမှာပဲ။

Anonymous said...

မိုက်လှချည်လား ဦးငယ်။
သားသားလေးလည်းလာနေမယ်။ :D
မပန်ကြီး ဟုတ်တယ်နော်.. တကယ်ဖြစ်ရင်ဂွတ်ထပဲ။
လိပ်ဖမ်းတဲ့ဇင်ယော်တဲ့ ...းD

khin oo may said...

Virtual world လို့လဲ k က ပြောသေးတယ် ထင်တယ်။ ကိုယ်တို့အားလုံးပျော်ကြပါတယ။် စာရေးကောင်းတယ်။ ညွန့်နေတာဘဲ။ စိတ်မဆိုးပါ.. တကယ်… ပြောတာပါ..။

ဇင်ယော် said...

ဟား အဲဒီမြို.လေး တကယ်မိုက်တယ်ဗျ။ လာနေမယ် စိတ်ချ ဟီး မြေကွက်ပေးရုံမက အိမ်တောင်ဆောက်ပေး ထားမှတော့ အခုကို လာပြောင်းနေမှာ။ ဒါနဲ့  အဲဒီက ကမ်းခြေမှာမှာရော လိပ်ဖမ်းလို့ ရလား။ ဖမ်းရင် ဒဏ်ရိုက်မှာလား။ :P

kay said...

အား..အိမ်ပြောင်းရင် ကောင်းမယ်ထင်တယ်.. ဘေးအိမ်က..ဆူညံတယ်။ ဂစ်တာသံ တဒေါင်ဒေါင်နဲ့။
း)

Moe Cho Thinn said...

ပျော်စရာကြီး..
ညတိုင်း ဂစ်တာ တီးပြ..

သစ်နက်ဆူး said...

ကိုအောင်....
စိတ်ကူးရွာလေးမှာနေကြရင် ဘယ်လောက်တောင် စိတ်ချမ်းသာမလဲ တွေးလို့ တောင် မတတ်ဘူး...။
ရွာလူကြီးတော့မပါစေနဲ့ ဗျ...။

Myo Win Zaw said...

အစ်ကိုရေ ပျော်စရာကြီးဘဲ

Anonymous said...

30 Dec 08, 12:14
tututha: ပြောတော့ဖြင့်ညီမနဲ့အိမ်နီးချင်းလုပ်မယ်ဆို တော်ပြီဝိုင်မတိုက်တော့ဘူး အဟီး .. :P

ကိုအောင် said...

အကိုကြီး ကိုအောင်သာငယ် အကိုကြီး ကိုသစ်နက်ဆူး
နဲ့ တစ်လမ်းတည်း နေရာချထားပေးလို့ ကျေးဇူးဗျာ။
အဲလို နေ့မျိုးကို ကျနော် နေ့တိုင်းမျှော်နေတယ်
အကိုရေ။

ဆောင်းယွန်းလ said...

အကိုကစာရေးကော စိတ်ကူးပါသိပ်ကောင်းတယ်..
အကိုတည်ထောင်တဲ့မြို့ကလေးကတော်တော်သာယာ
ပြီးနေချင်စရာကောင်းမယ့်ဖြစ်ခြင်း...
အကို့စိတ်ကူးနဲ့အရေးအသားကိုတော့မီနိုင်မှာကိုမဟုတ်
ဘူးဗျို့..

The Wild Rose said...

blogosphere ကို လာလည်ပြီး အခြေအနေကောင်းရင် အိမ်ပြောင်းခဲ့မယ် ကမ်းခြေနဲ့နီးတယ်ဆိုတော့ ... ကျနော်ကငါးမျှားတာ ၀ါသနာပါတယ် အကိုရေဧည့်ခံဖို့သာပြင်ထား ..........

Welcome said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေ .. ..

htt://winzaw-mdy.blogspot.com

Anonymous said...

ပျော်စရာကြီး....... ပန်ဒိုရာတို့ ဇနီးမောင်နှံ တဲ့
ပန်ဒိုရာက အပျိုကြီး ဟုတ်ဘူးလား..ဟင်...
sn dan lar

mama said...

