Jul 27, 2010

ဘဝ

ရေး__အယ်လ်ဖြူ
ဆို__ဇော်ဝင်းထွဋ်

ကလေးလေး... တစ်ယောက်လိုတော့... ဘယ်...ဖြူစင်မှာလဲ...
လောက... လမ်းမများ... စမ်းတ၀ါးဝါး... ၀ဲလည်...
အိမ်မက်တို့... ရှည်လျား... မောပန်းလို့... နွမ်းနယ်...
ခရီးတို့... မဆုံးခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...

ဆုံးဖြတ်ချက်တွေနဲ့... ယုံကြည်ခိုင်မာစေ...
ငါ့အတွက်... နားခိုမယ့်... အရူးအမူး... တမ်းတဆဲ...
အေးချမ်းတဲ့... အိမ်လေး... တနေ့တော့... တွေ့ရမယ်...
အို... အလင်းတို့... မရောက်ခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...

မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
ငါဟာ... မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
အဝေးဆုံးသော... အချိန်ထိ... ငါဟာ... မှားယွင်းရဦးမယ်...

မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
ငါဟာ... မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
ခရီးတို့... မဆုံးခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...
အလင်းတို့... မရောက်ခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...
အဝေးဆုံးသော... အချိန်ထိ... ငါဟာ... မှားယွင်းရဦးမယ်...


Jul 18, 2010

တခုလောက်တော့ ပြောချင်တယ်

ခင်ဗျားဗျာ ဘယ်လိုကဗျာတွေ ရေးနေမှန်း မသိဘူး...
ခင်ဗျားရေးနေတာ ကဗျာတွေမှ မဟုတ်တာ...
ဘယ့်နှယ်ကြောင့် အချစ်ကဗျာတွေ ရေးနေရတာလဲ ခင်ဗျားက ကလေးမှ မဟုတ်တာ...
ခင်ဗျား ပို့စ်တွေ ဖတ်ရတာ စိတ်ပျက်တယ်...
ခင်ဗျားစာတွေက ဘာမှ လေးနက်မှု မရှိတော့ဘူး...
ခင်ဗျား ဘလော့ကို ဘယ်တော့မှ လာမဖတ်တော့ဘူး...

... ... ... ... စသည်... ဖြင့်...

ဝေဖန်စာများ... ပြစ်တင်စာများ... ဆဲစာများ... အားမလို အားမရ ဖြစ်နေသော စာများ... အကြံပေးစာများ... ချိုးနှိမ် ဖဲ့နင်းသော စာများ... အားလုံးကို သူ ဖတ်ပါသည်။

သူငယ်ချင်းများ... မိတ်ဆွေများ... ရဲဘော်များ... ညီအကိုမောင်နှမများ... စာဖတ်သူများ... ရန်သူများ... ချစ်သူများ... အားလုံးကို သူ နားလည်မိပါသည်။

စေတနာများ... မျှော်လင့်ခြင်းများ... လေးစားမှုများ... ရင်းနှီးမှုများ... ချစ်ခင်မှုများ... မုန်းတီးမှုများ... မနာလိုမှုများ... အမြင်ကပ်မှုများ... အားလုံးကို သူ လက်ခံထားပါသည်။

အီးမေးလ်မှ တဆင့်လည်းကောင်း... ဂျီတော့ခ်မှ တဆင့်လည်းကောင်း... တယ်လီဖုန်းမှတဆင့်လည်းကောင်း... စာအားဖြင့်လည်းကောင်း... တယောက်မှ တယောက် စကားလက်ဆင့် ပြောကြားခြင်းအားဖြင့်လည်းကောင်း... သူ့အား... ကောင်း/ဆိုး... ကျိုး/ပြစ်... ဝေဖန်ထောက်ပြ... အချွန်နှင့်-မ... အဆင်း ဘီးတပ်... သရဖူဆောင်း... အကောင်းချည့်ပြော... အားလုံးသောသူများအား... သူ ကျေးဇူးတင်ပါသည်။

