Feb 28, 2009

ည, နင်နေတဲ့ မြို့

















မြို့က မြိုချတာခံလိုက်ရတော့
ညဟာ “ဗန်ဂိုး”ရဲ့ “နေကြာပန်း”တွေကို
ပန်ချီကားထဲက ဆွဲထုတ်ပြီး
မူးလဲနေတဲ့ လမ်းပေါ်မှာ
လှမ်းထားလိုက်တယ်...














မြို့က မြိုချတာခံလိုက်ရတော့
ညဟာ “မွန့်ခ်”ရဲ့ “အော်သံ”ကို
တုပ မအော်နိုင်ရှာလို့
အသံတိတ်နေတဲ့ သစ်ပင်တွေကို
တုံးလုံး ပက်လက်ဖြစ်အောင်
ဒေါသနဲ့ လှဲပစ်လိုက်တယ်...













မြို့က မြိုချတာခံလိုက်ရတော့
ညက “ဒါလီ”ရဲ့ “အမှတ်တရ စွဲမြဲနေခြင်း”လို
အရည်ပျော်ကျနေတဲ့
မျက်တွင်း ဟောက်ပက် အိမ်တွေထဲက
ဖယောင်းတိုင်တွေကိုလည်း
အူဟောင်းလောင်း ထားပစ်လိုက်တယ်...















မြို့က မြိုချတာခံလိုက်ရတော့
ညက “ပီကာဆို”ရဲ့ “ဂီတသမား သုံးယောက်”ကို ခေါ်ပြီး
“ခင်မောင်တိုး”ရဲ့ သီချင်းတပုဒ်ကို ဆိုခဲ့တယ်...
“အသက်တရာ မရှည်ပေမယ့်
အခက်တရာ ပွေနိုင်သေးတယ်
သည့်ထက် မကရင်လည်း တွေ့ရမယ်
မရေနိုင်တော့ပြီပဲ ” တဲ့ ...

















မြို့က မြိုချတာခံလိုက်ရတော့
ညက မီးသီးအကျွမ်းတလုံးကို
စိန်တတုံးလို ဟန်ဆောင်ပန်ထားတဲ့
ဓါတ်တိုင်တခုအောက်မှာ
တယောက်ထဲ မှောင်ရိပ်ခိုရင်း
“ဒါဗင်ချီ”ရဲ့ “မိုနာလီဇာ”လို ပြုံးနေခဲ့တယ်...

















မြို့က မြိုချတာခံလိုက်ရတော့
ညက “အောင်သာငယ်”ရဲ့
“သက်တန့်နင်နေတဲ့ ကဗျာဆရာ”ကို
မပြောမဆို မြိုချပစ်လိုက်တယ်...

ခုတော့ မြို့ခမျာလည်း
“ည” နင်နေရှာပေါ့... ...

ATN

Photo source: http://images.google.com/

25 comments:

Anonymous said...

ခင်မောင်တိုးသီချင်း ကူဆိုပေးမယ်။
mm

mama said...

အန်မလေး...
ကဗျာဆုံး တော့..
တံတွေးမြို ချကြည့်တာ မရတော့ ဘူး..
နင်နေပြီ....
ပန်းချီကားတွေ အတွက် ကျေးဇူး ပါ..

မောင်မျိုး said...

နာမည်ကြီး ပန်းချီကားတွေနဲ့ ကဗျာလှလှလေးတွေ တွဲထားတာ မိုက်တယ်ဗျို့ သိမ်းထားလိုက်ပြီးး)

သက်ပိုင်သူ said...

ဟီး.. ဟီး... ကြိုက်သွားပီ.. ဘာတဲ့...

ညဟာ “ဗန်ဂိုး”ရဲ့ “နေကြာပန်း”တွေကို
ပန်ချီကားထဲက ဆွဲထုတ်ပြီး
မူးလဲနေတဲ့ လမ်းပေါ်မှာ
လှမ်းထားလိုက်တယ်...

အနော်ကလည်း
Frida kahlo ရဲ့ မျောက်တွေကို အကို့ရဲ့ ကဗျာတွေ ရွတ်ဖို့ အမြန်လွှတ်လိုက်မယ်ဂျာ

ဖုန်း မြင်. said...

ကောင်းတယ်ဗျ....ကြိုက်တယ်...။

MANORHARY said...

တော်သေးတယ်
အဲဒီညက ကဗျာဆရာကိုပါမြိုမချလိုက်လို့ ..
း)

Moe Cho Thinn said...

တော်ပါသေးရဲ့
မြို့က မြိုချတာ ခံရတဲ့အထဲမှာ ဆရာ ပေါ်ဦးသက် ပန်းချီကားတွေ ပါမသွားလို့.. ကျန်တာ မြိုချင် မြိုပါစေလေ..:)

မီယာ said...

ကဗျာရော ပုံတွေရော တ၀ကြီး ကြည့်သွားတယ်... နင်မှာစိုးလို့ ဖြေးဖြေးချင်း ဖတ်ယူပါတယ် :)

Kay said...

ဒီကဗျာကို ဖတ်ရတာ..ကဗျာဆရာရဲ့ တခြားသော ကဗျာ တော်တော်များများလို.. အုံ့မှိုင်းတဲ့ ဝေဒနာ တခု ခံစားရ မိတယ်။ အလင်္ကာတွေ တလုံးစီ မြိုထားတဲ့ ကဗျာ ကြီးကို ဖတ်ရတာ..ဆေးတွေအများကြီး သောက်ရင်း..နင်သွားသလိုပဲ။

Mhu Darye said...

ပန်းချီကားတွေ အတွက် ကျေးဇူး...။

ညိမ်းညို said...