လာလည်မဲ့ ဧည့်သည်တွေ အတွက်စဉ်းစားထားတာ
ဘာမှ မတွေ့ရဘူး...း(

သူတို့ ဘလော့ဂါတွေ ချည်းပဲ ၀ိုင်းပျော် ဘို့ စဉ်းစားနေ
တော့တာပဲ.....း(
....
မကြာ မကြာ လာလည်တဲ့ ဧည့်သည် က
ဂရုစိုက်မဲ့ သူ မရှိလို့...
နောက် တစ် ခါ လာ သင့် မလာသင့် စဉ်းစာတော့ မယ်..း)

သက်ဝေ said...

တို့ လဲလိုက်မယ်... ချန်မထားနဲ့ ...
အိမ်နီးချင်းဖြစ်ရင် ဒန်ပေါက်ချက်ကျွေးပါ့မယ်...

MANORHARY said...

စိတ်ဆိုးကြောင်းအသိပေးအပ်ပါသည်။း(

mirror said...

အစ်ကိုကြီး..ညီမက လာလည်ပြီးအစ်ကို့ကလေးတွေ ထိန်းပေးမယ်လေ..။အငယ်လေးကို ထိန်းလို့ရဦးမယ့်အ၇ွယ်မှာ အဲ့မြို့လေးတည်ဆောက်ဖြစ်ရင်တော့ ပိုအဆင်ပြေတာပေါ့အစ်ကိုနော..။ကလေးထိန်းပေးခ အစ်ကိုတို့ ဇနီးမောင်နှံက ညီမကို ထမင်းကျွေးပေါ့။
ဒိထက်စေတနာ ပိုသေးလဲ မြေတစ်ကွက်ပေးပေါ့..။:)

ရေးပေးတာ ကျေးဇူး(အထူး)တင်ကြောင်းပါ..။

Anonymous said...

အတွေးနဲ့ အရေးကောင်းသာပ၊ ကမ်းခြေမှာ ဂစ်တာတလက်နဲ့ ကဗျာတွေကို ချစ်တဲ့ကိုအောင်သာငယ်ေ၇ ၊ နှစိသစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ။

Kaung Kin Ko said...

အစ်ကိုရေ။ ပို့ စ်လေလာဖတ်သွားတယ်ဗျ။ အဲလိုတကယ်ဖြစ်ရင်ကောင်းမယ်နော်။ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေအစ်ကို။

ဦးဂင်ကြီး said...

စာမူခလေးပေးခဲ့ပါမယ်ဗျာ နှစ်သစ်မှာ ကိုအောင်သာငယ်မိသားစု ပျော်ရွှင်ချမ်းမြေ့ပါစေဗျား..

Anonymous said...

အန်ကယ့် စိတ်ကူးက တယ်လှပါလား ပျော်စရာကြီးနော့် ဒါနဲ့ တူမောင် ဆိုတော်ပြီလေဂျာ အရှေ့က ဂျပိန်ဆိုတော့ လ ပါ လ သွားတယ် ဟဟားးး

Anonymous said...

အစ်ကိုရေ ဒီလိုသာတကယ်ဆိုရင် ကျနော်တို့တွေစာပဲရေးနေကြတာနဲ့ ထမင်းကော စားရပါ့မလားဟင်။ အစားမက်တဲ့သူဆိုတော့ ပူထားရသေးတယ်ဗျ..

:P said...

တို့များကတော့ ရွာပြင်ထွက်နေရမှာပေါ့နော်... eeeee :(

ATN said...

ခု ဧည့်ဂေဟာ ဆောက်ပေးထားတယ်ဗျ...း)
နှစ်မကူးခင် ကမန်းကတမ်း ဆောက်လိုက်တာ... စိတ်မဆိုးကြနဲ့... အဟဲ...

mama said...

တော်ပါသေးရဲ့...
နှစ်သစ်မကူးခင်...သွားလည်လို့ရမဲ့
နေရာလေး တစ်ခု ရလို့...
တကယ် မမေ့ တဲ့ အတွက် ကျေး ဇူးပါ...

Sonata Cantata said...

သည်လူတွေနဲ့ အိမ်နီးချင်း ဖြစ်လို့ကတော့ မသီတာ အကြမ်းအိုး မပြတ်ဖြည့်ထားမယ် သိလား

ကိုဧရာလည်း ဆိုလိုက်၊ တီးလိုက်နဲ့ တားမရ ဖြစ်မှာ မြင်ယောင်သေးတော့တယ်

May Moe said...

ဟိ ပျော်စရာကြီး ဖြစ်နေမှာ