တကယ်တော့ သူသည် လူသားဆန်သော လူ တယောက်သာ ဖြစ်ပါသည်။ သူသည် ဘုရား အလောင်း မဟုတ်ပါ။ သူသည် သူတော်စင် တယောက် မဟုတ်ပါ။ သူသည် တမန်တော် တပါး မဟုတ်ပါ။ သူသည် ဂျီးဆပ်စ် မဟုတ်ပါ။ သူသည် နိဗ္ဗာန်လမ်းကို မှန်းမျှော်ထားသူတယောက် မဟုတ်ပါ။ သူသည် လူသားများထဲမှ လူသား တယောက်သာ ဖြစ်ပါသည်။

သူသည် ပေးဝေနေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် တောင်းခံနေသူ တယောက်လည်း မဟုတ်ပါ။
သူသည် ဦးဆောင်နေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် နောက်လိုက် တယောက်လည်း မဟုတ်ပါ။
သူသည် လမ်းပြနေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် လမ်းပျောက်နေသူ တယောက်လည်း မဟုတ်ပါ။
သူသည် အကြံပေးနေသူ တယောက်လည်း မဟုတ်ပါ။ ထို့အတူ သူသည် အကြံဉာဏ် တောင်းခံနေသူ တယောက်လည်း မဟုတ်ပါ။

လို... တို... ရှင်း... ပြောရလျှင်... သူသည်... သူ့ လူသားဆန်မှုကို သူ့ဘ၀တခုလုံးနှင့် ရင်းနှီးပြီးခဲ့သော ကဗျာဆရာ တယောက်သာ ဖြစ်ပါသည်။

သူသည်... အောင်သာငယ်... ဖြစ်ပါသည်။ ထိုအမည်ကို သူ့ဘ၀တခုလုံးနှင့် ရင်းနှီးပြီးမှသာ သူ ရရှိခဲ့ပါသည်။
အောင်သာငယ်သည်... ကဗျာဆရာတယောက်... ဖြစ်ပါသည်။

ကဗျာဆရာတယောက်သည်... ခံစားချက်များအပေါ်တွင်... အသက်ရှင်သန်ပါသည်။ သူ့ ခံစားချက်များအပေါ် သူ အသက်ရှူသွင်း ရှူထုတ်သည့်အခါ... မုန်းတီးမှုများပါဝင်ပါမည်...။ ချစ်ခြင်းမေတ္တာများ ပါဝင်ပါမည်။

ချစ်ခြင်းမေတ္တာများ နှင်းမုန်တိုင်းလို ပိန်းပိတ်အောင် ကျနေသည့်အခါ... အချစ်ကဗျာ တပုဒ် သူ ရေးဖွဲ့မိသည်မှာ အပြစ်ပေလား...

အောင်သာငယ်-သည် သေသည်အထိ နိုင်ငံရေးဆန်သော ကဗျာများ ရေးဖွဲ့ရမည်လား... (နိုးဝေး... ဝေးစွ...)

လွန်ခဲ့သော ၂ နှစ်အတွင်းမှာ သည်အချိန်ကာလမှာ သူ တင်ခဲ့ဖူးသော ပို့စ် ၂ ခုကို သည်မှာ ပြန်တင်လိုက်ပါသည်။

သည်ပို့စ် ၂ ခုကို ဖတ်ရလျှင် အောင်သာငယ်-ဟူသော ကဗျာဆရာတယောက်၏ ဖြစ်တည်မှုနှင့် အတ္တကို နားလည်နိုင်ကြလောက်ပါသည်။

အောက်တွင် ဖော်ပြထားသည့်အတိုင်း ဖတ်ရှုကြပါ...