အကိုရေ
ပန်းချီကားတွေနဲ့ ကဗျာစပ်သွားတာ သိပ်သဘောကျတာပဲဗျာ

ရှေ့က လိမ်ခေါက်ကျော်ဖြတ်လာတာဆိုရင်
နောက်ဆုံးပုံနဲ့ နောက်ဆုံးစာပိုဒ်ကတော့
အနိုင်ဂိုးပဲ အကိုရေ :) :)

ငါးရိုးနင်တဲ့ ငွေလမင်းတော့ ငယ်တုန်းက ဖတ်ဖူးတယ်ဗျ

အခု မြို့ကြီးတစ်မြို့လုံး နင်နေရှာပြီ

တောင်ပေါ်သား said...

အဟား အကိုအောင်သာငယ်ရဲ့ ပန်းချီကို အခိုက်ဆုံးပဲ

မြို့က မြိုချတာခံလိုက်ရတော့
ညက လူတယောက်ကို
စတေးခဲ့ပြန်ပြီ


လေးစားလျက်
တောင်ပေါ်သား

လင်းဒီပ said...

အဲဒီမြို့က မထွေးနိုင် မအန်ရက် အနုပညာတွေနင်လို့လေ...

tharrhtoo said...

ရည်ရည်လည်လည် မိုက်တယ်ဗျာ ဒို့ချစ်ကိုကြီးက
လေးစားလောက်တဲ့ ကဗျာဆရာ တဦးပဲ အတွေးတွေက
လွတ်ကောင်းဗျို့..ဒါလည်း ခိုးကူးလိုက်အုံးမယ် ( ဟဲ ဟဲ
လေလှိုင်းကတော့ မအော်နဲ့ပေါ့ဗျာ..ကြောက်လွန်းလို့ပါဗျာ့ ( ဟီ ဟီ ဟီ )

ကမာနီလာ said...

ကိုအောင်သာငယ်ကြီး နင်နေတယ်ဆိုလို့ပြေးလာတာ ...။ ဒီရောက်တော့ မြို့ပါ ညနင်နေတယ်ဆိုတော့ ကိုယ်ပါရောနင်သွားလိုက်တယ်၊

ကိုအောင်(ပျူနိုင်ငံ) said...

အရမ်းကောင်းတယ်၊ အားပေးလျက်ပါ အကိုကြီး။

အိုင်လွယ်ပန် said...

ပန်းချီတွေကော
ကဗျာကိုကော ခံစားသွားတယ်အစ်ကိုရေ ...

ပုံရိပ် said...

ပုံရိပ်က ကဗျာဥာဏ်နည်းတော့ နားလည် သလိုပဲ ခံစားသွားတယ်။ ပန်းချီကားတွေနဲ့ တွဲဖတ်ရင်း မလည့်တလည် ပါပဲ။

mgngal said...

ယှဉ်တွဲ ခံစားသွားတယ် အစ်ကိုရေ ။ ကဗျာ ကောင်းတစ်ပုဒ်အတွက် ကျေးဇူးဗျ ။း)

ကောင်းကင်ကို said...

အရည်ပျော်ကျနေတဲ့
မျက်တွင်း ဟောက်ပက် အိမ်တွေထဲက
ဖယောင်းတိုင်တွေကိုလည်း
အူဟောင်းလောင်း ထားပစ်လိုက်တယ်...

ကောင်းတယ်ဗျာ။ အဲဒီ့ ဒါလီရဲ့  ပန်းချီကားလည်း ကျွန်တော် အကြိုက်ဆုံးထဲမှာ ပါတယ်ဗျ။

My Diary said...

comment တစ်ခုကို delete လုပ်ထားတာဘာလို့လည်းဟင်
စပ်စုသွားတယ်

အိန္ဒြာ said...

အစ်ကို..

စိတ်ကူးကောင်းကောင်းလေးနဲ့
ပန်းချီနဲ့ကဗျာကို တွဲပြထားတာလေးကို
တော်တော်နှစ်သက်မိပါတယ်..။

အစ်ကိုရေးတဲ့ ပန်းချီကားကလဲ ဆရာကျတာပဲ..

အနုပညာတော်တော်ဆန်နိုင်တဲ့ လူတစ်ယောက်အဖြစ်
လေးလေးစားစား အလေးပြုသွားတယ် အစ်ကိုရေ

တန်ခူး said...

သေချာတာကတော့ ကဗျာဆုံးတော့ ဒီကဗျာကို နှလုံးသားထဲကို မြိုချမိသားဖြစ်သွားတယ်…
ဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူး… နှလုံးသားနင်မနေတာကိုက ကဗျာရဲ့အစွမ်းပေါ့…

sonata-cantata said...

နင်နေတဲ့ ညကို ကျောကနေ အသာအယာလေး ချော့ပြီး ဖိပေးလိုက် မြိုချထားတဲ့ သက်တန့်တွေ တရောင်ချင်း တမျှင်ချင်း ပြန်ထွက်လာလိမ့်မယ်...မယုံရင် စမ်းကြည့်လိုက် အုံး.. အုံး... နဲ့တော့ မထုနဲ့ ပေါ့ဗျာ.. အဲ ရှင်...

layma said...

ပန်းချီကားတွေကို အသုံးချပြီးတော့ ( ဆိုလိုချင်တာ အသုံးချတာမျိုးမဟုတ်ဘူး.. ဘယ်လိုပြောရမှန်းမသိလို့... positive သဘော ပါ) ချိတ်ဆက်မိမိ အံဝင်ခွင်ကျ ဖြစ်နေတာ သဘောကျတယ်..။