Jul 16, 2009

အဖြူရောင်တခုအတွက် ကျနော် ပြန်လာခဲ့တယ်

ဘ၀မှာ တခါတခါတော့လည်း မထင်မှတ်တာတွေက ဖြစ်လာတတ်ပါတယ်။ အမှားတွေ လုပ်မိတဲ့ အခါလည်း ရှိရဲ့။ တခါတခါ ဘာမှ မဟုတ်တာလေးက အမှိုက်ကစ ပြသာဒ် မီးလောင်တဲ့အခါ ကိုယ့်ကိုယ်ကို ခွင့် မလွှတ်ချင်တော့ဘူး။ ဘလော်ဂိုစဖီးယားမှာ မထင်မှတ်ပဲ လုပ်ခဲ့မိတဲ့ အမှား တခုအတွက် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်ချင်ဘူး။ သည်အခါ ဘလော့ကို ဆက်မရေးချင်တော့ဘူး။ ဒါကြောင့်လည်း ဘလော့ရေးတာ နားပါတယ်လို့ ပြောခဲ့မိ။

ဘလော့ရေးမိမှ မကြုံဖူးတာတွေ ကြုံရ၊ မဖတ်ဖူးတာတွေ ဖတ်ရ၊ မမြင်ဖူးတာတွေ မြင်ရ၊ ရင်မခုန်ဖူးတဲ့ အတွေ့အကြုံတွေကို ရင်ခုန်ရ၊ မဖြစ်ဖူးတာတွေဖြစ်ရ၊ မရဖူးတဲ့ ညီအကို မောင်နှမတွေ ရ၊ မတွေ့ခဲ့ဖူးတဲ့ ရင်ဘတ်တူသူတွေ အရေပြားတူသူတွေ တွေ့ရ၊ သည်လိုပဲ မလုပ်ဖူးတဲ့ အမှားတွေလည်း လုပ်မိရဲ့။

တကယ်တော့ ကျနော်က ငြိမ်းချမ်းချင်သူပါ။ လူမှန်းသိစကတည်းက ပူလောင်ခဲ့တဲ့ အပူတွေဟာ သည် ဘလော့လေး ရေးမိမှ စပြီး အေးမြခဲ့ဖူးတာပါ။ သည်လိုပါပဲ ဘလော်ဂိုစဖီးယားမှာ ရှိနေသမျှသူတွေ အားလုံးကိုလည်း ကျနော် အေးမြသလို အေးမြစေချင်ခဲ့ပါတယ်။ ဒါက ကျနော့်ရဲ့ ရင်ထဲက တကယ့် စေတနာပါ။

ဘလော်ဂိုစဖီးယားထဲမှာ ပူလောင်နေတဲ့သူတွေကို ကျနော် တတ်နိုင်သမျှ အေးမြပေးခဲ့တယ်။ လဲကျနေခဲ့သူတွေကို ကျနော် တွဲထူပေးခဲ့တယ်။ ထို့အတူ ကျနော့် အပူတွေကို မျှဝေ ယူဆောင်သူတွေလည်း ရှိခဲ့ပါတယ်။ သည်လိုနဲ့ ဘလော်ဂိုစဖီးယားထဲမှာ ကျနော် ပျော်ပျော် ရွှင်ရွှင် ရှင်သန်နေခဲ့တာ တနှစ်ခွဲရှိခဲ့ပါပြီ။

တကယ်တော့ ကျနော်က ကဗျာရေးသူပါ။ ကဗျာတွေကို ချစ်တယ်၊ ကာရန်တွေကို ချစ်တယ်၊ သင်္ကေတတွေ၊ နိမိတ်ပုံတွေ၊ အသံတွေ၊ ရစ်သမ်တွေ၊ စကားလုံးတွေ၊ ရင်ခုန်သံတွေ၊ အသက်ရှုသံတွေ အားလုံးကို ချစ်တယ်။ ကဗျာရေးသူတွေကို ညီအကို မောင်နှမလို ချစ်တယ်။

တကယ်ဆို ကျနော်က ကောင်းကင်ကိုတို့လို၊ ဆောင်းယွန်းလတို့လို ကဗျာတွေချည်း ရေးချင်တာပါ။ ဒါပေသည့် တနေ့တပုဒ်လည်း ကျနော် မရေးနိုင်ပါဘူး။ ရေးနေရင်လည်း အဓိပ္ပါယ် မရှိပါဘူး။ ထို့အတူ စာဖတ်သူ အားလုံးကလည်း ကဗျာဖတ်သူတွေ မဖြစ်နိုင်ပါဘူး။ လူတကိုယ် တယောက် အကြိုက် တမျိုးစီပါ။ သည်အတွက် ကျနော့် ဘလော့ကို လာဖတ်သမျှ ညီအကိုမောင်နှမတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ စာဖတ်သူတွေအတွက် မရိုးရလေအောင် အမျိုးမျိုး ကျနော် ကြိုးစားခဲ့ပါတယ်။ ပြောရရင် ကျနော့် ဘလော့ကို လာဖတ်သူတွေအတွက် ကျနော် တတ်နိုင်သမျှ တခု မဟုတ် တခုကို ကျနော် ဖန်တီးပေးခဲ့ပါတယ်။ ၀တ္ထုတို လေးတွေက အစ၊ သီချင်းတွေ အဆုံး။ ကျနော့် ဘလော့အတွက် အချိန်ပေး လာလည်သူတိုင်း အနည်းဆုံးတော့ တခုခု နှစ်သိမ့် ကျေနပ်ပြီး ပြန်သွားစေချင်တာ ကျနော့် စေတနာပါပဲ။