Jul 18, 2009
ဥသြဆွဲနေတဲ့ကဗျာ

အသံတွေ အသတ်ခံထားရတဲ့နေ့ဟာ
အသက်ရှည်နေဆဲပါပဲ...
ဘယ်အခါမှ သေဆုံးမသွားနိုင်တဲ့
နတ်ဘုရားတပါးလိုပါ့...

ဟောသည်နိုင်ငံမှာ
နေရာတကာ
စစ် အင်္ဂါ လေးပါး...
သံတိုင်နဲ့ နံရံများ...
မတရားသော ဥပဒေ...
ချိန်ရွယ်နေသော သေနတ်ပြောင်း...
ဘ၀ပေါင်းများစွာကို သတ်နေသော အကျဉ်းထောင်...
မီးမှောင်ချထားသော စစ်ကြောရေးစခန်း...
ပိတ်ဆို့ထားသောလမ်းများ...

သို့သော်လည်း
မည်သူမျှ အနိုင်မယူနိုင်သည့်
ဖြူစင်သော နှလုံးသားများ...
မည်သို့သော သေနတ်ကမျှ
ပစ်ခတ်မရနိုင်သော ယုံကြည်မှုများ...
မည်သို့သော ဓါးကမျှ
မဖြတ်ရှနိုင်သော စိတ်ဓါတ်များ...
ဤအရာများကလည်း
ငါတို့နိုင်ငံမှာ နေရာတကာ...

ခုပဲကြည့်လိုက်ပါ့...
အသတ်ခံရတဲ့နေ့ကိုပဲ
ငါတို့တွေ ပြန်မွေးခဲ့ကြတယ်...
ဥသြသံတွေ မကြားရတဲ့နေ့မှာ
ဥသြသံတွေကို ငါတို့ဆွဲလိုက်ကြတယ်...
အရှည်လျားဆုံးပေါ့...

ငါတို့ရင်ထဲမှာ...
ငါတို့ရဲ့ စာမျက်နှာတွေပေါ်မှာ...
အပြောကျယ်တဲ့ လယ်ကွင်းပြင်တွေမှာ...
နိုင်ငံတကာရဲ့ သတင်းတွေမှာ...
အလင်း ဖန်မျှင်တွေရဲ့ အဆုံးအစ မရှိမှုထဲမှာ...
ဒဗလျူသုံးလုံးနဲ့အင်တာနက်မှာ...
အီးမေးလ်နဲ့ ချက်တင်းတွေထဲမှာ...
ဘလော့ဂင်းနေကြတဲ့ စာမျက်နှာတွေပေါ်မှာ...
ဥသြသံတွေ ကြားနေရပါပြီ...

ကဲ... လာ...
အာဇာနည်တွေကို အလေးပြုကြပါစို့...

ATN

LINK

ဒါကတော့ နောက်တခုပါ...
အာဇာနည်နေ့မှာ စိတ်အနှောက်အယှက် ဖြစ်ရတာလေးပါ...
သည်မှာ ဖတ်ကြည့်ပါဦး

Jul 18, 2008

အာဇာနည်နေ့မှာ ကျနော် ၀မ်းနည်းပါတယ်ဗျာ

ရေးချင်တာလေးတခု စိတ်ထဲမှာ ပေါ်လာလို့ပါ။ ဘာရယ်လို့တော့လည်း မဟုတ်ပါဘူး။ သူငယ်ချင်း တယောက်က လာပြောနေလို့ပါ။ ခင်ဗျားဗျာ အာဇာနည်နေ့မှာ ဘာပို့စ်မှလည်း မတင်ဘူး၊ ဘာမှလည်း မရေးဘူး-လို့ ပြောလာလို့ပါ။ ဒီကြားထဲ သူငယ်ချင်း တယောက်ကလည်း - ဒီနေ့ အာဇာနည်နေ့လေဗျာ။ လေးစားတဲ့ အနေနဲ့ ဂျီတော့ခ်က ပုံကို ပြောင်းပါ- လို့ ပြောလာတယ်။ သူ့တို့ ပြောတာတွေ အားလုံးကို ကျနော် ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။ သူတို့ ပြောစရာ ဖြစ်အောင်ကလည်း ကျနော်က အာဇာနည်နေ့မှာ ဘာပို့စ်မှ မတင်နိုင်ခဲ့ပါဘူး။ ကျနော့် ဂျီတော့ခ်က ပုံကိုလည်း မပြောင်းခဲ့ပါဘူး။

