Dec 3, 2008

စည်းဝိုင်းအပြင်သို့ ဖိတ်ခေါ်ခြင်း

လူတွေက... ပညတ်ထားတဲ့...
နှစ်တနှစ်ရဲ့... နောက်ဆုံး... ရက်မှာ...

အို... အို... အို... အို... သူငယ်ချင်းရေ...
အို... အို... သူငယ်ချင်းရေ... ...

အစုန်အဆန်မဲ့... သောက... ၀ဲဂယက်မှာ...
ရီဝေ... မူးယစ်... မနစ်ခင်လေ...
အားစိုက်... ရုန်းကန်... ကျော်... ထွက်ပါ...
ကြိုးစားခြင်းသာ... ငါတို့... အသံ...
ညရဲ့... အမှောင်တွေ... ပြယ်လွင့်ရင်...

နေ့သစ်... နှစ်သစ်... ရောက်လာမယ်...
အို... ၀ို... ၀ိုး... နေ့သစ်... နှစ်သစ်... ရောက်လာမယ်...

သံတိုင်... တထပ်... သော့ခတ်ထားတဲ့...
အခန်းကျဉ်းလေးရဲ့... ထောင့်စွန်း... တဖက်မှာ...

အို... အို... အို... အို... သူငယ်ချင်းရေ...
အို... အို... အချစ်ဆုံးရေ... ...

တယောက်ထဲ... တိတ်ဆိတ်ခြင်းနဲ့အတူ...
အဖြေမှန်... ဆန်းစစ်မိလေမလား...
ပြောင်းလဲခြင်း... ရင်မဆိုင်ရဲရင်...
ရပ်တန့်လျက်သာ... ရွေ့လျားနေ...
စည်းဝိုင်းအပြင်မှာ... ခိုနားစဉ်...

နေ့သစ်... နှစ်သစ်... ရောက်လာမယ်...
အို... ၀ို... ၀ိုး... နေ့သစ်... နှစ်သစ်... ရောက်လာပြီ...

အချိန်အခါမဲ့... ပြောတတ်ကြတဲ့...
စကားလုံးများရဲ့... အပြင်ဖက်... နောက်မှာ...

အို... အို... အို... အို... အချစ်ဆုံးရေ...
အို... အို... အချစ်ဆုံးရေ... ...

ဘယ်ပုံ... လမ်း... ထား၍... လှမ်း... ဦးတည့်ရာ...
အဖော်မဲ့... ခရီးဆက်... ဆက်ထွက်သွား...
အပြစ်မဲ့... ဘ၀... ဖြူစင်ခဲ့ရင်...
ပြောရခက်တဲ့... ဇာတ်လမ်းကို...
စဉ်းစား... ချင့်ချိန်... ပြန်တွေးကြည့်...

နေ့သစ်... နှစ်သစ်... ရောက်လာပြီ...
အို... ၀ို... ၀ိုး... နေ့သစ်... နှစ်သစ်... ရောက်လာပြီ...

နေ့သစ်... နှစ်သစ်... ရောက်လာပြီ...
အို... ၀ို... ၀ိုး... နေ့သစ်... နှစ်သစ်... ရောက်လာပြီ...



ကျနော် ကြိုက်တဲ့ နောက်ထပ် ကဗျာဆန်တဲ့... သီချင်း ကဗျာ တပုဒ်ပါ။
ထုံးစံအတိုင်းပဲ မင်းဒသ - ရေးပြီး -ဖိုးချို - ဆိုခဲ့တာပါ။

ဗီဒီယိုကတော့ Windows Movie Maker 2.6 နဲ့ ကျနော့်ဆီမှာ ရှိသမျှ ဓါတ်ပုံတွေကို ထည့်သုံးပြီး လုပ်ကြည့်တာပါ။
(ကိုဇာနီ ပြောလို့ သုံးကြည့်တာ)

4 comments:

ဆောင်းယွန်းလ said...

စိတ်သစ်တွေအတွက်အားသစ်လောင်းပေးနိုင်တဲ့
သီချင်းကောင်းလေးတစ်ပုဒ်ကိုနားထောင်သွားတယ်
အကိုရေ..
ရှာဖွေတင်ဆက်ပေးတဲ့အတွက်ကျေးဇူးပါ...

:P said...

ဖိုးချိုသီချင်းတွေ အရမ်းကြိုက်တာလေ...
ဒီသီချင်းရယ်၊ လွမ်းသင့်ဝေသီရယ်က သိဖူးပြီးသား..
နားထောင်ချင်လို့ myanmarmp3.net မှာ ရှာတော့ ဖိုးချိုမတွေ့ဘူး၊ မွန်းအောင်လည်းမတွေ့ဘူး။
အစ်ကို့ရဲ့ မာတိကာထဲက သီချင်းများကို အားမှ ပြန်ကြည့်ဦးမယ်

mama said...

သီချင်းလေး က နားထောင်လို့ကောင်းပါတယ်..။

ဒါပေမဲ့...
စည်းဝိုင်းအပြင်ထွက်ခဲ့ ဖို့ ပြောနေတာတော့
စဉ်းစားမှ နော်...။
တော်ကြာ.. စည်းအပြင်ထွက်မိမှ
မယ်သီတာကို.. ဒသဘီလူး ဆွဲခေါ်သွားသလိုမျိုး
ခေါ်ခံရရင်...ဒုက္ခ....း)...။
(ရာမ တို့ လက္ခဏတို့လို ကယ်မဲ့ သူတွေ ရှိတဲ့ မင်းသမီးလေးမျိုးဆိုရင်တော့ တမျိုး...း)) ။

ATN said...

ဆောင်းယွန်းလ၊ sin dan lar - MaMa - သီချင်းနားထောင်သွားတာ ကျေးဇူး...