သည်လိုပါပဲ။ ဘာပဲဖြစ်ဖြစ် ကျနော့် စေတနာ ရောင်ပြန်ဟပ်တယ် ဆိုတာကို အခု ကျနော် တွေ့လိုက်ရတယ်။ အကြောင်း တခုကြောင့် ဘလော့ ဆက်မရေးတော့ဘူးလို့ ကျနော် ဆုံးဖြတ်မိတဲ့ အချိန်မှာ အားလုံးကိုတော့ နှုတ်ဆက်ဖို့ တာဝန်ရှိတယ်လို့ ကျနော် ယူဆတယ်။ ဒါကြောင့် ကျနော် နှုတ်ဆက်တာပါ။ တကယ်ဆို သည်အတိုင်းလည်း ဘာမှ မပြောပဲ ဘလော့ကို ကျနော် ပိတ်ချလိုက်လို့ရပါတယ်။ အဲလိုတော့ ကျနော် မလုပ်ခဲ့ပါဘူး။ ကျနော့် ဘလော့ကို ဖတ်နေတဲ့ ညီအကို မောင်နှမတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ စာဖတ်သူတွေ အားလုံးကို လေးစားသော အားဖြင့် ကျနော် အသိပေး နှုတ်ဆက်တာပါ။ ဒါပေသည့် နှုတ်ဆက်မိမှ ညီအကို မောင်နှမတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ စာဖတ်သူတွေရဲ့ သံယောဇဉ်ကို ကျနော် မြင်ရတာပါ။ ကျနော် မထင်မှတ်ထားတဲ့ အဖြူရောင် ချစ်ခြင်းမေတ္တာနဲ့ ချည်နှောင်ထားတဲ့ ကြိုးတွေကို ကျနော် မြင်လိုက်ရတယ်၊ ကျနော် နှလုံးသားက ခံစားထိတွေ့လိုက်ရတယ်။ သည့်အတွက်ကြောင့်လည်း ကျောခိုင်းပြီလို့ ဆုံးဖြတ်ခဲ့မိတဲ့ နေရာကို ကျနော် ပြန်လာခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျနော် ပြန်လာတာ အဖြူရောင်တခု အတွက် သက်သက်ပါ။

ခုတော့ နှုတ်ဆက်ခြင်းပို့စ်မှာ ကွန်မန့်လာရေးပြီး ကျနော့်ကို စိတ်ခွန်အား ပေးသွားကြသူ ညီအကို မောင်နှမ၊ မိတ်ဆွေ သူငယ်ချင်းများ၊ စာဖတ်သူများ အားလုံးကို အထူး ကျေးဇူးတင်ပါကြောင်း၊ ထို့အတူ ကွန်မန့်မှာ မရေးသွားကြပေမယ့် C-Box ထဲကနေ၊ မေးလ်ထဲကနေ စိတ်ခွန်အား ပေးသွားခဲ့ကြသူ ညီအကို မောင်နှမ၊ သူငယ်ချင်း မိတ်ဆွေများနဲ့ စာဖတ်သူများ အားလုံးကိုလည်း ကျေးဇူး အထူး တင်ပါကြောင်း ပြောပါရစေ။

24 ယောက် ဒီလိုပြောခဲ့တယ်:

Anonymous,  July 16, 2009 10:38 AM  

အကိုရေ...ပြန်လာတယ်ဆိုလို့ ကြည်နူးဝမ်းသာမိတယ်...

မီးငယ်

Moe Cho Thinn July 16, 2009 10:42 AM  

ဒါမှ တို့ အကို..