ဒါပေမယ့် သူတို့ ပြောတာတွေကို နားထောင်ပြီးတော့ (တကယ်ကတော့ ဖတ်ပြီးတော့) ကျနော့် ဘာသာ ကျနော် စဉ်းစားနေမိတယ်။ ကျနော့် ဘလော့က မဆလခေတ်တုန်းက `မြ၀တီ`တို့ `ငွေတာရီ`တို့လိုမျိုး ရေးနေရတော့ မှာလားလို့ပါ။ တန်ခူးလ ဆိုရင် သင်္ကြန် အကြောင်း ကဗျာတပုဒ်၊ ပိတောက် အကြောင်း စာတပုဒ်၊ တန်ခူးလ ဆိုသည်မှာ အစချီပြီး ဆောင်းပါး တပုဒ်။ ကဆုန်လ ရောက်ရင် ညောင်ရေသွန်း ကဗျာတပုဒ်၊ ညောင်ပင် အကြောင်း စာတပုဒ်၊ ကဆုန်လ အကြောင်း ဆောင်းပါး တပုဒ်။ ဒီလိုနဲ့ ၁၂ ရာသီအတွက် ကျနော့်ဘလော့ပေါ်မှာ ရာသီစာတွေ ရေးနေရတော့ မှာလားလို့ပါ။

ဒါနဲ့ပဲ ကျနော်တို့ရဲ့ ဘလော်ဂိုစဖီးယားထဲ လှည့်လည် သွားလာကြည့်သေးတယ်။ အာဇာနည်နေ့အကြောင်း ရေးတဲ့သူလည်း ရေး၊ မရေးတဲ့သူလည်း မရေး။ မရေးတဲ့ သူတွေထဲမှာ နံမည်ကြီး ဘလော်ဂါတွေလည်း ပါပါတယ်။ မရေးတဲ့သူတွေက အာဇာနည်နေ့ အကြောင်းကို မရေးတဲ့ အကြောင်းတွေ ရှိမှာပါ။ ဥပမာ- ခရီးလွန်နေလို့။ အချိန်မရလို့။ မအားလို့ စသည်ဖြင့်။

နောက်တခု ဘလော်ဂါတွေရဲ့ ဂျီတော့ခ်ပေါ်က ပုံတွေကို ပြောင်းသလား မပြောင်းသလားကတော့ ကျနော်လည်း မသိပါဘူး။ ကျနော်နဲ့ ပြောနေနေကျ ဘလော်ဂါ ရောင်းရင်းတွေကတော့ ပုံတွေ မပြောင်းထားကြပါဘူး။ ကျနော့်မှာလည်း ကျနော် ကြိုက်တဲ့ ပုံ ၂ ပုံပဲ ရှိပါတယ်။ ရှဥ့်ကလေး တကောင် ပုံနဲ့၊ Avatar က ဂစ်တာပုံကလေး တပုံ။ ကျနော် နောက်ဆုံး ပြောင်းခဲ့တာက အဲဒီ ဂစ်တာနဲ့ ပုံကလေးပါ။

ဒါနဲ့ ကျနော်လည်း ဆက်စဉ်းစားမိနေသေးတယ်။

အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု မတင်တာနဲ့၊ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ `အောင်သာငယ်` တယောက်ကတော့ အာဇာနည်နေ့ကို မလေးစားဘူး၊ အသိအမှတ်မပြုဘူးလို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်၊

သို့မဟုတ်

ဘယ်ဘလော်ဂါပဲဖြစ်ဖြစ် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု တင်ရင်၊ ဒါမှမဟုတ် သူတို့ ဂျီတော့ခ်က ပုံကို ပြောင်းလိုက်ရင် သူတို့ဟာ အာဇာနည်နေ့ကို လေးစားတယ်၊ အသိအမှတ်ပြုတယ်လို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်။

တခုခုတော့ မှားနေပြီလို့ ကျနော် ထင်ပါတယ်။

စာတွေကိုတော့ လူတိုင်းဖတ်လို့ ရပါတယ်။ ဘလော့ပေါ်မှာ ဖြစ်ဖြစ်။ အီးမေးလ်ထဲမှာဖြစ်ဖြစ်။ ဂျီချက်ပေါ်မှာ ဖြစ်ဖြစ်။ စာအုပ်တခုပေါ်မှာ ဖြစ်ဖြစ်။ ဗမာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ်။

ဒါပေမယ့် ရင်ဘတ်ထဲမှာ ဘာရှိနေတယ်ဆိုတာ ရင်ဘတ်ရှိတဲ့သူတွေချင်းပဲ ဖတ်နိုင်ကြတာပါ။

`အောင်သာငယ့်`ရင်ဘတ်ထဲမှာ ဘာရှိတယ်ဆိုတာ အာဇာနည်နေ့မှာ ပို့စ်တခု မတင်တာနဲ့၊ အာဇာနည်နေ့မှာ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ အဆုံးအဖြတ်ပေးမယ်ဆိုရင်-

ကျနော် `အောင်သာငယ်`အနေနဲ့ - ၀မ်းနည်းပါတယ်ဗျာ-လို့ကလွဲရင် -----

ဘာပဲဖြစ်ဖြစ်လေ ဒီပို့စ်ကလည်း အာဇာနည်နေ့နဲ့ ပတ်သက်နေတဲ့ ပို့စ်တခု ဖြစ်သွားပြီပေါ့ မဟုတ်ဘူးလား။

