အူပေါက်နေတဲ့
ဦးနှောက်တလုံးက
ခြေထောက်နှစ်ချောင်းကို
ဘာအကြောင်းနဲ့ လိုအပ်နေဦးမလဲ...
ထည့်သိုသိမ်းဆည်းထားစရာ
နှလုံးသားမဲ့ ဦးထုပ်တလုံးမှာ
အမုန်းတရားတွေသာ
ချစ်ခြင်းကိုယ်စား ပြည့်နှက်လို့...
ငှက်ကျေးတွေ တေးမဆို
ပင်ပျိုတွေ မစိမ်းလန်း
ပန်းတွေတောင် မဖူးပွင့်တဲ့အရပ်ကို
ဥယာဉ်လို့လည်း မသတ်မှတ်...
ကျည်တတောင့်မှ မပါရင်
သေနတ်တလက်ဆိုတာလည်း
အဓိပ္ပါယ်ကို မရှိဘူး...
သည်ကဗျာကလည်း
တိမ်ကောလိုက်တာ
လွန်ပါရော...
(ဆောင်းလွမ်းနေ)
No comments:
Post a Comment