အိုးဝေအောင် July 16, 2009 10:50 AM  

ပွဲဆူအောင်လုပ်တတ်တဲ့ မင်းသားကြီးကျော်ဟိန်းကတော့
အသက်၆၀ပြည့်မှာ အနုပညာလောက က အနားယူမယ်လို့ ပြောခဲ့တဲ့အတိုင်း တကယ်ပြတ်သားခဲ့ဖူးတာ အာဏာလွှဲပေးမယ်ဆိုပြီး ပြောတဲ့အတိုင်းမလုပ်ခဲ့တဲ့ နအဖခေတ်မှာ ဦးကျော်တယောက် ပြောတဲ့အတိုင်းလုပ်သွားတာတခုကိုတော့ ကျနော်မမေ့နိုင်သလို သားစဉ်မြေးဆက် အဲဒီကောင်းကွက်ကလေးကို တဖွဖွပြောပြနေမိမှာပါ။

khin oo may July 16, 2009 10:52 AM  

ဝမ်းမြောက်မိကြောင်း။

အိုင်လွယ်ပန် July 16, 2009 10:54 AM  

အစ်ကိုရေ ...

ချီးယားစ်!!!!!!!!!!!!!!!!!!!

MDW July 16, 2009 11:01 AM  

ဝမ်းသာပါတယ် ကိုအောင်သာငယ်ရေ ...

ကိုအောင်(ပျူနိုင်ငံ) July 16, 2009 11:25 AM  

ဝမ်းသာပါတယ် အကိုရေ။

Myo Win Zaw July 16, 2009 11:32 AM  

ဝမ်းသာပါတယ် အစ်ကိုရေ.....

Anonymous,  July 16, 2009 11:36 AM  

ကိုအေတီအန်...ကျမက အကိုရဲ့  ကဗျာတွေထက် ဆောင်းပါတိုလေးတွေ..သီချင်းတွေကို ပိုနှစ်သက်သူပါ..အကို ကဗျာတွေချည်းရေးဘဲ ရေးတင်မယ်ဆိုရင်တော့ မလာလည်တော့ဘူး..အကို့ကဗျာတွေက နိမိတ်ပုံတွေများတော့ ကျမဥာဏ်နဲ့ လိုက်မမှီဘူး..ကျမက တုံးတယ်..လူတကိုယ် အကြိုက်တမျိုးစီပါ...အကို့ဆီလာလည်တဲ့သူတွေလည်းခံစားမှုမျိုးစုံနဲ့ပါ...ရသစုံပေးနေတဲ့အကို့ရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်..ဘလော့ရေးတဲ့သူရော ဖတ်လည်တဲ့သူရော ငွေကြေးတပြားတချပ်မှ မရဘဲနဲ့
ရင်ဘတ်တူတဲ့သူချင်း မျှဝေခံစားနေကြတာပါ..ကိုယ်မကြိုက်တာရှိရင် မလာလည်ယုံဘဲပေါ့...မခံစားယုံဘဲပေါ့ ဘာခက်လဲ...လွတ်လပ်စွာ သဘောထားကွဲနိုင်တာဘဲ...


အကိုေ၇းခဲ့တယ်မို့လား...

ဘ၀ဆိုတာလှိုင်းလုံး...

အကို့ရဲ့ စိတ်တွေရင့်ကျက်ခိုင်မာနေဖို့ ကြိုးစားလိုက်စမ်းဘာ)))))))))


လူတိုင်းအမှားနဲ့မကင်းပါဘူး..မှားတာကိုမှားမှန်းသိပြီး
ပြင်နိုင်ဖို့ဘဲလိုပါတယ်...အကို့ကိုချစ်တဲ့သူရှိသလို မုန်းတဲ့သူလည်းရှိတယ်..ဒါသမာရိုးကျဘဲ...

အကို..ဘလော့မှာမမြင်ရတဲ့ အဖြူရောင်သံယောဇဉ်တွေနဲ့ ပါဝါတွေရှိနေတယ်ဆိုတာအကို လက်ခံပြီမို့လား...နောက်ဘယ်တော့မှ အကိုကြီး နှုတ်ဆက်စကားမပြောတော့ဘူးလို့ ယုံကြည်မိပါတယ်....

ဘလော့ဆက်ရေးမယ်ဆိုလို့ ကျေးဇူးပါ...အားနာနာနဲ့ပြောပါရစေ...အချိန်အဆင်ပြေရင် ခိုင်ထူးရဲ့  မကျေနပ်ဘူး ကို တင်ပေးပါ...အရှေ့က သီချင်းကြွေးတွေပြီးရင်ပေါ့...မကျေနပ်လို့ အကို့ကို ခဲနဲ့လာပေါက်ရင်တော့ မသိဘူးနော်...

mie nge

Nge Naing July 16, 2009 1:02 PM  

ကိုအောင်သာငယ်
ပြန်ရေးဆို့ ဆုံးဖြတ်တာ ၀မ်းသာပါတယ်။ ကျွန်မနဲ့ Ma mie nge နဲ့က အတူတူပဲ။ ကဗျာဖတ်လို့ သိပ်နားမလည်ဘူး ဒါကြောင့် ဖတ်ပြီး ဘာကိုဆိုလိုမှန်းမသိရင် မှတ်ချက်လည်း ပေးလို့မတတ်ဘူး။ အစုံတင်ပေးတာ ကျေးဇူးတင်ပါတယ်။

ကိုရင်နော်ခင်လေးငယ် July 16, 2009 3:34 PM  

ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒို့အစ်ကိုကွ..