ATN

Jul 17, 2010

သူသည် ၂၄ နှစ်သား လူငယ် တယောက်သာ ဖြစ်ပါသည်


















ယနေ့ မနက်တော့ မိုးမလင်းခင်မှာပဲ သူ နိုးလာသည်။ ခြေရင်းမှာ ထားထားသော ဆိုနီအမှတ်တံဆိပ် ဒစ်ဂျစ်တယ် နာရီကို အမှောင်ထဲမှာ လှမ်းကြည့်လိုက်တော့ အစိမ်းရောင် နံပတ်များက မနက် ၃ နာရီ ၅၅ မိနစ်ကို ဖော်ပြနေသည်။ "အင်း... အစောကြီး ရှိသေးတာပဲ... " သူ့ဘာသာတွေးရင်း ကိုယ်ပေါ်မှ စောင်ကို ခွာကာ အိပ်ယာမှ ထလိုက်သည်။ ခေါင်းရင်းမှ မီးခလုပ်ကို မဖွင့်ပဲ အိပ်ခန်း တံခါးကို အမှောင်ထဲမှာ ဖွင့်ကာ သူ ထွက်လာသည်။ ရေချိုးခန်းထဲ ရောက်တော့မှသာ နံရံက မီးခလုပ်ကို စမ်းကာ သူ ဖွင့်လိုက်သည်။ ၀ပ်-တရာ-အား ရှိသော အဖြူရောင် မီးသီး ၄ လုံးက အမှောင်နှင့် သဟဇာတ ဖြစ်နေသော သူ့မျက်လုံးများကို ရုတ်တရက် ကျိန်းစပ်သွားစေလေတော့သည်။ ( ... အမှောင်ထဲမှာ အနေကြာလာသည့်အခါ မျက်လုံးများက အလင်းကို ကျင့်သားမရပါ...  × စကားချပ်...) မျက်မှောင်ကို ကြုပ်ထားလိုက်ရင်းက လျှပ်စစ်မီး၏ အလင်းစများကို တဖြည်းဖြည်းချင်း သူ့မျက်လုံးထဲကို သွင်းယူလိုက်ရသည်။ မျက်မှောင် ကြုပ်ထားဆဲမှာပင် လက်ဆေးကန် ရှေ့က မှန်ထဲမှာ သူ့ကိုယ်သူ မြင်လိုက်ရသည်။ သူ့မျက်မှန် ပါမလာပေမင့် မျက်မှောင်ကြုပ်ထားသည့်ကြားက ၀ိုးတ၀ါး မြင်နေရသည့် သူ့မျက်နှာသည် အတော့ကို အိုစာနေလေပြီ။ ပါးရိုးတွေ ကျပြီး နားထင် နှစ်ဖက်က ချိုင့်ခွက်ဝင်နေသည်ကို သူ  မြင်နေရသည်။ ခုသည် နှစ်လ အတွင်းမှာ သူ အတော် ပိန်ကျသွားပုံရသည်။ မှန်ထဲတွင် မြင်နေရသည့် သူ့မျက်နှာက ဤအချက်ကို သက်သေပြနေသည်။ လွန်ခဲ့သော ၂၂ နှစ်က အိမ်ကို သူ ကျောခိုင်း ထွက်ခွာလာခါစ ကာလတုန်းကလို မျက်နှာမျိုး မဟုတ်တော့တာ သေချာနေသည်လေ။ လွန်ခဲ့သော ၂၂ နှစ်က ရှိခဲ့ဖူးသော မျက်လုံး တစုံကို လွန်ခဲ့သော ၂၂ နှစ်တုန်းက အိမ်ကို ကျောခိုင်းထွက်ခွာခဲ့သော မျက်နှာ တခုပေါ်မှာ သူ ပြန်မတွေ့ရတော့။ အပြာရောင် မသမ်းသည့်တိုင် အနီရောင်လည်း မသမ်းခဲ့သော ထို အဖြူရောင် မျက်လုံးများ သူ့မှာ မရှိတော့ပါ။ ခုတော့ သူ့မျက်လုံးများက အနီရောင်သမ်း-လို့... ။ သူ့ မျက်လုံးများ အောက်မှာ ဘယ် အချိန်ကမှန်း မသိ ရောက်လာနေသည့် မျက်ရစ် ၂ ခုကလည်း ဇရာကို ခြံဝင်း ခတ်ပြထားသလိုမျိုး... ။ ထို မျက်ရစ် ၂ ခုအောက်မှ ပါးရိုး ပေါ်မှာလည်း သွေ့ခြောက် ကြမ်းတမ်း လာနေသော အရေပြား တချို့က... သိသိသာသာ ဇရာကို အချက်ပြလျှက်... ။ သူ့ နဖူးပေါ်မှ အရေပြား အတွန့် ၂ ကြောင်းကလည်း ဇရာကို မောင်းခတ် ကြေငြာနေလေသည်လား... ။ သူ့ နဖူးအစပ်မှာ မြင်နေရသော ဆံပင်ဖြူ တချို့ကလည်း ဆံမည်းတွေကြားထဲမှာ ကျိုးတို့ကျဲတဲ... ဒါ... ဇရာ-ပဲကွ လို့ အလံထူပြနေသလိုမျိုး... " အိုး... ဘာပဲဖြစ်ဖြစ်... ငါ... ဟာ...၂၄ နှစ်ပဲ ရှိပါသေးတယ်... ... " သူ့ဘာသာ စိတ်ထဲမှာ ပြောရင်း သွားပွတ်တံပေါ် သွားတိုက်ဆေး တချို့ကို ညှစ်ချလိုက်ရင်း ရေချိုးကန်ထဲသို့ သူ ၀င်လိုက်သည်။ (သူသည် ၂၄ နှစ်သား လူငယ်တယောက်သာ ဖြစ်ပါသည်...)

Jul 5, 2010

မျှော်လင့်ခြင်းကွင်းပြင်

သည်ကွင်းပြင်ကြီးကို... တို့ဖြတ်ဖူးတယ်...
သည် မြက်ပင်များအပေါ်... တို့နှစ်ယောက်အတူ... လျှောက်ဖူးတယ်...
သည်ကွင်းပြင်ကြီးထဲ... မိုးတိမ်တွေ... အမြဲပျံသန်း...
ကြည်နူးစရာဘ၀ပေါ့... မင်းလေးနဲ့... ဟိုးတချိန်က...
တို့နှစ်ဦးသား... အချစ်ကို... တန်ဖိုးထားကြတယ်...

သည်ကွင်းပြင်ကြီးဟာ... အခုဆို လွမ်းစရာ...
သည်မြက်ပင်စိမ်းတွေ... ခြောက်သွေ့ကာ... ညိုမည်းနေ...
သည်ကွင်းပြင်ကြီးလည်း... ဟိုးအရင်လို... မလှတော့ဘူး...
ရင်ထဲမှာ... အဆွေးများ... မင်း... ထားပစ်ကာ... ထွက်သွား...
တို့နှစ်ဦးသားဘ၀ဟာ... ကမ္ဘာကြီး... ခြားထားသလို... ...

တို့... မသိနိုင်ဘူး... ကံတရားရဲ့... အင်အားကို...
အဝေးဆုံးချစ်သူတိုင်းပဲ... ပြန်နီးဖို့... မျှော်လင့်နေ...
အချစ်ဆုံး... ချစ်သူတိုင်း... အို... အလွမ်းဆုံး... ဘ၀ရှိမယ်...
အချစ်ဟာ... ကြည်နူးစရာ... အို... လွမ်းစရာ... တခါဖြစ်မြဲ...

ကိုယ်လေ... စောင့်မျှော်ဆဲပါ... မင်း... လာမယ့်နေ့...
တကယ်... နားလည်မှုနဲ့... မင်း... ကိုယ့်ထံ... ပြန်မယ့်နေ့...
ကြေကွဲစရာများနဲ့... တခြားနေရာမှာ... မင်း...ပျော်မလား...
ငါ... လွမ်းသလို... မင်းလည်း... အမြဲတမ်းတနေမှာပဲ...
မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်ရအောင်...

ကိုယ်လေ... စောင့်မျှော်ဆဲပါ... မင်း... လာမယ့်နေ့...
တကယ်... နားလည်မှုနဲ့... မင်း... ကိုယ့်ထံ... ပြန်မယ့်နေ့...
ကြေကွဲစရာများနဲ့... တခြားနေရာမှာ... မင်း...ပျော်မလား...
ငါ... လွမ်းသလို... မင်းလည်း... အမြဲတမ်းတနေမှာပဲ...
မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်ရအောင်...

မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်... ရ... အောင်...

ကိုယ်ရေးရာဇ၀င်

ရေး - မောင်သစ်မင်း
ဆို - အငဲ

ငါ့အတွေးများလည်း... မီးခိုးတွေ... အူ...
လေးဖက်လေးတန်... အခန်းငယ်ထဲ...
ငါစောင့်စားခဲ့တဲ့... နေ့ရက်တို့... နံရံတွေအပေါ်... ဖြတ်သွား...
ဒီမျက်နှာကြက်ပေါ်ကနေ... တွဲခိုနေ... မီးအိမ်တလုံး...
ငါ့ဘ၀အတွက်... သည်ဒဏ်ရာတွေကို... ကြည့်နေသလား...
ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

ငါ... တံခါးရွက်တွေကို... ဖွင့်ထားပြီး...
သီချင်းဟောင်းတပုဒ်ကို... ညည်းဆိုရင်း...
ထိုင်ခုံအိုပေါ်... ထိုင်နေဆဲ... လာပါ... သူငယ်ချင်း...
ခံစားချက်ကလေးများ.. ကုန်ပြီ... ကုန်ခမ်းပြီ...
နံရံ... မျက်နှာကြက်နဲ့... ကြမ်းပြင်အကြား...
သည်အခန်းထဲက... အပြင်မထွက်လိုဘူး...
ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

Jul 4, 2010

ထပ်မဝေးဘူး

ရေး - ကေအေတီ
ဆို - အငဲ

ညတရေးနိုး... လမင်းကြီး... မြင်တော့မှ... ကိုယ်ယောင်ရမ်းပြီး...
အရင်တုန်းက... အခုညမျိုး... ကိုယ်ပြန်အောက်မေ့... အို... ဘယ်သူမှ... မရှိ...
အချိန်တွေ... နောက်ပြန်လည်... အိမ်ပြန်ရောက်ချင်တယ်...
ကြာရင်... ခက်မယ်... မဖြစ်သေးဘူး...
အခုတော့... ရှင်လျက်သာ... အသက်... မရှိသူ... (ရေ့....)

ကြယ်စင်များ... ရေတွက်လို့... အရောက်... ပြန်ခဲ့မယ်...
အိပ်မက်များ... ပြန်ရနိုး... ကြိုနှင့်ဦး...
ကံဟာ... ဆန်းကြယ်... တို့နှစ်ဦးကြား...
အကြိမ်ကြိမ်... လွဲချော်ခဲ့ပြီးသား...
သည်တခါတော့... တို့နှစ်ယောက်... ထပ်မဝေးဘူး...
ကိုယ့်ရဲ့... ကတိနဲ့... အချစ်တို့... ယူ... ...

အမှောင်ထဲသို့... လမင်းတိုးဝင်... တယောက်တည်းမို့... ကိုယ်ထင်တိုင်း... အားငယ်...
မဟုတ်သေးဘူး... ဒါဟာ... အမြဲမဟုတ်ဘူး... မျှော်လင့်ချက်လည်း... မကုန်သေးဘူး...

အချိန်တွေ... နောက်ပြန်လည်... အိမ်ပြန်ရောက်ချင်တယ်...
ကြာရင်... သိပ်ခက်တော့မယ်... မဖြစ်သေးဘူး...
အခုတော့... ရှင်လျက်သာ... အသက်... မရှိသူ... (ရေ့....)
ကြယ်စင်များ... ရေတွက်လို့... အရောက်... ပြန်ခဲ့မယ်...
အိပ်မက်များ... ပြန်ရနိုး... ကြိုနှင့်ဦး...
ကံဟာ... ဆန်းကြယ်... တို့နှစ်ဦးကြား...
အကြိမ်ကြိမ်... လွဲချော်ခဲ့ပြီးသား...
သည်တခါတော့... တို့နှစ်ယောက်... ထပ်မဝေးဘူး...
ကိုယ့်ရဲ့... ကတိနဲ့... အချစ်တို့... ယူ... ...


အချိန်တွေ... နောက်ပြန်လည်... အိမ်ပြန်ရောက်ချင်တယ်...
ကြာရင်... သိပ်ခက်တော့မယ်... မဖြစ်သေးဘူး...
အခုတော့... ရှင်လျက်သာ... အသက်... မရှိသူ... (ရေ့....)
ကြယ်စင်များ... ရေတွက်လို့... အရောက်... ပြန်ခဲ့မယ်...
အိပ်မက်များ... ပြန်ရနိုး... ကြိုနှင့်ဦး...
ကံဟာ... ဆန်းကြယ်... တို့နှစ်ဦးကြား...
အကြိမ်ကြိမ်... လွဲချော်ခဲ့ပြီးသား...
သည်တခါတော့... တို့နှစ်ယောက်... ထပ်မဝေးဘူး...
အိုး... ... 
စိတ်ချပါ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...
အိပ်မက်တွေ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...

(ဟေး... ... ... ... )




(သည်တခါ တို့နှစ်ယောက် ထပ်မဝေးတော့ပါဘူး... “နှင်း”ရေ့... )