ရေတမာ July 16, 2009 5:03 PM  

အကို့ အရေးအသားတွေကို ကြိုက်နှစ်သက်သူပါ. ဥပမာ ကိုယ်တိုင်ဗျူးလိုမျိုး. ပေါ့.
ဒီလို အရေးအသားတွေထဲကနေ တွေ့ရတဲ့စိတ်ဓါတ်ကို ကြိုက်တယ်။ အကိုပြန်လာတဲ့အတွက်လည်း အများကြီးဝမ်းသာပါတယ်.. အကို ကိုယ်ကျန်းမာ စိတ်ချမ်းသာနဲ့ စာတွေကဗျာတွေ အများကြီးရေးနိုင်ပါစေ သီချင်းတွေ အများကြီးဆိုနိုင်ပါစေ

ပုံရိပ် July 16, 2009 5:30 PM  

ဟုတ်တယ် မနားပါနဲ့ ကိုအောင်သာငယ်။ ရေးနိုင်တဲ့ အခါလေး ရေးပေါ့။ ဘလောက်က စိတ်ထွက်ပေါက် တမျိုးပါပဲ။ ပြန်ရေးမယ်ဆိုလို့ ၀မ်းသာ မိပါတယ်။

Anonymous,  July 16, 2009 6:23 PM  

အကို ခိုင်ထူးသီချင်းက မကျေနပ်ဘူး မဟုတ်ပါ...

ဘယ်သူမှမကောင်းဘူး သီချင်းကို ဆိုပေးပါ....

သီချင်းခေါင်းစဉ်မှားသွားလို့ ဆောရီးနော်....

mie nge

P.Ti July 16, 2009 6:56 PM  

အထူးဝမ်းသာပါတယ်ဗျာ...
ဒီအတိုင်း ပြန်လာဖို့တော့ မကောင်းဘူး... မုန့်ဝယ်လာသင့်တယ် :D

Anonymous,  July 16, 2009 7:03 PM  

ဟုတ်တယ်နော်..ပီတိပြောတာ သဘောတူပါတယ်...
အကိုမုန့်ကျွေးရမယ်... ဗမာမုန့်တွေဘဲစားမှာနော်....

mie nge

sin dan lar July 16, 2009 7:09 PM  

သိပ်မဆုံးမလိုက်ရဘူး.. အညင်မှန်ရတွားဒယ်...။

(ကန်တော့နော်.. ကျီစားတာ...ဟိ)

Catherine July 16, 2009 7:52 PM  

Any way......၀မ်းသာပါတယ် အစ်ကို....ဘ၀ ဆိုတာ Straight Line တစ်ကြောင်းမဟုတ်လေတော့.......

မဆုမွန် July 16, 2009 9:07 PM  

ဟဲဟဲ
မင်္ဂလာပါ ကလေးတို့ ပျော်ပျော်ပါးပါးပေါ့
ဦးလေးကြီး ဦးအောင်သာငယ် ပြန်လာပါပြီ ခင်ညာ

ဝေးးးးးးးးးးးးးးးးးးးးးးး

သက်ဝေ July 16, 2009 10:17 PM  

ပြန်လာတာ ပျော်တယ်...

tg.nwai July 17, 2009 12:09 AM  

ဟေးးးးးး..
ညီအကိုမောင်နှမတွေအတွက်..
အကို စာတွေ ကဗျာတွေ သီချင်းတွေ ....
ဆက်ရေးပေးပါ...

Kay July 17, 2009 1:31 AM  

ရောင်စုံ ဘလော့စာပန်းခင်းကြီးထဲက..ပြန်လည်ကြိုဆိုပါတယ်။
ကဲ-- အားလုံးလက်ခုပ်တီးပေးကြပါ။ :))

လင်းဒီပ July 17, 2009 7:27 AM  

sin dan lar said...

သိပ်မဆုံးမလိုက်ရဘူး.. အညင်မှန်ရတွားဒယ်...။

(ကန်တော့နော်.. ကျီစားတာ...ဟိ)....

ဘာပဲဖြစ်ဖြစ် ပြန်လာ၇င် ပျော်တယ်..အစ်ကို ဆက်ဘလောဂ့်ပါ...။

Anonymous,  July 17, 2009 9:53 AM  

ပြန်လာတဲ့အတွက်ကျေးဇူးပါ။ မိမိယုံကြည်ရာ အလုပ်တွေကိုဆက်လုပ်စေချင်ပါတယ်။ ဘမျိုးဘိုးတူ စိတ်ထားစမ်းပါ။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP